ဈေးသက်သက်သာသာနဲ့ ခရီးထွက်ချင်တယ်ဆိုရင်

Mon LayApril 18, 20192min1830

ဒီတစ်ခေါက်ရေးပေးမှာကတော့ ခရီးထွက်တဲ့အခါ ဘယ်လိုဈေးသက်သက်သာသာနဲ့ ထွက်လို့ရမလဲဆိုတာလေးကို မွန်လေးအတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ပြောပေးချင်ပါတယ်။

#ကြိုပြီးစီစဉ်ပါ။

ကိုယ်ကသွားဖို့ရည်ရွယ်မယ်ဆို စောစောစီးစီးခရီးစဉ်ကိုစီစဉ်စရာရှိတာစီစဉ်ပါ။

#ဈေးသက်သာတဲ့အချိန်ပဲ ခရီးထွက်ပါ။

မိုးတွင်းတို့၊ ဟိုတယ်တွေ dis ချတဲ့အချိန်တို့ လူသွားနည်းတဲ့ရာသီတို့ဆို ခရီးထွက်ပါ။ အဲဒါဆို အကုန်နီးပါးဈေးချိုနိုင်ပါတယ်။ oversea သွားရင်လည်း သူတို့ရဲ့ off season အချိန်ပဲထွက်ပါ။ လူနည်းတော့ လေယာဉ်တွေ၊ ဟိုတယ်တွေ dis ချတတ်လို့ပါ။ ဓါတ်ဖမ်းလို့လည်းကောင်း တာပေ့ါ။ စနေ၊တနင်္ဂနွေ ဆိုရှောင်ပြီး ကြားရက်ပဲသွားနိုင်အောင် ကြိုးစားပါ။

#တည်းခိုခန်း (သို့) hostel တွေမှာပဲတည်းပါ။

ဈေးသက်သာပြီး သန့်ရှင်းတဲ့ တည်းခိုခန်းတွေ (သို့) hostel တွေမှာပဲတည်းပါ။ အိမ်သာကတော့ ဘုံရှိသလို..private အခန်းတွေရှိရင် အခန်းထဲပါပြီးသားပါ။ ကြိုပြီးတော့ အခန်းကို ဘွတ်လုပ်ထားရင်လည်း ဈေးသက်သက်ရနိုင်ပါတယ်။

# ဈေးအပေါဆုံးလမ်းကြောင်းကို ရွေးချယ်ပါ💱🚂🚃🚆🚈🚢🚡🚞✈

ကားနဲ့သွားလို့ရမယ့်နေရာမျိုးဆို အဝေးပြေးကား စီးပြီးပဲသွားပါ။ နိုင်ငံခြားသွား ရင် လည်း ဈေး သက်သာတဲ့ အဲလိုင်းပဲရွေးစီးပါ။ အကယ်လို့ ဈေးကြီးတဲ့အဲလိုင်းက အစားအသောက် နဲ့ကီလို ဈေးနဲ့မှ 200 ၊ ဘတ်ဂျတ်အဲလိုင်းက အစားအသောက်မပါဘဲ ကီလိုယူရင်ထပ်ပေးခ 250 ဆို ဈေးကြီး တဲ့အဲလိုင်းကိုစီးပါ။

#အထုပ်အပိုးကိုတတ်နိုင်သမျှနည်းအောင်ထည့်ပါ

အဝတ်အစားအပိုတွေအများကြီးမထည့်ပါနဲ့။ ဘာလို့ဆို ကိုယ်က ဘတ်ဂျတ်အဲလိုင်း လည်းစီးဦးမယ်။ အလကားရတဲ့ကီလိုက ရကီလိုတည်းရယ်။ အများကြီးသယ်သွားရင် ကီလိုဖိုးထပ်ကောက်တတ်ပါတယ်။ အဲတော့ နည်းနည်းပဲသယ်ပါ။

#အစားအသောက်ထည့်ပါ💄⌚💼🎒💳
.
မလိုအပ်ပဲ ငွေမကုန်ရအောင် တခါတည်း ခေါက်ဆွဲဘူးတွေသယ်ပါ။ ဟိုကျရင် ကိုယ်ကသူတို ့အစားအစာကြိုက်ချင်မှကြိုက်မယ်။ အဲ့ခါ ကျရင် ခေါက်ဆွဲဘူးလေးပါလာတော့ ပိုအသုံးဝင် မယ်ထင်ပါတယ်။

#Street food

လမ်းဘေးအစားအသောက်ကိုုစားတတ်အောင်ကျင့်ပါ။ အဲဒါကလည်း ငွေချွေတာလို့ရပါတယ်။

#ရေဘူးထည့်ပါ။

ရေရှားတဲ့နေရာ၊ရေ ဈေးကြီးတဲ့နေရာတွေဆို ရေကိုကြိုတင်ထည့်လာပါ။ အိတ် ထဲတော့ သေချာထည့်ပေါ့နော်။ custom မှာစစ်လို့မိရင်တော့ ထားခဲ့လိုက်ပေါ့။

# လမ်းလျှောက်ပါ👞
.
တော်ရုံတန်ရုံ မဝေးတဲ့နေရာသွားဖို့အတွက်ဆို ကား၊ တက္ကစီ မစီးပဲ ရထားဖြစ်ဖြစ်၊ လမ်းဖြစ်ဖြစ်လျှောက်ပါ။ လမ်းလျှောက်တာကျန်းမာရေးနဲ့လည်း ညီညွတ်သလို၊ လမ်းလျှောက် ရင်းနဲ့ ရောက်ရှိရာ ဒေသကိုလည်း ပိုမိုလေ့လာနိုင်ပါလိမ့်မယ်။

#ဖရီးသွားလို့ရတဲ့နေရာတွေရွေးချယ်သွားပါ။

Oversea သွားတဲ့အခါ ဝင်ကြေးမပေးရတဲ့နေရာမျိုးကိုသာ ရွေးလည်ပါ။ မဟုတ်ရင် ဝင်ကြေးနင့်ခနဲပေးရရင်မသက်သာဘူးလေ။

#လက်ဆောင်ပစ္စည်းတွေကို ကုန်တိုက်ထက် လမ်းမှာချရောင်းတဲ့ ပစ္စည်းတွေ ကိုသာဝယ်ပါ💸📦🛍

အပြန်လက်ဆောင်တို့ အမှတ်တရလက်ဆောင်တို့ဆို ဈေးပေါပေါနဲ့ရနိုင်တဲ့ နေရာမျိုးကို ကြိုရှာပြီး ဝယ်ပါ။ ကုန်တိုက်ထက် လမ်းမှာ night market တို့မှာ ရောင်းတဲ့ပစ္စည်း လှလှလေးတွေကိုသာ ဝယ်ပါ။

ကဲ..ဒီလောက်ဆိုတော်တော်လေးစုံသွားပြီထင်ပါတယ်နော်..ပျော်ရွင်သာယာတဲ့ ခရီးလေးတွေထွက်နိုင်ကြပါစေ

#traveller#review#budgettrip