၂ မျိုးလုံးကတော့ အချို့ အရာတွေမှာ တူညီတဲ့ အချက် ရှိကြတယ်
သာမန် အားဖြင့်တော့ Sociopath တွေဟာ Psychopath တွေ
လောက်တော့ သိပ်မဆိုးဘူးလို့ ဆိုတယ် Psychopath တွေက
ဒုစရိုက်မှုကို ကျူးလွန်ဖို့  ဥပဒေနဲ့ မကင်းတာကို လုပ်ဆောင်ဖို့ 
အလားအလာက ပိုပြီး မြင့်မားနေတတ်တယ်

Psychopath
=========
Psychopath တွေဟာ တဖက်သားကို နစ်နာအောင် လုပ်ရာမှာ
ဘယ်သောအခါမှ အပြစ်ရှိတယ်လို့  မခံစားတတ်ကြသလို အချိန်
တွေ ကုန်လွန်ပြီးတဲ့ နောက်မှာလည်း မိမိ ပြုလုပ်ခဲ့တဲ့ ကိစ္စတွေ
ရဲ့  ဘယ်လို အကျိုးဆက်ပဲ ရှိသည်ဖြစ်စေ စိတ်မ၀င်စားကြဘူး

Psychopath တွေရဲ့ အလေ့အထတွေဟာ

# ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ အပြစ်ရှိတယ်လို့  ဘယ်တော့မှ
မခံယူဘူး ဘယ်တော့မှလည်း နောင်တ မရကြဘူး

# စာနာ သနား ညှာတာစိတ် လုံးဝ ကင်းရှင်းတယ်

# နက်ရှိုင်းတဲ့ စိတ်ခံစားမှု လုံးဝ ကင်းရှင်းတယ်

# Narcissism သမား စစ်စစ် ဖြစ်တယ် (Greek mythology ထဲ
မှာပါတယ် ရေထဲမှာ ပေါ်နေတဲ့ ကိုယ့်ရဲ့ ပုံရိပ်နဲ့  ချစ်ကျွမ်းဝင်နေ
တဲ့ Narcissus ဆိုတဲ့ လူ လိုမျိုး)

# အပေါ်ယံ ဟန်ဆောင်မှုအား အရမ်းကောင်းတယ်

# မရိုးဖြောင့်ကြဘူး (စကားပြောရင်တောင် ကွေ့ ကောက်)

# စိတ်ကို ထိမ်းချုပ်နိုင်စွမ်း အရမ်းကောင်းကြတယ်

# ဘေးအန္တရာယ်ကို ကြောက်ရွံ့ ခြင်း လုံးဝ မရှိကြဘူး

Sociopath
========
သူတို့ တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး အလွန်ကို ညံ့ဖျင်းတဲ့
ကာရိုက်တာကို ပိုင်ဆိုင်ထားတတ်ကြတယ် တစိမ်းတရံစာ အပေါ်
ထိခိုက် နစ်နာအောင် လုပ်ဖို့  ၀န်မလေးတတ်ကြသလို လုပ်ပြီးရင်
လည်း နောင်တရတယ်လို့  အပြစ်ရှိတယ်လို့  ဘယ်တော့မှ မခံစား
တတ်ကြပေမဲ့ သူတို့ ချစ်ခင်တဲ့ သူတွေအပေါ် နစ်နာအောင် လုပ်
ခဲ့မိရင်တော့ နောင်တ (သို့ ) အပြစ်လုပ်မိတယ်လို့  ခံစားကောင်း
ခံစားတတ်ကြတယ် အချိန်ကာလကြာတဲ့ အခါမှာ လူမှုဆက်ဆံရေး
ညံ့ဖျင်းမှုတွေ အပြုအမူတွေ နည်းပါးလျော့ကျ သွားတတ်တာမျိုး
လည်း ရှိတတ်တယ် ဒါပေမဲ့လည်း အဲဒီလို လျော့နည်းသွားတာကို
ကောင်းမွန်တဲ့ ရလာဒ်တွေ ရှိလာတာကိုတောင်မှ အမှန်တရားကို
လက်မခံပဲ ငြင်းဆန် နေတတ်ကြတယ်

