ဗီယက်နမ်ခရီးသွား အခက်အခဲများ

Mon LayApril 30, 20191min2400

အများကြီးမရှိပေမဲ့… သိထားသင့်တယ်ထင်လို့ ပြန်ရှယ်လိုက်ပါတယ်။ သူများတွေအတွက် အဆင်ပြေရင် ပြေမှာပေါ့လေနော်။ မွန်လေးအတွက်တော့ အဆင်မပြေခဲ့လို့ ရှောင်ချင်ရှောင်လို့ရအောင်လု့ိ ရေးပေးလိုက်ပါတယ်။

တစ်အချက် လေယာဉ်ပါ..viet jet airline ။ ရန်ကုန်ကစထွက်ကတည်း delay ဖြစ်တာ.. ဗီယက် နမ်ရောက်တော့ transit နောက်တစ်နေ့ကူးတော့လည်း ၃နာရီ delay ဖြစ်တယ်။ အဲလို delay ဖြစ်တာကိုလည်းလေဆိပ်ရောက်မှသိတယ်။ ကို်ယ်တွေကတော့ လေယာဉ်ချိန်စောလို့ဆိုပြီး မနက်စာတောင် ဟိုတယ်ကနေထုပ် လာခဲ့တာ..ဟို လည်းရောက်ရော..၁၁နာရီလေယာဉ်ဖြစ်ရော..check-in counter က ကောင်မလေးတွေက အမတို့ကို လေယာဉ်ချိန်ပြောင်းတာ ပြောပြပါလိမ့်မယ်တဲ့..ကို်ယ်တော့ အချိန်ပြောင်းတယ်ဆို လေဆိပ်ရောက်မှသိတာ..အဲတော့ ဘယ်သူ့ကို မပြောရကောင်းမလဲ. .လေယာဉ်လက် မှတ်ထုတ်ပေးတဲ့ ဌာနကိုလား..သူတို့ကလည်း ဖုန်းနံပါတ်ပဲပေးထားတော့ နိုင်ငံခြားကိုဘယ်လို ဆက်သွယ်မလဲ။..အဲဒါနဲ့ပဲ..လေဆိပ်မှာ ဟိုလျှောက်ပတ်ကြည့်..ဒီလျှောက်ပတ်ကြည့်၊ ညောင်းရင်ထိုင်၊ ထိုင်လို့ ညောင်းလာရင် ပြန်ထနဲ့ လေဆိပ်မှာ 3နာရီလုံးလုံး ငုတ်တုတ် ကိုမေ့ခဲ့ဖူးတာ။

နှစ်အချက်က အစားအသောက်ပါ။ ကို်ယ်က အငံစားတတ်တဲ့သူဆိုတော့ အဲ့မှာ ဒုက္ခတွေ့တာ။ ဆားဘူးကလည်းဆောင်မသွားတော့ သူတို့အစားအစာက တော်တော်လေးပေါ့တယ်။ ချိုရဲနေသလိုတောင်ခံစားမိတယ်။ ဟလောင်းသွားတုန်းကတော့ သင်္ဘောပေါ်မှာ စားရတဲ့အစားအသောက်တော့ကြိုက်တယ်။ ပင်လယ်စာတွေစားကောင်းတယ်။ သူတို့နိုင်ငံကခွေးသားစားတယ်နော်။ ကြည့်တော့စားပေါ့။

သုံးအချက်က ငွေလဲရခက်တာပါ။ ငွေလဲမယ်ဆိုလေဆိပ်မှာတည်းက နည်းနည်းဖြစ်ဖြစ်လဲခဲ့ပါ။ မွန်လေးတို့ကိုယ်တွေ့ဖြစ်လို့ပါ။ တခါကဗီယက်နမ်သွားရင်း လေဆိပ်တစ်ခုနဲ့တစ်ခုအကူးမှာ ငွေလဲဖို့မေ့ရင်း ပြည်တွင်း လေဆိပ်ရောက်တော့ ဒေါ်လာရှိရက်နဲ့ သူတို့ဗီယက်နမ်ငွေမပေးနိုင်လို့ဆိုပြီး စားသောက်ဆိုင်က အနံ့ပဲရှုပြီး ညစာငတ်ခဲ့ဖူးပါတယ်။ အာ့ကြောင့်ငွေကိုလေဆိပ်ရောက်တာနဲ့ နည်းနည်းဖြစ်ဖြစ်လဲသွားပါ။

လေးအချက် က ဘာနာဟေးတောင်ပေါ်တက်တုန်းကပါ။ ရာသီဥတုအခြေအနေကို ကြိုကြည့်မသွားလို့ ဟိုလည်းရောက်ရော..မိုးတွေရွာတာ..နေရာအစုံတောင်မရောက်ခဲ့ရဘူး။ ပြန်မှစာဖတ်ကြည့်တာ သူကတစ်နေ့ထဲမှာ ရာသီဥတု ၄မျိုးတောင်ဖြစ်နေတာတဲ့..သေရောပဲ။

#travel

#Vietnam

#Difficulties