ဝိတ်ထိန်းနည်း 🎆🎆

Mon LayMay 8, 20192min4213

🍶 မနက်အိပ်ယာထတာတဲ့ မျက်နှာမသစ်ခင် ရေတစ်ခွက်သောက်ပါတယ်။

ပြီးတော့ မနက်စာစားပါတယ်..မနက်စာမစားဘဲမနေပါနဲ့။ 🍕🍮🍜

လမ်းများများလျှောက်ပါ။ ခြေလှမ်းပေါင်း တစ်နေ့ကို ၉၀၀ဝ လျှောက်ပါ။ မွန်လေးကတော ့ရုံးဆင်းရင် ရုံးနဲ့အိမ်ကို လမ်းလျှောက်ပြန်ပါတယ် တစ်နေ့(၁၅)မိနစ်ပေ့ါ။ 🚶‍♀️🚶

တရားထိုင်ကြည့်ပါ။ အချိန်ရမယ်ဆို ယောဂ ပါကျင့်ပါ။ မွန်လေးကတော့ အချိန်မရလို့ မုလပ်ဖြစ်ဘူး။ အဲ့အစား ရေကူးဖြစ်တယ်။ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ 🧘🧘‍♂️🏊

ငယ်ငယ်က ကျောင်းမှာ ဆရာတွေသင်ပေးဖူးတဲ့ သွေးပူလေ့ကျင့်ခန်းလည်း လုပ်ဖြစ်တယ်။ ရေချိုးခါနီးတိုင်းပေါ့။ ခါးလှည့်ကွင်းဝယ်ထားပါတယ်။ နေ့တိုင်းနီးပါးလှည့်ဖြစ်တယ်။🤸🤸‍♀️

တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်ပါတယ်။ အဲဒါမှလည်းအိပ်ရေးဝပြီး တစ်နေ့တာအလုပ်ကို လန်းလန်းဆန်းဆန်းလုပ်နိုင်မှာပါ။ 😴🛌

ရပ်ကွက်တို့၊ အဖွဲ့အစည်းတွေမှာ လုပ်အားပေး အနေနဲ့လည်းပါဝင်လုပ်ဆောင်ပါတယ်။ အဲ့ကရတဲ့အကျိုးအမြတ်က ဘာမှမရှိပမေဲ့ ရလာတဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ပါ။ 👍

ကိုယ်ဝါသနာပါတဲ့ ခုလိုစာရေးခြင်းကိုလည်း အလျဉ်းသင့်သလိုလုပ်ပါတယ်။ လူတွေကို တစ်ဖက်တစ်လမ်းက အကျိုးရှိစေမယ့်အရာတွေမျှဝေပေးတယ်။

ညဘက်ကို အစားအများကြီးမစားပါဘူး။ ပြီးတော့ သက်သက်လွတ်လည်း အရွက်ကြော်လေးတွေနဲ့ စားတာမျိုးလည်းရှိတယ်။ တစ်ပတ်တစ်ခါလည်း ဝိတ်တက်လာလား၊ ပြန်ပြန်စစ်တယ်။ ဒီတစ်ပတ်တက်လာပြီဆို နောက်တစ်ပတ်အစားနဲနဲလျှော့စားလိုက်တယ်။

အကြာကြီးစိတ်ညစ်မခံပါ။ ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုအမြန်ဆုံးရှာပါတယ်။ တရုတ် စကားပုံတောင်ရှိသေးတယ်။ ‘မိုးပြိုရင်တောင် ပြေးမယ့်အပေါက်တစ်ပေါက်ရှိပါတယ်”တဲ့။

စိတ်ဖိစီးမှုကင်းအောင်နေတာက လည်း ဝိတ်ထိန်းဖို့နည်းလမ်းတစ်ခုပါပဲတဲ့။

#beauty

#slim

#blog



3 comments

  • aye.kk

    May 8, 2019 at 11:39 am

    တော်တယ်ညီမလေး

  • Shar Thet Man

    May 8, 2019 at 3:37 pm

    ကျေးဇူးပါ

  • manawphyulay

    July 11, 2019 at 4:33 am

    ဝိတ်ကတော့ ထိန်းဖို့မပြောနဲ့… တက်ချင်တာတောင် ဘာစားစား ဘယ်လိုအိပ်အိပ် တက်မလာတာခက်တယ်… ဝိတ်တက်နည်းလေးဘာလေး ပေးပါဦး

Leave a Reply