အသက်အရွယ် အားဖြင့် ၁၈ နှစ် ကျော်လွန်လာပြီးတဲ့ အခါမှသာ
Sociopath ဟုတ်မဟုတ်ရယ်လို့  သတ်မှတ်ကြပေမဲ့ အချို့ တွေ
ဟာ အသက် ၁၅ နှစ် အရွယ်လောက်ကစပြီး Sociopath ဆန်
ဆန် အပြုအမူမျိုးတွေ လုပ်ဆောင်လာတာ စတင် တွေ့ မြင်နိုင်
တဲ့ အနေအထားမျိုးလည်း ရှိတတ်ကြတယ်

Sociopath တွေရဲ့  အလေ့အထတွေဟာ

# ဥပဒေမဲ့ လုပ်ရပ်ကို အကြိမ်ကြိမ် ကျူးလွန်တတ်တယ်

# မုသားစကား ၊ လိမ်ညာခြင်းတို့ ကို မကြာခဏ ပြုလုပ်တယ်

# ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အထူး နှစ်သက်ကြတယ်

# မိမိကိုယ်ကို ဒါမှမဟုတ် တပါးသူရဲ့ အန္တရာယ်ကို လုံးဝ လစ်လျု
ရှုထားတတ်ကြတယ်

# အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာကို အမြဲတမ်း ရောထွေးကြတယ်

# တာဝန်ယူတတ်မှု အသိစိတ်ဓါတ် လုံးဝ မရှိကြဘူး

# နောင်တ သို့ မဟုတ် အတိတ်က အရိပ်ဆိုတာ သူတို့ နဲ့ မဆိုင်

Mr. Brooks တို့  Dexter တို့  အစရှိတဲ့ ရုပ်ရှင် ကြည့်ဖူးသူတွေ
သိကြလိမ့်မယ် အဲဒီ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဟာ တူညီ
တဲ့ စိတ်နေ စိတ်ထားမျိုးတွေ ရှိကြတယ် သွေးအေးတယ် ညဏ်ထက်
တယ် အကင်းပါးကြတယ် ပြီးတော့ လူသတ်တဲ့ အခါ အလွန်တည်ငြိမ်
ပြီး ဘာ ခံစားချက်မှ မပါပဲ လုပ်နိုင်ကြတယ် လူသတ်ကြတယ် ဆိုတဲ့
အနေနဲ့ ကြည့်ရင် သူတို့ တွေဟာ ကြောက်ဖို့ ကောင်းတယ် ဆိုတာ
သိလာတာထက် ပိုပြီး ကြောက်ဖို့  ကောင်းတဲ့ အချက်ဟာ အဲဒီလို
လူစားမျိုးတွေဟာ လူ့ အဖွဲ့ အစည်းထဲမှာ လူတွေကြားထဲမှာ
ကိုယ့်ရဲ့  ပါတ်ဝန်းကျင်မှာ ရှိနေခဲ့မယ် ဆိုရင် ဆိုတဲ့ အချက်ပဲ

အဲဒီလို လူစားမျိုးတွေကို Psychopath ဒါမှ မဟုတ် Sociopath
လို့ ခေါ်ကြ ပေမဲ့ ဒီထက် ပိုပြီး နက်နဲအောင် ပြောမယ် ဆိုရင်တော့
စိတ်ရောဂါသည်တွေ (အရူးတွေ) ဖြစ်တယ်

