Psychopath နဲ ့ Sociopath

၂ မျိုးလုံးကတော့ အချို ့အရာတွေမှာ တူညီတဲ့ အချက် ရှိကြတယ်
သာမန် အားဖြင့်တော့ Sociopath တွေဟာ Psychopath တွေ
လောက်တော့ သိပ်မဆိုးဘူးလို ့ဆိုတယ် Psychopath တွေက
ဒုစရိုက်မှုကို ကျူးလွန်ဖို ့ ဥပဒေနဲ ့မကင်းတာကို လုပ်ဆောင်ဖို ့
အလားအလာက ပိုပြီး မြင့်မားနေတတ်တယ်

Psychopath
=========
Psychopath တွေဟာ တဖက်သားကို နစ်နာအောင် လုပ်ရာမှာ
ဘယ်သောအခါမှ အပြစ်ရှိတယ်လို ့ မခံစားတတ်ကြသလို အချိန်
တွေ ကုန်လွန်ပြီးတဲ့ နောက်မှာလည်း မိမိ ပြုလုပ်ခဲ့တဲ့ ကိစ္စတွေ
ရဲ ့ ဘယ်လို အကျိုးဆက်ပဲ ရှိသည်ဖြစ်စေ စိတ်မဝင်စားကြဘူး

Psychopath တွေရဲ ့အလေ့အထတွေဟာ

# ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ အပြစ်ရှိတယ်လို ့ ဘယ်တော့မှ
မခံယူဘူး ဘယ်တော့မှလည်း နောင်တ မရကြဘူး

# စာနာ သနား ညှာတာစိတ် လုံးဝ ကင်းရှင်းတယ်

# နက်ရှိုင်းတဲ့ စိတ်ခံစားမှု လုံးဝ ကင်းရှင်းတယ်

# Narcissism သမား စစ်စစ် ဖြစ်တယ် (Greek mythology ထဲ
မှာပါတယ် ရေထဲမှာ ပေါ်နေတဲ့ ကိုယ့်ရဲ ့ပုံရိပ်နဲ ့ ချစ်ကျွမ်းဝင်နေ
တဲ့ Narcissus ဆိုတဲ့ လူ လိုမျိုး)

# အပေါ်ယံ ဟန်ဆောင်မှုအား အရမ်းကောင်းတယ်

# မရိုးဖြောင့်ကြဘူး (စကားပြောရင်တောင် ကွေ ့ကောက်)

# စိတ်ကို ထိမ်းချုပ်နိုင်စွမ်း အရမ်းကောင်းကြတယ်

# ဘေးအန္တရာယ်ကို ကြောက်ရွွံ ့ခြင်း လုံးဝ မရှိကြဘူး

Sociopath
========
သူတို ့တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး အလွန်ကို ညံ့ဖျင်းတဲ့
ကာရိုက်တာကို ပိုင်ဆိုင်ထားတတ်ကြတယ် တစိမ်းတရံစာ အပေါ်
ထိခိုက် နစ်နာအောင် လုပ်ဖို ့ ဝန်မလေးတတ်ကြသလို လုပ်ပြီးရင်
လည်း နောင်တရတယ်လို ့ အပြစ်ရှိတယ်လို ့ ဘယ်တော့မှ မခံစား
တတ်ကြပေမဲ့ သူတို ့ချစ်ခင်တဲ့ သူတွေအပေါ် နစ်နာအောင် လုပ်
ခဲ့မိရင်တော့ နောင်တ (သို ့) အပြစ်လုပ်မိတယ်လို ့ ခံစားကောင်း
ခံစားတတ်ကြတယ် အချိန်ကာလကြာတဲ့ အခါမှာ လူမှုဆက်ဆံရေး
ညံ့ဖျင်းမှုတွေ အပြုအမူတွေ နည်းပါးလျော့ကျ သွားတတ်တာမျိုး
လည်း ရှိတတ်တယ် ဒါပေမဲ့လည်း အဲဒီလို လျော့နည်းသွားတာကို
ကောင်းမွန်တဲ့ ရလာဒ်တွေ ရှိလာတာကိုတောင်မှ အမှန်တရားကို
လက်မခံပဲ ငြင်းဆန် နေတတ်ကြတယ်

