ဟိုတနေ့က 7 days မှာ သတင်းတစ်ခုဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ လောင်းကစားလုပ်ငန်းဖွင့်ဖို့ ဥပမဒေလုပ်တော့မယ်တဲ့။ အဲတော့ လောင်းကစားရုံတွေ ရှိလာတော့မယ်ဆိုတဲ့ သဘောပေါ့နော်။ စီးပွားရေးလုပ်ငန်းတွေများလာတာတော ၀မ်းသာပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေရဲ့ အသုံးအစွဲကြီးပုံ၊ တခါနိုင်ပြီးရင် နောက်ထပ်တစ်ခါနိုင်မယ်အထင်နဲ့လုပ်ပုံတွေ နဲ့ ပိုင်ရှင်ကလည်း ငွေရရင်ပြီးရော ကိုယ့်လူမျိုးဘာပဲဖြစ်ဖြစ် ဂရုမစိုက်တတ်တဲ့ အကျင့်တွေနဲ့ လူတွေဘယ်လောက် လောင်းကစားလုပ်လို့ မွဲကြဦးမလဲမသိ။

မွန်လေးကြားဖူးတာပြန်ရှယ်မယ်နော်။ နိုင်ငံတိုင်းမှာ လောင်းကစားဆိုတာရှိပါတယ်။ လောင်းကစား မရှိတဲ့နိုင်ငံရယ်လို့ ကမ္ဘာမှာမရှိသေးဘူးထင်တယ်နော်။ အနီးဆုံးပြောရရင် စင်ကာပူ။ စင်ကာပူမှာ လောင်းကစားပွဲရုံကြီးကရှယ်မှရှယ်ပဲ။ ဒါပေမဲ့သူတို့ကစည်းကမ်းရှိတယ်။ ကိုယ့်လူမျိုးကိုပြန်ကြည့်တယ်။ ကိုယ့်လူမျိုးလာဆော့မယ်ဆို ၀င်ကြေးက အာလား…ဈေးကေ တ်ာတော်ကောင်းတာ..တိုင်းတပါးသားဆို ၀င်ကြေးက ဖရီးဗျာ။..လူတွေဆိုတာ ဖရီးရရင် အကုန်လိုချင်ကြတာပဲလေ..မဟုတ်လား..အဲတော့ စလုံးကအစိုးရက ၀င်ငွေရှာကောင်း တယ်.ဒါမဲ့ ကိုယ့်လူမျိုးဆင်းရဲအောင်ဘယ်တော့မှမလုပ်ဘူး..တော်တော်..တော်တဲ့အစိုးရပါ။ အဲလိုကြောင့်လည်း နိုင်ငံကြီးတိုးတက်နေတာ။ နိုင်ငံတိုးတက်ဖို့ဆိုတာ အစိုးရတစ်ယောက်၊ တစ်ဖွဲ့တည်း စားနိုင်သောက်နိုင်နေလို့မရပါဘူး။ ကိုယ့်လူမျိုးတွေအကုန် စားနိုင်သောက်နိုင်မှ သာ တိုးတက်ကြီးပွားနိုင်မယ်လို့ထင်ပါတယ်။ လောင်းကစားရုံတွေမဖွင့်စေချင်လို့ပြောတာမ ဟုတ်ပါဘူး။ သူများနိုင်ငံကကျင့်သုံးပုံလေးတွေ မျှဝေချင်ရုံသက်သက်ပါ။

မွန်လေးကတော့ ပိုက်ဆံကုန်မယ့်အလုပ်ဆို..ဘာတစ်ခုမှမလုပ်ပါ။ စိတ်လည်းမ၀င်စားပါ။ အဲတော့ လောင်းကစားရုံတွေဘယ်လောက်များများ.သွားမှာလည်းမဟုတ်ပါ။ သွားခဲ့ရင်တောင် ကိုယ့်အတွက်ဘာပြန်ရမလဲ..အနည်းဆုံး သကြားလုံးလေးတွေကောက်ပြီးတော့ ပြန်လာခဲ့မှာပဲ။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 303 post in this Website..