အဲဒီ စိတ်ရောဂါ ၂မျိုးကို ခွဲခြားနိုင်တဲ့ စံ ဆိုတာဟာ အဲဒီ ရောဂါကို
ဘယ်လို ရလာကြသလဲ ဆိုတာပေါ် မူတည်တယ် မွေးကတည်းက
ဦးဏှောက် မှာ ပြသာနာ ရှိခဲ့တယ် ဆိုရင်တော့ Psychopath လို့ 
ခေါ်နိုင်ပြီး ၊ ကြီးပြင်းလာတဲ့ ဘ၀မှာ Trauma Experienced တွေ
ရိုက်ခက် ခံရလို့  စိတ်ရောဂါ ရခဲ့တယ် ဆိုရင်တော့ Sociopath လို့ 
ခေါ်ဆိုနိုင်တယ်

Psychopath နဲ့  Sociopath ဆိုတဲ့ စကားရပ်ကို ဒီထက်ပိုပြီး
အသေးစိတ် ခွဲခြမ်း ကြည့်မယ် ဆိုရင် Psych (စိတ်ပိုင်းဆိုင်ရာ)
နဲ့  Pathy (ရောဂါ) ကို ပေါင်းစပ်ထားသလို Socio( လူမှု) ဆိုတဲ့
စကားရပ်နဲ့  Pathy (ရောဂါကို ပေါင်းစပ်ထားတာ ဖြစ်တဲ့ အတွက်
Psychopathy တွေဟာ ပါတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင်း ဖြစ်
ပေါ်လာတဲ့ စိတ်ရောဂါမျိုး မဟုတ်ပဲ နဂိုမူလကိုက Mental ပိုင်းနဲ့ 
ဆိုင်တဲ့ ပြသာနာ ကြီးမားသူတွေ ဖြစ်ကြပြီး Sociopath တွေဟာ
ပါတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်ကြောင့် စိတ်ရောဂါ ရှိခဲ့သူတွေ
လို့  ဆိုနိုင်တယ်

ပြီးခဲ့တဲ့ ရက်က တက္ကသိုလ်က ကထိက ရာထူး နဲ့ အမျိုးသမီးက
အတိုင်ပင်ခံကို ဆဲဆို စိန်ခေါ်တာကို တွေ့ ပြီး ဒီစာကို ရေးဖြစ်တာ
ကိုယ်တွေရဲ့ ပါတ်ဝန်းကျင်မှာ အထူးသဖြင့် ပညာရေး သင်ကြားရေး
လောကထဲမှာ Psychopath တွေ Sociopath တွေ ဘယ်လောက်
များပြားစွာ ၀င်ရောက် အမြစ်တွယ်နေသလဲ ဆိုတာကို တွေးမိတယ်

ကျောင်းသားကို ရိုက်နှက်ရမှ အာသာပြေတတ်တဲ့ ၊ ဗိုက်ခေါက်ကို
အသားပေါက်အောင် လိမ်ဆွဲတတ်တဲ့ ၊ လူမဆန်တဲ့ ဒဏ်ပေးနည်း
နဲ့  ဒဏ်ပေးတတ်တဲ့ ၊ လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ လုပ်တတ်တဲ့ ၊
ကျောင်းသူ ကျောင်းသားကို ကိုယ့်လုပ်စာ ထိုင်စားနေတဲ့ ပုံစံနဲ့ 
ဆက်ဆံတတ်တဲ့ ဆရာတွေ ဆရာမတွေ ဘယ်လောက်တောင်
များနေသလဲ တွေးမိတယ်

အရင်ထဲကလည်း သတင်းတွေ ဖတ်ခဲ့ဖူးပေမဲ့ ကိုယ်တိုင်လည်း
ကျောင်းသား ဘ၀ကို ကျော်ဖြတ်လာတဲ့ အတွက် အဲဒီလိုမျိုး
စိတ်ရောဂါ ရှိနေတဲ့ ကျောင်းဆရာ ဆရာမတွေ သင်တန်းဆရာ
ဆရာမတွေ အများကြီး ကြုံတွေ့ ခဲ့ရဖူးတယ်

