မိန်းကလေးများနှင့်မြန်မာပြည်ဥပဒေ

unclegyi1974September 7, 20101min1316

အောက်တိုဘာ ၄ ရက်နေ့က ရတနာပုံသတင်းစာ ကောက်ဖတ်လိုက်ရာ စာရေးဆရာဆွေနွယ်ဦးရဲ့ ယုံမှတ်၍ ပုံအပ်ရာဝယ်  ဆိုသောဆောင်းပါးလေးတပုဒ်ဖတ်လိုက်ရပါတယ်။

တရားရုံးဆုံးဖြတ်ချက်ကိုဝိုင်ဝန်းဝေဖန်အကြံပေးနိုင်ရန်ပြန်လည်တင်ပြလိုက်ပါတယ်။

ဆောင်းပါးလေးကအတိုချုပ် ပြောရရင် ကောင်မလေးတယောက်နဲ့ကောင်လေးတယောက် ဟန်းဖုန်းကနေသမီးရည်းစားဖြစ်သွားကြ ရာကအစပြုတာပါဘဲ၊

နောက်သမီးရည်းစာဘဝကနေလူမသိသူမသိအချစ်နယ်ကျွန်မိရာမှကောင်မလေးမှာကိုယ်ဝန်ရသွားပါတယ်။

ကောင်မလေးကကောင်လေးကိုတာဝန်ယူခိုင်းတဲ့အခါကောင်လေးကငြင်းပါတယ်

နောက်ဆုံးကောင်မလေးကကောင်လေးဆီကလျော်ကြေးရလိုကြောင်း

ရှေ့နေနှင့်တိုင်ပင်ဆွေးနွေးသည့်အချိန်တွင်

ရှေ့နေမှအရားရုံးချုပ်စီရင်ထုံးတခုကိုတင်ပြလာပါသည်၎င်းစီရင်ထုံးကိုမူရင်းအတိုင်းတင်ပြပေးလိုက်ပါသည်။

အရွယ်ေရောက်ပြီးဖြစ်သည့်မြန်မာဗုဒ္ဓဘာသာမိန်းကလေးတဦးနှင့်ယောကျာ်းေလေးတဦးတို့သည်

မိမိတို့ချင်းသဘောတူညီမှုဖြင့့်ကျူးကျူးလွန်လွန်ဖြစ်ကြသည်တွင်မိန်းကလေး၌ကိုယ်ဝန်ရှိရာ

ယောကျာ်းဖြစ်သူကမိန်းကလေးအားလက်ထပ်ရန်ငြင်းဆိုသော်

မိန်းကလေးအားယောကျာ်းဖြစ်သူကရှေးထုံးဓမ္မသတ်များအရလည်ကောင်း၊ တရားရုံးချုပ်ကဆုံးဖြတ်ထားသည့်စီရင်ထုံးများအရလည်ကောင်းလျော်ကြေးမပေးထိုက်။ ဟုဆုံးဖြတ်ထားကြောင်း။

ထိုအမှုတွင်မိန်းကလေး၏ရှေ့နေကြီးက  မိန်းကလေးတစ်ဦးသည်ယောကျာ်လေးတစ်ဦးအား ကာမစပ်ယှက်ရန်သဘောတူခွင့်ပြုခဲ့သော် ထိုယောကျာ်း၏တောင်းရမ်းထိမ်းမြားပါမည်ဟူသောဂတိရရှိသောကြောင့်သာလျှင်ဖြစ်လိမ့်မည်  ဟုတင်ပြသော်လည်းထိုသို့ဂတိပေးကြောင်း

၊လူသိရှင်ကြားသိကြသည်ဟုသက်သေတင်ပြထားသည်ကိုမတွေ့ရကြောင်း၊

ကိလေသာစိတ်မကုန်ခန်းကြသေးသောပုထုဇဉ်များအတွက်သွေးသားဆန္ဒအရမည်သည့်ရည်ရွယ်ချက်မျိုးမှမရှိ်ဘဲ

ဲဆက်ဆံခြင်းသည်လည်းရှိနိုင်လေရာယောကျာ်းလေးနှင့်မိန်းကလေးတို့စပ်ယှက်ကျူးလွန်ကြသည့်

့်ကိစ္စတိုင်းတွင်ထိမ်းမြားပါမည်ဟူသောဂတိပေးခဲ့ပြီးသည်ဟုယူဆမည်ဆိုကအကျင့်ဖောက်ပြားမိန်းမသားများ၏ မာယာကျော့ကွင်းသို့သက်ဆင်းရရှာသောယောကျာ်းများအတွက်အခက်ကြုံဖွယ်ရှိမည်ဟုရုံးတော်ကသုံးသပ်ခဲ့သည်။

