ဒီအကြောင်းလေးရေးမယ် ရေးမယ်နဲ့ အချိန်တွေဆွဲနေခဲ့တာ တစ်နှစ်ပြည့်တော့ မှပဲ ရေးဖြစ်တော့တယ်။ ခရီးသွားအကြောင်းအရာ မဟုတ်တော့လည်း အေးဆေးပဲပေါ့။ ဟိုတလောကမှ မိတ်ဆွေတစ်ယောက်က ကိုယ် Novotel မှာ World Food Market dinner သွားစားတာကောင်းလား review လေးရေးပေးပါ..ဖတ်ချင်တယ်ဆိုတာနဲ့ပဲ ပြန်စဉ်း စား ပြီးရေးပေးလိုက်ပါတယ်။ သူက Wednesday Special လေ။ အရင်ဦးဆုံး ဘွတ်လုပ်သွားပါ။ ဘွတ်ကင်မလုပ်ထားရင် လူအရမ်းပြည့်နေတာမျိုးကြုံပါလိမ့်မယ်။ ဘာလို့ဆို သူ က ကမ္ဘာ့တဝှန်းအစားစာတွေကို ခင်းကျင်းပေးထားတာဖြစ်တာကိုး။

#နေရာက

#Novotel Hotel – အမှတ် (၄၅၉)၊ ပြည်လမ်း၊ ကမာ ရွတ်။ ၅ လွှာက The Square Restaurant မှာပါ။

အထဲဝင်ဝင်ချင်းမှာ Novotel ရဲ့ ထုံးစံအတိုင်း Seafood ပင်လယ်ကြီးကိုတန်တွေ့တာပဲ King Crab ရော Lobsters ရော ရိုးရိုး ပုဇွန်တွေ ဂဏန်းတွေ ကမာတွေ စုံလို့ပဲ

ကိုယ် စားခဲ့တုန်းက ဟာလေးတွေကို ပုံလေးတွေနဲ့ ပြောပြပေးမယ်နော်

ဂဏန်းချက်ဟင်းကလဲ ကိုယ့်အကြိုက်မဆလာလေးအုပ်လို့

ဘဲကင် ( နိုဗိုတယ် ဘဲကင် နံမည်ကြီးလေ)အခေါက်ကင် ဒင်းဆမ်း အစုံပဲ


ဂျပန်အစားအစာ ဆူရှီမျိုးစုံ ဥရောပ စပိန် တူရကီ စုံလို့ အပြင်မှာ အချိုပွဲကလဲ အများကြီးပဲ ရွေးရတာတောင်ခက်တယ် ကော်ဖီနဲ့ tea ပါပါ တယ်

ကြိုက်ရာ gravy ကို အသားကင်တွေပေါ် ဆမ်းစား — at Novotel Yangon Max.

ရေခဲမုန့်ကလဲ စားလို့ကောင်း — at Novotel Yangon Max.

ချိစ်မျိုးစုံ ကြိုက်ရာ လှီးစား — at Novotel Yangon Max.

ပန်ကိတ်မ်ျုးစုံ — at Novotel Yangon Max.

Cupcakes တွေ mooseတွေ — at Novotel Yangon Max.

အခေါက် ဘဲကင်နဲ့ ဒင်းဆမ်း

လာပြီ အချိုပွဲ ရှယ်တွေ — at Novotel Yangon Max.

တခါစာလေးတွေ one bite meal — at Novotel Yangon Max.

ကောင်လုံးကင်အောက်က တူရကီ ဒန်ပေါက် မိုက်တယ် — at Novotel Yangon Max.

နံကင်တို့ အသားကင်တို့ပေါ့ — at Novotel Yangon Max.

ဂဏန်းမဆလာ ရမ်းမိုက် — at Novotel Yangon Max.

မုန့်ဟင်းခါး — at Novotel Yangon Max.

မြန်မာ အစားအစာတွေ — at Novotel Yangon Max.

ဘာဂါမျိုးစုံ အသားမျိုးစုံ ကြိုက်ရာရွေး — at Novotel Yangon Max.

ဒါက တူရကီ Turkish foods , ခပတ်ကိုpita bread လေးနဲ့ ညှပ် အသီးအရွက်အချဉ်ဖောက်ထားတာပါရောညှပ် ဒိန်ချဉ် ခရမ်လေးထဲ့စား အမလေး ပြောရင်းစားချင်မိ — at Novotel Yangon Max.

Ham, paprika sausages, salami,salmon — at Novotel Yangon Max.

ပါစတာ ကို ချက်ချင်းကြိုက်တာတွေ ရွေးပြီး ချက်ပေး ချိစ့်တုံးကြီးထဲ ထဲ့မွှေပေး အို အရမ်းကြိုက်တာ — at Novotel Yangon Max.

Paella rice ခေါ်တယ် ပါရှန် ဂရိ စပိန်ထမင်း — at Novotel Yangon Max.

ဂျပန် ဆူရှီမိုက်စ် — at Novotel Yangon Max.

အသားကင်တွေ ချက်ချင်းကင်ခိုင်း မိုက်စ် — at Novotel Yangon Max.

ဘာဂါ ဟော့ဒေါ့ — at Novotel Yangon Max.


#splashbrunch
#novotelyangonmax

#ဈေးနှုန်း

လူကြီး $၃၀ ကလေး $15 တဝက်နော် + Tax

ဒီနှစ် ကျတော့ ဈေးကို ၂၉ ဒေါ်လာပဲ ထားပေးထားပါတယ်တဲ့..အရမ်းကိုတန်သွားပြီနော်။. ဂျာမနီအရသာတွေတဲ့။ ဖုန်း ၀၉-၂၅၁၁၈၅၉၈၉ (သို့) Facebook Messenger ကနေ အလွယ်တကူ ဘိုကင်တင်ထားနိုင်ပါပြီ !

Shar Thet Man

About Shar Thet Man

Shar Thet Man has written 346 post in this Website..