မနေ့ ကလည်း ကိုရီးယားကို အလုပ်သွားလုပ်ချင်တဲ့ လုပ်သား
လောင်းတွေကို ကိုရီးယားစာ သင်ပေးတဲ့ နာမည်ကြီး ဘာသာ
စကား သင်တန်းကျောင်း တခုရဲ့ စာသင်ပေးတဲ့ ဗီဒီယို တခုကို
ကြည့်မိတာ အရွယ်ရောက်ပြီးသားဖြစ်တဲ့ သင်တန်းသားတွေကို
သုံးနှုံး ဆက်ဆံတဲ့ စကားလုံး နဲ့  အပြောအဆို ပုံစံတွေကိုကြည့်ရ
တာ အလွန်ကို စိတ်မချမ်းသာစရာ ကောင်းလွန်းလှတယ်

ပညာဒါန သင်တန်းလည်း မဟုတ် …ဟုတ်ခဲ့ရင်တောင်မှပဲ
ငါက ဆရာ ဆိုတဲ့ ဆရာကြီး အထှာနဲ့  သင်တန်းသားတွေကို
နှပ်ချေးတွဲလောင်းနဲ့ ကလေးတွေကို စာသင်သလိုမျိုးတော့
ဆက်ဆံစရာ မလိုလောက်ဘူး ထင်တယ် လာတက်တဲ့
သင်တန်းသားတွေဟာလည်း အနယ်နယ် အရပ်ရပ်ကနေ
နိုင်ငံခြား သွားပြီး အလုပ်လုပ်ခွင့် ရဖို့ အရေး ကိုယ်ကမသိ
မတတ်တဲ့ ဘာသာစကားကို ငွေပေးပြီး သင်နေကြပေမဲ့
မသိရင် ကြိမ်လုံး ကိုင်ပြီး တကျောင်းလုံးကို ပတ်ကျိမ်းဝါး
နေတဲ့ ကျောင်းအုပ်ကြီးကို ကြောက်နေကြတဲ့ ကျောင်းသား
တွေလိုပဲ

ကျွမ်းကျင်ရာ လိမ္မာ ဆိုတဲ့ စကားအတိုင်း အတတ်ပညာ
တစုံတရာ တတ်သိတယ် ဆိုတာ သင်ခဲ့လို့ တတ်တာ သိတာ
မွေးကတည်းက ဘယ်သူမှ ဘာမှ မသိကြတဲ့ အတွက် သူတပါး
မသိတာ မတတ်တာကို ကိုယ်က သိနေတယ် တတ်နေတယ်လို့ 
ဆိုပြီး Genius လိုလို Geek လိုလို God လိုလို ဘ၀ကြီး လုပ်နေ
တတ်တဲ့ စိတ်ရောဂါသည်တွေလည်း သင်ကြားရေး လောကမှာ
အများကြီး ရှိနေတယ်

ဒီ နိုင်ငံမှာ အတတ် ပဲ သင်သင် ပညာပဲ သင်သင် ဘာပဲ သင်သင်
စိတ်ရောဂါ ရှိမရှိ စမ်းသပ် စစ်ဆေးပြီးမှ သင်ကြားခွင့် လက်မှတ်
ထုတ်ပေးတဲ့ အဲဒီ လက်မှတ် ရှိမှ သင်ကြားပေးခွင့် ရှိတဲ့ PCL-R
Psychopathy Checklist—Revised မျိုးတွေကို နိုင်ငံတော်
အဆင့် အရေးကြီး အကြောင်းအရာ အဖြစ် သတ်မှတ်ပေးဖို့ 
လိုအပ်နေပြီလို့  ယူဆမိတယ်

သျှင်ကြီး နိဂိမိ

About သျှင်ကြီး နိဂိမိ

Banyar Phyu has written 2 post in this Website..

Mobile Game Publisher