အသက်အရွယ် အားဖြင့် ၁၈ နှစ် ကျော်လွန်လာပြီးတဲ့ အခါမှသာ
Sociopath ဟုတ်မဟုတ်ရယ်လို ့ သတ်မှတ်ကြပေမဲ့ အချို ့တွေ
ဟာ အသက် ၁၅ နှစ် အရွယ်လောက်ကစပြီး Sociopath ဆန်
ဆန် အပြုအမူမျိုးတွေ လုပ်ဆောင်လာတာ စတင် တွေ ့မြင်နိုင်
တဲ့ အနေအထားမျိုးလည်း ရှိတတ်ကြတယ်

Sociopath တွေရဲ ့ အလေ့အထတွေဟာ

# ဥပဒေမဲ့ လုပ်ရပ်ကို အကြိမ်ကြိမ် ကျူးလွန်တတ်တယ်

# မုသားစကား ၊ လိမ်ညာခြင်းတို ့ကို မကြာခဏ ပြုလုပ်တယ်

# ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အထူး နှစ်သက်ကြတယ်

# မိမိကိုယ်ကို ဒါမှမဟုတ် တပါးသူရဲ ့အန္တရာယ်ကို လုံးဝ လစ်လျု
ရှုထားတတ်ကြတယ်

# အလုပ်နဲ ့ကိုယ်ရေး ကိုယ်တာကို အမြဲတမ်း ရောထွေးကြတယ်

# တာဝန်ယူတတ်မှု အသိစိတ်ဓါတ် လုံးဝ မရှိကြဘူး

# နောင်တ သို ့မဟုတ် အတိတ်က အရိပ်ဆိုတာ သူတို ့နဲ ့မဆိုင်

Mr. Brooks တို ့ Dexter တို ့ အစရှိတဲ့ ရုပ်ရှင် ကြည့်ဖူးသူတွေ
သိကြလိမ့်မယ် အဲဒီ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဟာ တူညီ
တဲ့ စိတ်နေ စိတ်ထားမျိုးတွေ ရှိကြတယ် သွေးအေးတယ် ညဏ်ထက်
တယ် အကင်းပါးကြတယ် ပြီးတော့ လူသတ်တဲ့ အခါ အလွန်တည်ငြိမ်
ပြီး ဘာ ခံစားချက်မှ မပါပဲ လုပ်နိုင်ကြတယ် လူသတ်ကြတယ် ဆိုတဲ့
အနေနဲ ့ကြည့်ရင် သူတို ့တွေဟာ ကြောက်ဖို ့ကောင်းတယ် ဆိုတာ
သိလာတာထက် ပိုပြီး ကြောက်ဖို ့ ကောင်းတဲ့ အချက်ဟာ အဲဒီလို
လူစားမျိုးတွေဟာ လူ ့အဖွဲ ့အစည်းထဲမှာ လူတွေကြားထဲမှာ
ကိုယ့်ရဲ ့ ပါတ်ဝန်းကျင်မှာ ရှိနေခဲ့မယ် ဆိုရင် ဆိုတဲ့ အချက်ပဲ

အဲဒီလို လူစားမျိုးတွေကို Psychopath ဒါမှ မဟုတ် Sociopath
လို ့ခေါ်ကြ ပေမဲ့ ဒီထက် ပိုပြီး နက်နဲအောင် ပြောမယ် ဆိုရင်တော့
စိတ်ရောဂါသည်တွေ (အရူးတွေ) ဖြစ်တယ်

အဲဒီ စိတ်ရောဂါ ၂မျိုးကို ခွဲခြားနိုင်တဲ့ စံ ဆိုတာဟာ အဲဒီ ရောဂါကို
ဘယ်လို ရလာကြသလဲ ဆိုတာပေါ် မူတည်တယ် မွေးကတည်းက
ဦးဏှောက် မှာ ပြသာနာ ရှိခဲ့တယ် ဆိုရင်တော့ Psychopath လို ့
ခေါ်နိုင်ပြီး ၊ ကြီးပြင်းလာတဲ့ ဘဝမှာ Trauma Experienced တွေ
ရိုက်ခက် ခံရလို ့ စိတ်ရောဂါ ရခဲ့တယ် ဆိုရင်တော့ Sociopath လို ့
ခေါ်ဆိုနိုင်တယ်