်အမှုတွင်မိန်းကလေးသည်အသက်အရွယ်အားဖြင့်လည်ကောင်း၊ ပညာရေးအရလည်ကောင်း၊

သူတစ်ဦးတစ်ယောက်၏ ဖြားယောင်းသွေးဆောင်ခြင်းကို လွယ်လင့်တကူလိုက်လျောပေးနိုင်မည့် မိန်းကလေးမဟုတ်သည့်အတွက် ယောကျာ်းလေးက

ဖြားယောင်းသွေးဆောင်ပြီး ကျူးလွန်ကြောင်း၊ တစ်စုံတစ်ရာမပေါ်ပေါက် လက်ထပ်ပါမည်ဟုဂတိမရှိဘဲ သဘောတူချစ် ကြိုက်ပျော်ပါးသည့်အခြေအနေမျိုးသာ

အမှုတွဲတွင်ပေါ်ပေါက်နေကြောင်း ထောက်ပြထားပြန်သည်။

ဤအမှုမျိုးတွင် လျော်ကြေးပေးရန်းပိတ်ပင်ထားပါက မသမာသူယောကျာ်းများသည်

ထိုဥပဒေကို အကာအကွယ်ယူကာ မလျော်သောအခွင့်အရေးယူလျက် မိန်းကလေးများ၏

အကျင့်စာရိတ္တကို အလွယ်တကူဖျက်ဆီးလာနိုင်စေသည်ဟု စောဒကတက်တင်ပြပြန်သေးသည်။

နောက်ဆုံးရုံးတော်က  ဤကိစ္စမျိုးတွင် နှစ်ဦးနှစ်ဖက်ကိုယ်ကျင့်းသိက္ခာ မထိန်း တိမ်းပါးပျက်ပြား

ခြင်းကြောင့်ဖြစ်လာသော ကိစ္စဖြစ်သည်။ ထို့ကြောင့်မိမိကိုယ်တိုင် ကာက္ကု မထိန်း ၊

တိမ်းလွယ်၊ ညွှတ်လွယ်အကျင့်ပျက်ပြား၍ ပေါ်ပေါက်လာသည့်ကိစ္စတွင်

တရားဥပဒေ၏ အကူအညီကိုတောင်းဆိုရန် မသင့် ၊နှစ်ဦးလုံးညီတူညီမျှအပြစ်ရှိသူများဖြစ်ခြင်းကြောင့် ရုံးတော်၏ အကူအညီကိုမည်သူမှမရထိုက်ချေ။

တရားမျှတမှုကိုလိုလားသူသည်မိမိကိုယ်တိုင်သန့်ရှင်းရမည်။

ဟုမှတ်ချက်နှင့်တကွဆုံးဖြတ်ခဲ့၏။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ  ၄၈၈ အရ ကလေးစရိတ်တောင်းခံသင့်ကြောင်းအကြံပြုသည်။

မြန်မာနိုင်ငံစီရင်ထုံး၊ ၁၉၉၆ တရားရုံးချုပ် စာ-၁၀၂၁ကိုကိုးကားရေးသားသည်။

အထက်ပါဖြစ်စဉ်တွင် မိန်ကလေးမိဘများမှာပိုက်ဆံရှိပြီး

မိန်းကလေးမှာမန္တလေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဖြစ်ကြောင်းရေးထားပါသည်။

သမီးငယ်များ စဉ်းစာဆင်ချင်သတိမူနိုင်ရန် စေတနာထားတင်ပြလိုက်ပါသည်။

6 comments

  • hoe

    September 8, 2010 at 6:35 am

    အဲလို လူမျိုးတွေ ရှိနေလို ့ ယောကျာင်္းသိက္ခာကျတယ်ကွာ.. ကိုယ့်နှမ၊အမ တွေ မရှိကြဝူနဲ ့တူတယ်နော်.. သူများသမီးကို ယူမယ်လို ့ကြံရွယ်ပြီး မှားခဲ ့တာကို တာဝန် မယူတာ ယောကျာ်း စစ်မဟုတ်ဝူးဟ… အဲလို လူမျိုးတွေ ရှိနေရင်တော ့ငါတို ့နိုင်ငံက အယုံလွယ်တဲ ့မြန်မာမိန်းကလေး တွေ တော ့ရင် နင့်စရာပဲ နော်…

