How to do to read BOTH Zawgyi & Unicode characters on a Web page (FB)

kaiApril 25, 20194min5763

(Zawgyi Ver:)
Windows 10 သမားများ.. ယူနီကုဒ်နဲ့ဇော်ဂျီ ၂မျိုးလုံး စာလုံးအနေအထား အမှားအယွင်းမရှိ.. Chrome Browser မှာ ဖတ်နိုင်ပြီး.. ယူနီကုဒ်နဲ့ စာရေးနိုင်သောနည်း.. ( တစ်-နှစ်-သုံး)
.. ဝင်းဒိုးလက်ပ်တော့…ဒက်စ်တော့ပ် ကွန်ပြူတာသမား .လုပ်ရမှာတွေအဆင့်ဆင့် ①②③ က.. တစ် – နှစ် – သုံး …. ၃ ချက်ထဲ…..

①။ ဒေါ်အောင်ဆန်းစုကြည် ညွှန်းပါတဲ့.. Pyidaungsu font ကို Download/Install လုပ်ပါ၊
https://myanmargazette.net/Zawgyi…/Pyidaungsu-2.5_Regular.ttf

https://www.unicode.today/fonts-download/
Once you have your font downloaded ( Pyidaungsu.ttf) and available, just right-click it and click Install.

။ Chrome Browser မှာ Zawgyi font ထည့်ထားမိရင်.. Font Setting Default ပြန်ပြောင်းပါ။ မထည့်ထားရင် .. စက်ရုံထုတ်အတိုင်းထားပါ.. ၊ ဘာမှလုပ်ရန်မလို..။ ))

Zawgyi Font နဲ့ရေးထားတာတွေ မြင်ရအောင် အောက်ကအဆင့်အတိုင်းလုပ်ပါ။ ယူနီကုဒ်နဲ့ရေးထားတာတွေက အလိုလိုမြင်ရပြီးဖြစ်ပါတယ်..။ MUA Extension ထည့်လိုက်ရင် ယူနီကုဒ်/ဇော်ဂျီ ၂မျိုးလုံးကို မြင်ရမှာဖြစ်ပါတယ်..။

Add an MUA Extension
(က) Open the Chrome Web Store.(အောက်ကလင့်ခ်ကိုနှိပ်)
https://chrome.google.com/webstore/category/extensions

(ခ) In the left column, click Extensions.
(ဂ) Browse or search (MUA Web Unicode Converter) that you’d like to add.
When you find an app or extension you’d like to add, click Add to Chrome.
If you’re adding an extension: Review the types of data that the extension will be able to access.
(ဃ) Restart the Browser. ( ပိတ်ပြီး ပြန်ဖွင့်)

③။ ဝင်းဒိုးမှာ မြန်မာစာ Burmese Language/Keyboard (Visual Order) ထည့်ပါ။
ထည့်နည်းအဆင့်ဆင့်..( က – ဌ )
(က) အရင်ဆုံး windows taskbar ရဲ့ဘယ်ဘက်ထောင့်မှာရှိတဲ့ Windows icon လေးကိုနှိပ်လိုက်ပါ
(ခ) အဲ့မှာစက်သွားပုံ setting ကိုနှိပ်လိုက်ပါ
(ဂ) Update and security ကိုနှိပ်ပါ
(ဃ) OS build info မှာ မိမိ Windows version ကိုကြည့်ပါ။ Version က အနည်းဆုံး 1803 ဖြစ်ရပါမယ်(မဖြစ်သေးရင် အခုပဲ update တင်လိုက်ပါ။ Windows OS အမြဲ Update ဖြစ်တာသာသုံးပါ..။)