Psychopath နဲ ့ Sociopath ဆိုတဲ့ စကားရပ်ကို ဒီထက်ပိုပြီး
အသေးစိတ် ခွဲခြမ်း ကြည့်မယ် ဆိုရင် Psych (စိတ်ပိုင်းဆိုင်ရာ)
နဲ ့ Pathy (ရောဂါ) ကို ပေါင်းစပ်ထားသလို Socio( လူမှု) ဆိုတဲ့
စကားရပ်နဲ ့ Pathy (ရောဂါကို ပေါင်းစပ်ထားတာ ဖြစ်တဲ့ အတွက်
Psychopathy တွေဟာ ပါတ်ဝန်းကျင်ရဲ ့ရိုက်ခတ်မှုကြောင်း ဖြစ်
ပေါ်လာတဲ့ စိတ်ရောဂါမျိုး မဟုတ်ပဲ နဂိုမူလကိုက Mental ပိုင်းနဲ ့
ဆိုင်တဲ့ ပြသာနာ ကြီးမားသူတွေ ဖြစ်ကြပြီး Sociopath တွေဟာ
ပါတ်ဝန်းကျင်ရဲ ့ရိုက်ခတ်မှု ဒဏ်ကြောင့် စိတ်ရောဂါ ရှိခဲ့သူတွေ
လို ့ ဆိုနိုင်တယ်

​​
ပြီးခဲ့တဲ့ ရက်က တက္ကသိုလ်က ကထိက ရာထူး နဲ ့အမျိုးသမီးက
အတိုင်ပင်ခံကို ဆဲဆို စိန်ခေါ်တာကို တွေ ့ပြီး ဒီစာကို ရေးဖြစ်တာ
ကိုယ်တွေရဲ ့ပါတ်ဝန်းကျင်မှာ အထူးသဖြင့် ပညာရေး သင်ကြားရေး
လောကထဲမှာ Psychopath တွေ Sociopath တွေ ဘယ်လောက်
များပြားစွာ ဝင်ရောက် အမြစ်တွယ်နေသလဲ ဆိုတာကို တွေးမိတယ်

ကျောင်းသားကို ရိုက်နှက်ရမှ အာသာပြေတတ်တဲ့ ၊ ဗိုက်ခေါက်ကို
အသားပေါက်အောင် လိမ်ဆွဲတတ်တဲ့ ၊ လူမဆန်တဲ့ ဒဏ်ပေးနည်း
နဲ ့ ဒဏ်ပေးတတ်တဲ့ ၊ လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ လုပ်တတ်တဲ့ ၊
ကျောင်းသူ ကျောင်းသားကို ကိုယ့်လုပ်စာ ထိုင်စားနေတဲ့ ပုံစံနဲ ့
ဆက်ဆံတတ်တဲ့ ဆရာတွေ ဆရာမတွေ ဘယ်လောက်တောင်
များနေသလဲ တွေးမိတယ်

အရင်ထဲကလည်း သတင်းတွေ ဖတ်ခဲ့ဖူးပေမဲ့ ကို်ယ်တိုင်လည်း
ကျောင်းသား ဘဝကို ကျော်ဖြတ်လာတဲ့ အတွက် အဲဒီလိုမျိုး
စိတ်ရောဂါ ရှိနေတဲ့ ကျောင်းဆရာ ဆရာမတွေ သင်တန်းဆရာ
ဆရာမတွေ အများကြီး ကြုံတွေ ့ခဲ့ရဖူးတယ်

