မိုးရာသီခရီးထွက်ရင် သိထားသင့်တဲ့ အချက်များ

Mon LayApril 20, 20191min1650

မင်္ဂလာပါ……🙏

” မိုးရာသီ ခရီးထွက်ရန် စီစဉ်ထားတဲ့ခရီးသွားမိတ်ဆွေများအတွက် ကြိုတင်သိထားသင့်တယ်ထင်လို့ ဒီပို့စ်လေးရေးပေးလိုက်ပါတယ်။ မိုးရာသီမှာ ခရီးသွားအများစုက ခရီးဝေးထွက်လေ့မရှိကြပါဘူး။ ဒါပေမဲ့ခရီးသွားနည်းတဲ့ရာသီမို့ ပုံမှန်ဈေးနှုန်းထက် ထက်ဝက်လောက် လျော့ချပေးတဲ့အချိန်ဆိုတော့ ဒီအချိန်မှာ ခရီးသွားမယ်ဆိုရင် ကုန်ကျစရိတ် သက်သာမယ့် အားသာချက်တွေရှိပါတယ်။ မိုးရာသီမှာ ခရီးထွက်ခြင်းကြောင့် စိမ်းစိုနေသော သဘာဝပတ်ဝန်းကျင်၊ သဘာ ဝစိမ့် စမ်းရေတောတောင်နှင့် ရာသီးအစားအစာများကိုလည်း လေ့လာခံစားသုံးဆောင်နိုင်ပါတယ်။

🌧မိုးရာသီ ခရီးသွားမယ်ဆိုရင်-

☑နွေးနွေးထွေးထွေးရှိစေမယ့် အဝတ်အချို့နဲ့ ပေါ့ပါးပြီးခြောက်သွေ့ရန်လွယ်တဲ့ အဝတ်တွေကို ယူဆောင်သွားသင့်ပါတယ်။
☑အထူးသဖြင့် လက်ကိုင်ဖုန်းနဲ့ ကင်မရာတွေကို ရေစိုခံမယ့်ကာဗာတွေနဲ့ ရေစိုခံအိတ်ကို ယူဆောင်သွားပါ။
☑Power Bank နှင့် အဝေးထိုး ဓါတ်မီးတွေကိုလည်း ယူဆောင်သွားသင့်ပါတယ်။
☑သင့်ကျန်းမားရေအတွက် အရေးပေါ်အသုံးပြုနိုင်မည့် ဆေးဝါးအချို့ကိုလည်းယူဆောင်သွားသင့်ပါတယ်။
☑တစ်ခါသုံးမိုးကာတွေက ပေါ့ပါးပြီး မိုးမစိုအောင် ကာကွယ်ပေးနိုင် တဲ့အပြင် ကျောပိုးအိတ်ထဲကို အလွယ်တကူထည့်နိုင်တဲ့အတွက် ယူဆောင်သွားသင့်ပါတယ်။
☑သယ်သွားမယ့်ကျောပိုးအိတ်ကိုလည်း အထဲကပစ္စည်းတွေရေမစိုအောင် rain cover ထပ်အုပ်သွားသင့်ပါတယ်။

☑ ထီးလည်းဆောင်သွားပါ။

☑ ရေစိုခံဖိနပ်ပဲစီးဖို့သယ်သွားပါ။

ပြောတာစုံသလောက်ရှိနေပြီဆိုတော့…မိုးတွင်းကလည်းရောက်တော့မယ်ဆိုတော့..ခရီးထွက်ဖို့ပြင်ထားကြပေတော့။