(င) ပြီးရင် Time and Language ကိုသွားပါ
(စ) Language ကိုရွေးပါ
(ဆ) Add language ကိုနှိပ်ပါ
(ဇ) Search bar မှာ my ဟုရိုက်ထည့်ပါ
(ဈ) မြန်မာစာ ဆိုတာကိုနှိပ်ပါ။ Next ကိုနှိပ်ပါ။ ( မြန်မာ Visual Order )
(ည) Install ကိုနှိပ်ပါ
(ဋ) ဒါဆို windows taskbar ရဲ့ညာဘက်ထောင့်နားမှာ ENG ဆိုတဲ့စာလေးပေါ်လာရင်နှိပ်လိုက်ပါ၊ ENG နဲ့ မြန်မာစာ လက်ကွက်နှစ်မျိုးတွေ့ပါလိမ့်မယ်
(ဌ) ENG နဲ့ မြန်မာစာ လက်ကွက်ပြောင်းချင်ရင် Win+Space ကိုနှိပ်ပါ။( Zawgyi တုံးက Ctrl+Shift နဲ့တူတူပါပဲ)

… ပြီးပါပြီ။ သင်ဟာ မြန်မာဘာသာစကား စနစ်တကျ ဖြစ်အောင် ကူညီပေးသူတ‌ယောက် ဖြစ်သွားပါပြီ..။

Android Phone သုံးသူများအတွက်ပါ..
၁) Firefox browser App ကို Install လုပ်ပါ..။
၂) ညာဖက်အပေါ်က အစက်လေး၃စက်ဆီသွားပါ.. Add-Ons > Browse All Firefox Add-Ons > MUA Web Unicode Convertor ကို Install လုပ်ပါ။
၃) Facebook.com မှတဆင့် သင့်FB Account ကိုဝင်၍ ထိုမှတဆင့်သာ FB ကြည့်ပါရန်။

စာရိုက်ရင် ယူနီကုဒ်နဲ့သာ ရိုက်ပါ..။ သင့်အချက်အလက်တွေ.. အင်တာနက်မှာ Facebook နဲ့အတူတူ မပျက်မပျောက်ရှိနေပါလိမ့်မယ်..။
ဇော်ဂျီနဲ့ ရေးထားရင်တော့.. တနေ့နေ့မှာ ကွယ်ပျောက်သွားပါလိမ့်မယ်..။
Unicode က ကမ္ဘာကအသိအမှတ်ပြု စနစ်ပါ..။ Google, Microsoft, Apple နဲ့ Facebook တို့လည်း သုံးကိုသုံးရပါတယ်.။
======

“ယူနီကုဒ်နဲ့ ( Pyidaungsu MM ) လက်ကွက် စာရိုက်နည်း”

အောက်က လင့်ခ်ကတဆင့် ကြည့်ပါ။ အကျင့်မရသေးရင် ဇော်ဂျီထက်ခက်သလိုလို ထင်ရပါမယ်..။
စာစီစာရိုက်စနစ်မှန်တာမို့.. အများကြီးပိုလွယ်ပါတယ်..။
ရရစ်နဲ့.. ဒ၊ယ၊ဂ၊ဝ တွေလောက်ပဲ.. နည်းနည်းဂရုစိုက်ကျင့်လိုက်ဖို့လိုပါတယ်..။

https://www.unicode.today/2019/03/05/pyidaungsu-mm-typing/

((Share ပေးကြစေလိုပါတယ်..
Share ရင်.. စာတွေကူးပြီးမှ ရှယ်ပေးပါ..။ Website ပဲပါသွားတာမို့ပါ..။))

3 comments

  • kai

    April 27, 2019 at 7:44 am






    https://www.facebook.com/groups/mmUnicode/permalink/2626712590672564/

    http://myanmarmiunicode.blogspot.com/2017/04/zawdecode-20.html

  • Shar Thet Man

    April 27, 2019 at 11:39 am

    ကြိနျစာ – Curses – kai -ဒီလိုပေါ်နေတယ် ဘယ်လိုလုပ်ရမလဲ

  • Shar Thet Man

    April 27, 2019 at 11:40 am

    mozilla သုံးတာ

Leave a Reply