  • ဆူး

    September 8, 2010 at 6:44 am

    တင်ပေးတဲ့ ပို့အတွက် ကျေးဇူးတင်ပါတယ် မသိသေးတာ တခု သိလာရတာပေါ့။ လူရွှင်တော်တွေ ပြောသလို ခွေးကိုက်တာကို တရားစွဲတာ ရှေ့နေကောင်းတော့ လူက ခွေးကိုက်ခံရတာ မဟုတ်ဘဲ ခွေးကို လူက ကိုက်တာ ဖြစ်ကြောင်း တရားရုံးမှာ အဆုံးသတ်သွားတယ် ဆိုသလို ဖြစ်နေပြီပေါ့။

  • kai

    September 8, 2010 at 9:26 am

    “ မိန်ကလေးမိဘများမှာပိုက်ဆံရှိပြီးမိန်းကလေးမှာမန္တလေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူဖြစ်ကြောင်းရေးထားပါသည်။”
    လို့တွေ့ပါတယ်။ အသက် ၂ဝကျော်နေလောက်ပြီယူဆပါတယ်။
    အမှုဖြစ်တဲ့အချိန်မှာ အသက်ဘယ်လောက်လဲတော့ မှန်းမရပါ။ ဒါပေမဲ့ မြီးကောင်ပေါက်၊ အပျံသင်စ အရွယ်မဟုတ်လောက်ဖူးလို့တော့ ထင်မိပါတယ်။

    ဆိုတော့..။
    တရားရေးကဆုံးဖြတ်တာ…မမှားလောက်ဖူးလို့ထင်မိကြောင်းပါ။ ဒါမျိုးဆင်တူ မင်းသမီးပန်းဖြူလိုအရွယ်မှာတောင် ဖြစ်နေတာ ဖတ်မိလိုက်ဖူးပါတယ်။။။
    တကယ်တော့… မြန်မာမိန်းမပျိုတွေလည်း…ကမ္ဘာ့ဖွံ ့ဖြိုးပြီးနိုင်ငံများက မိန်းမပျိုများနဲ့တန်းတူ.. စဉ်းစားတွေးခေါ် လုပ်ကြအတုခိုးကြဖို့သင့်ပြီထင်မိပါတယ်။ တီဗီ၊ ဗီဒီယိုတွေက ရိုက်ခတ်လာတဲ့အရှိန်၊ ယဉ်ကျေးမှုစီးကြောင်းအဟုန်က မသေးလှတာကြောင့် “မြန်မာ့ရိုးရာယဉ်ကျေးမှု” ဆိုတာကြီးနဲ့ တောင့်ခံမထားသင့်တော့ဘူးလို့ပြောချင်တာပါ။ မိဘများအပါအဝင်ပေါ့။
    ပွင့်ပွင့်လင်းလင်း ရေးရရင်.. အလယ်တန်းကျောင်းသား၊သူများအရွယ်လောက်ကစလို့ကို လိင်ကိစ္စနဲ့ပါတ်သက်ပြီး အကြံပေးတာ။ ဆွေးနွေးတာတွေကျောင်းတွေမှာ သိသာစွာအချိန်ပေးလုပ်သင့်နေပြီး။ လက်တည့်စမ်းချင်တဲ့ မိန်းမငယ်၊ လုလင်ငယ်များကလည်း ဘာတွေဖြစ်လာရင် ဘာတွေလုပ်ရမယ်ဆိုတာတို့။ ကွန်ဒုံးတို့ အမြဲဆောင်ထားကြသင့်တယ်လို့ ..ထင်ပါကြောင်း…။
    လက်ထပ်ယူမယ်၊ မယူဘူး စတဲ့ယောက်ျားတွေကတိကို (တကယ်စာချုပ်ချုပ် လက်မထပ်မချင်း)ဘယ်တော့မှမယုံရတာကြောင့် ..ပျော်ချင်ရင်… ရဲရဲပျော်လို့ရအောင်ကာကွယ်ပြီးမှ စခန်းသွားကြစေလိုကြောင်း…။

  • thidar

    September 8, 2010 at 9:32 am

    မှန်ပါတယ် နှစ်ဦးသဘောတူဖြစ်ပြီးမှ မဖုံးနိုင်မဖိနို်ငြ်ဖစ်လာတာ။တဘက်ကိုအပြစ်တင်ရုံကလွဲလို့ တိုင်နေရင်လဲ အရှက်ကွဲယုံသာရှိလိမ့်မယ် ဒီလိုခေတ်ကြီးထဲမှာ ပိုက်ဆံလဲရှိရဲ့သားနဲ့ အစတည်းက ဆေးဝါးတွေဘာလို့ ကြိုတင်မသုံးခဲ့လဲလို့သာ အပြစ်တင်လိုက်ချင်တယ်

