
ခေါင်းပေါင်း။ စထရိတ်ကော်လာ(Straight Collar)(လယ်ကတုံးအင်္ကျီ)။ တိုက်ပုံ ။ ပုဆိုး(လုံချည်) နဲ့ ဖိနပ် = မြန်မာအမျိုးသားဝတ်စုံ ရဲ့ ရာဇဝင်..
ခေါင်းပေါင်း ။ ။ အိန္ဒိယ မူလ။ ကနဦး မြန်မာရောင်ထုံးကို ပတ်ထားတဲ့ အဝတ်ရှည်စကနေ.. ပြောင်းယူလာတာပါတဲ့..။ စစ်ကြို/စစ်ပြီးမှာ.. ဘိုကေ(ဆံပင်တို) ဖြစ်လာကြတဲ့ သက္ကသိုလ်ကျောင်းသားတွေက.. ဘီအေပေါင်း.( ၁၉၂၀) နောက်.. စက္ကူစွပ်(ခံ) ခေါင်းပေါင်း(၁၉၃၅) ကနေ.. ကြိမ်ခြင်းခေါင်းပေါင်း(၁၉၃၉နောက်ပိုင်း)ကို ပြောင်းယူလာကြတာပါ..။
အခု လွှတ်တော်ထဲ.. ညာချနေကြတဲ့ခေါင်းပေါင်းက.. အဲဒီကြိမ်းခြင်းခေါင်းပေါင်း အခြေခံ ဖြစ်ပါတယ်..။
စထရိတ်ကော်လာ(Straight Collar)(လယ်ကတုံးအင်္ကျီ)။ ။ မူလ မန်ချူးတွေ အဝတ်အစားဖြစ်ဖို့ များပါတယ်..။ သေသေချာချာ လေ့လာကြည့်တော့.. မန်ချူးတွေရဲ့ Mandarin Collar ရှပ်က.. အပေါ်ဆုံး ကော်လာပေါ်မှာ ကြယ်သီးမရှိတာမို့.. အမေရိကန်တွေရဲ့.. Grandad Collar Shirt (၁၉၂၇) နဲ့ပိုတူနေပါတယ်..။ အဲဒီလိုမျိုး အိန္ဒိယက နေရူးလည်းဝတ်ပါတယ်….တဲ့..။
တိုက်ပုံ ။ ။ ချိုင်းနားကပါ..။ ပုံတွေမှာကြည့်နိုင်ပါတယ်..။
Tangzhuang လို့ခေါ်တဲ့.. ချိုင်းနီးစ် ဂျက်ကက်ဆို အဝတ်ကြယ်သီးစီတပ်တာ.. အင်္ကျီအိပ်ထားနေရာကအစတူပါတယ်..။ နှစ်ထောင်ချီသုံးလာတဲ့ အဝတ်အစားဖက်ရှင်ပါ။ မြန်မာတိုက်ပုံက ကော်လာ မရှိပဲ.. သူတို့ဟာက.. ကော်လာ ခပ်တိုတိုလေးတွေ့ကြောင်း..
ပုဆိုး(လုံချည်) (Lungi/ Lungee) ။ ။ အိန္ဒိယန်းလိုအခေါ်အ‌ဝေါ်ပါတူတဲ့ တောင်ပိုင်းအိန္ဒိယ အဝတ်အစားပါ။ ဘင်္ဂလီတွေ မူလအဝတ်အစားဆိုပါစို့.. ။ တောင်ရှည်ပုဆိုးကနေ.. ပြောင်းယူလာကြတာဖြစ်ပါတယ်..။အမျိုးသမီးလည်း ဝတ်ပါတယ်…တဲ့..။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးဝတ်ရင်… ထမီ(ထမိန်)ခေါ်သပေါ့..။ ဝတ်ပုံကတော့.. သူတို့က.. ဘုန်းကြီးတွေ.. သင်းပိုင်ဝတ်သလို.. အပေါ်မှာ လိမ့်ပြီးချည်တာ များပါတယ်..။ ဗမာ‌ယောက်ျားတွေကတေ့ာ.. ဘယ်-ညာတဖက်စီပါတ်ဖုံးပြီး.. ခါးပုံစကို.. လုံးပြီးညှပ်/ ထုံးလိုက်ပါတယ်…။ မိန်းမတွေက.. (အမှတ်မမှားရင်..) ဘယ်ဖက်ကို တဖက်ထဲဖုံးပြီး. ညှပ်ထည့်လိုက်ရပါတယ် ။ ‌ရှေ့မှာ
အဝတ် ၃ထပ်ဖြစ်ရပါတယ်..။ အခုခေတ်ကတော့.. မပါတ်တော့ပဲ.. စကပ်လိုဝတ်နေကြတယ်ပေါ့..။ ‌ရှေ့မှာ တလွှာ။၂လွှာ ပဲဖြစ်မလားပဲ..
ညှပ်ဖိနပ် ( Sandal) ။ မူလ မြန်မာတွေ နန်းတွင်းက ဖိနောင့်ပိတ်.. ရူးစီးပုံရပါတယ်..။ ၁၈၀ဝ နှစ်နဲ့ တင်ထားတဲ့ မြန်မာအမျိုးသားပုံမှာတော့.. ညှပ်ဖိနပ် စီးထားတာမှာ ဖိ‌နောင့်မပိတ်ထားပါ.။ နောက်ပိုင်း မန္တလေးက သားရေနဲ့ ဖိနပ်တွေကို.. ကတ္တီပါဖုံးထုတ်ပါတယ်..။ နှစ်ရာဂဏန်းလောက်စီးပွားဖြစ်ထုတ်လာပြီးသကာလ..သားရေတု။ ရော်ဘာဖိနပ်တွေကို ယှဉ်နိုင်ပုံမရ..။ Business ပြုတ်လုလု ဆိုပါစို့..။
ဖိနောင့်မပိတ်ထားတာကြောင့်.. အခမ်းအနားတွေ တက်လို့မရ.. တာမို့.. စစ်ကြို/စစ်ပြီးခေတ်တွေက.. နိုင်ငံရေးသမားများဟာ.. ပုဆိုး/တိုက်ပုံနဲ့.. ရူးဖိနပ်ကို စီးပြီး ပွဲတက်ကြပါတယ်..။ (ဦးနုပုံမှာကြည့်ပါ။) ပုဆိုးမှာလည်း.. ခါးပတ်ပတ်တတ်ကြပါတယ်..။

The History of the Grandad Collar Shirt
https://www.burton.co.uk/…/the-history-of-the-grandad-coll…/
=
Men’s SS14 Micro-Trend: Band/Grandad Collar Shirts
https://www.fashionbeans.com/…/mens-ss14-micro-trend-bandg…/
=
What is a Mandarin collar?
https://www.mandoclothing.com/…/m…/what-is-a-mandarin-collar
=
https://en.wikipedia.org/wiki/Tangzhuang
A tangzhuang is a kind of pseudo-traditional Chinese jacket with a straight collar. It is an updated form of the Qing magua, itself a more fashionable adaptation of the riding jacket once worn by Manchu horsemen. 
====================
Lungee or Lungi 
https://www.utsavpedia.com/…/indias-exclusive-regional-gar…/


About kai

Kai has written 1008 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.