မနေ ့ကလည်း ကိုရီးယားကို အလုပ်သွားလုပ်ချင်တဲ့ လုပ်သား
လောင်းတွေကို ကိုရီးယားစာ သင်ပေးတဲ့ နာမည်ကြီး ဘာသာ
စကား သင်တန်းကျောင်း တခုရဲ ့စာသင်ပေးတဲ့ ဗီဒီယို တခုကို
ကြည့်မိတာ အရွယ်ရောက်ပြီးသားဖြစ်တဲ့ သင်တန်းသားတွေကို
သုံးနှုံး ဆက်ဆံတဲ့ စကားလုံး နဲ ့ အပြောအဆို ပုံစံတွေကိုကြည့်ရ
တာ အလွန်ကို စိတ်မချမ်းသာစရာ ကောင်းလွန်းလှတယ်

ပညာဒါန သင်တန်းလည်း မဟုတ် …ဟုတ်ခဲ့ရင်တောင်မှပဲ
ငါက ဆရာ ဆိုတဲ့ ဆရာကြီး အထှာနဲ ့ သင်တန်းသားတွေကို
နှပ်ချေးတွဲလောင်းနဲ ့ကလေးတွေကို စာသင်သလိုမျိုးတော့
ဆက်ဆံစရာ မလိုလောက်ဘူး ထင်တယ် လာတက်တဲ့
သင်တန်းသားတွေဟာလည်း အနယ်နယ် အရပ်ရပ်ကနေ
နိုင်ငံခြား သွားပြီး အလုပ်လုပ်ခွင့် ရဖို ့အရေး ကိုယ်ကမသိ
မတတ်တဲ့ ဘာသာစကားကို ငွေပေးပြီး သင်နေကြပေမဲ့
မသိရင် ကြိမ်လုံး ကိုင်ပြီး တကျောင်းလုံးကို ပတ်ကျိမ်းဝါး
နေတဲ့ ကျောင်းအုပ်ကြီးကို ကြောက်နေကြတဲ့ ကျောင်းသား
တွေလိုပဲ

ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့ စကားအတိုင်း အတတ်ပညာ
တစုံတရာ တတ်သိတယ် ဆိုတာ သင်ခဲ့လို ့တတ်တာ သိတာ
မွေးကတည်းက ဘယ်သူမှ ဘာမှ မသိကြတဲ့ အတွက် သူတပါး
မသိတာ မတတ်တာကို ကိုယ်က သိနေတယ် တတ်နေတယ်လို ့
ဆိုပြီး Genius လိုလို Geek လိုလို God လိုလို ဘဝကြီး လုပ်နေ
တတ်တဲ့ စိတ်ရောဂါသည်တွေလည်း သင်ကြားရေး လောကမှာ
အများကြီး ရှိနေတယ်

ဒီ နိုင်ငံမှာ အတတ် ပဲ သင်သင် ပညာပဲ သင်သင် ဘာပဲ သင်သင်
စိတ်ရောဂါ ရှိမရှိ စမ်းသပ် စစ်ဆေးပြီးမှ သင်ကြားခွင့် လက်မှတ်
ထုတ်ပေးတဲ့ အဲဒီ လက်မှတ် ရှိမှ သင်ကြားပေးခွင့် ရှိတဲ့ PCL-R
Psychopathy Checklist—Revised မျိုးတွေကို နိုင်ငံတော်
အဆင့် အရေးကြီး အကြောင်းအရာ အဖြစ် သတ်မှတ်ပေးဖို ့
လိုအပ်နေပြီလို ့ ယူဆမိတယ်

3 comments

  • Shar Thet Man

    April 5, 2019 at 4:40 pm

    မြင့်တယ်

  • ဇီဇီ

    April 11, 2019 at 12:11 pm

    ဟုတ်တယ်။
    ကျောင်းဆရာတွေက စပြီး
    အမှန်တော့ နယ်ပယ်စုံမှာ ရှိတဲ့ အစိုးရ ဝန်ထမ်းတွေ အတွက်ရော၊
    လက်နက်ကိုင် အဖွဲ့အစည်းမျိုးတွေမှာပါ အဲဒီလို Psychopathy Checklist နဲ့ စစ်ချရင် ကောင်းမယ်။

    Thank you for the post.

    🙂

  • kai

    April 14, 2019 at 3:38 am

    ပထမ.. ဒုတိယ… တတိယ…

Leave a Reply