  • winkyawaung

    September 8, 2010 at 1:15 pm

    ဒီလို ဆောင်းပါးလေးများနဲ့ မြန်မာအမျိုးသမီးများ ကို ဆုံးမပေးသင့်ပါတယ်။ မြန်မာကောင်လေးတွေကလည်း ဒါဆို ပိုင်တာပေါ့လို့..မထင်ကြစေလိုပါ..။ ကိုယ်ချင်းစာ တရားလေးတွေတော့ ရှိသင့်ကြပါတယ်။

  • Phyo

    September 8, 2010 at 5:45 pm

    ွအင်း လိင်မှုကိစ္စ သဘာဝအရ အရွယ်ရောက်ပြီး လူသားနှစ်ဦးအတွက် နှစ်ဦးသဘောတူလို့ ကာမစပ်ယှက်တာက အပြစ်တစ်ခု မဟုတ်ပါဘူး… ကာမစပ်ယှက်ရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေ (ဥပမာ ကိုယ်ဝန်ရလာတာမျိုး) တွေကတော့ အရွယ်ရောက်ပြီးသူ မိန်းမ ယောက်ျား မည်သူမဆို လူသားတိုင်း သိထားသင့်တဲ့ အရာတစ်ခု ပါပဲ… မြန်မာနိုင်ငံမှု ယဉ်ကျေးမှု ဘာသာရေးတွေကို အကြောင်းပြပြီး ကာမဆက်ဆံတာ လိင်ကိစ္စကို ရှက်ရွံ့ ရွံရှာဖွယ်လို သဘောထားပြီး လူကြားထဲမှာ မပြောသင့်တဲ့ အရာတစ်ခုလို သဘောထား ထိန်းသိမ်းနေကြတဲ့အတွက် အခုလိုမျိုး မဖြစ်သင့်တာတွေ ပိုမိုပြီး ဖြစ်ကြရတယ်လို့ ထင်ပါတယ်… တကယ်တော့ သေချာစဉ်းစားကြည့်ပါ… ကာမဆက်ဆံတာဟာ လူတိုင်းနဲ့ လွတ်ကင်းနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာ သိကြမှာပါ… လိင်ဆက်ဆံတယ် ကာမစပ်ယှက်တာဟာလည်း သေချာတွေးကြည့်ရင် အင်မတန်မှကို မြင့်မြတ်သန့်စင်တဲ့ အရာတစ်ခုလိုကို အဓိပ္ပါယ်ဖွင့်ဆိုလို့ ရနိုင်ပါသေးတယ်… ဘာဖြစ်လို့လဲဆိုရင် လူသားနှစ်ဦးရဲ့ စိတ်ကျေနပ်ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းမေတ္တာတွေ ချစ်ခင်ကြင်နာယုယမှုတွေ ပါဝင်နေလို့ပါပဲ… အဲလိုပြောလို့ လူတိုင်းနဲ့ လိင်ဆက်ဆံ ကာမစပ်ယှက်နေရမယ်လို့ မဆိုလိုပါ… တကယ်တော့ မိဘနဲ့ သားသမီးကြားမှာပဲဖြစ်ဖြစ် အမျိုးသမီးအချင်းချင်းကြား သူငယ်ချင်း အချင်းချင်းကြား ပွင့်ပွင့်လင်းလင်းနဲ့ လိင်ကိစ္စကျန်းမာရေးတွေကို ပြောကြမယ်ဆိုရင် တားဆီးကာကွယ်မယ့် နည်းလမ်းတွေ လိင်ကိစ္စနဲ့ပတ်သက်ပြီး ဗဟုသုတတွေ ပွားများလာပြီးတော့ မိမိကိုယ်ကို မိမိထိန်းသိမ်းကာကွယ်တတ်ရင် ပိုပြီးတော့ မကောင်းဘူးလား… ဒီလိုမျိုး ပြောတယ်ဆိုတာက လိင်ကိစ္စကို အားပေးအားမြှောက် ပြုနေတာ မဟုတ်ပါဘူး… ကျန်တဲ့အပိုင်းကတော့ လူတယောက်ချင်းစီရဲ့ အကျင့်စာရိတ္တ အမူအကျင့် အပြုအမူ တွေနဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်… စဉ်းစားမိသလောက်လေးကို ဝင်ဆွေးနွေးကြည့်တာပါ ခင်ဗျား…

Leave a Reply