အိမ်မက်လေးတစ်ခု အ ကောင်အထည်ပေါ်လာခြင်း (or) Ice skating in Yangon ⛸⛸

Mon LayMay 14, 20192min3070

Ice skate စီးချင်ခဲ့တာ လွန်ခဲ့တဲ့ ၁၄နှစ်လောက်ကတည်းက TV မှာ ကိုရီးယားဇာတ်လမ်းတွဲ FullHouse(ချစ်စံအိမ်) ပြကတည်းက အွန်စောစီးတာမြင်ကတည်းက စီးချင်ခဲ့တာ။ 😁😁ရွနေခဲ့တာ။ အဲ့တာနဲ့ ၂၀၁၄ ကျမှ ရုံးကအမတစ်ယောက်က သူ့တူမလေးအတွက် skate စီးသင်မယ်ဆိုပြီး infomation ရှာရင်းနဲ့မှ လှည်းတန်းမှာစကိတ်စီးသင်ပေးတယ်(ice skate တော့ မဟုတ်ဘူးပေါ့) ဆိုတာသွားတွေ့ပြီးသွားသင်ခဲ့တယ်။ သင်ပေးခဲ့တဲ့ အကိုတွေ ၊မောင်လေးတွေကို ဒီစာရေးရင်းနဲ့ ကျေးဇူးတင်ပါတယ်လို့။ 🙏🙏အရမ်းကြီးတော့ မတတ်ခဲ့ပါဘူး။ အလုပ်က တစ်ဖက်နဲ့မို့ လေ။ ဒါပေမဲ့ အခြေခံတော့တတ်ခဲ့ပါတယ်။

ခုလို ice skate rinkကြီး (နိုင်ငံခြားသွားရင် ကြိတ်ကြွေခဲ့ရသော )ကို ရန်ကုန်မှာ စဖွင့်ပြီ ဆိုတော့ ဘယ်လိုပျော်မှန်းမသိကိုပျော်နေခဲ့တာ။ 😄😄အဲဒါနဲ့ ကိုယ်အားမယ့်ရက်၊ သယ်ရင်း အားမယ့်ရက်နဲ့ချိန်ပြီး တော့သွားခဲ့ပါတယ်။

နေရာလေးကတော့

ဝိတိုရိယ ဆေးရုံရှေ့ ၊ တော်ဝင်လမ်း၊ Indoor skydiving ဘေးက Royal Sportainment Complex အဆောက်အအုံပါ။

#အချိန်🕑🕑

မနက် (၁၀)နာရီက နေ ည(၁၀)နာရီအထိ ပါ။ ဒါပေမဲ့ ​နေ့လည်​ ၁၂နာရီက​နေ ၁နာရီ တစ်ချိန်၊ ည​နေ ၅နာရီက​နေ ၆နာရီ တစ်ချိန် အဲ့ အချိန်​​တွေဆို စကိတ်​စီးတာ ခဏပိတ်​ပါတယ်​။ စကိတ်ကွင်းချောအောင် ပြန်လုပ်တဲ့အချိန်မို့ပါ။ အရမ်းမိုက်တယ်နော်..နို်င်ငံတကာ အဆင့် မှီတယ်။

#ဝင်ကြေး💰

တစ်ယောက်ကို ၁၅၀၀ဝပါ။ စရံအနေနဲ့ ၅၀၀ဝ ပေးရတော့ ၂၀၀၀၀။ ၅၀၀ဝ က locker လက်ပတ်ဖိုးအတွက် စရံယူတဲ့သဘောပါ။ လက်ပတ်ပျောက်ရင် အဲ့၅၀၀ဝ ပြန်မရပါဘူး။ ဒီတော့ လက်ပတ် မပျောက်ရအောင် လက်မှာသေချာပတ်ပါ။ မွန်လေးကတော့ Fashion La Princesse က နေ ခါးပတ်မှာ အိတ်ပါတဲ့အိတ်လေးဝယ်သွားလိုက်တယ်။ စကိတ်စီးနေရင်းနဲ့ ဖုန်းနဲ့ဓါတ်ဖမ်းမှာတို့၊ video ရိုက်ဖို့တို့၊ ဟော…ကို်ယ့်ဖာသာ စကိတ်စီးဖို့အာရုံစိုက်နေရလို့ လက်ပတ်ပျောက်လို့ပျောက်မှန်းတောင်သိမှာမဟုတ်တော့ အဲ့ခါးပတ်အိတ်လေးထဲထည့် ထားလိုက်တာပေါ့။(Trainer မောင်လေးသတိပေးတာလည်းပါပါတယ်။ ကျေးဇူးပါ၊ သူများတွေပြုတ်ကျကျန်ခဲ့တာတွေ့လိုက်တယ်။) မစီးတဲ့လူ​တွေအတွက်​က​တော့ ၃၀၀ဝ ကျပ်​​ပေးပြီး ဝင်​ကြည်​့လို့ရပါတယ်​။

အဲ့လက်​ပတ်​နဲ့ပဲ locker ထဲမှာ ပစ္စည်​း​တွေထည်​့သိမ်​းရပါတယ်။ locker လေးက အဆင့်မှီတယ်သိလား censor လေးနဲ့။ မစီးခင်​ ice skate ဖိနပ်​​၊ တံ​တောင်​ကာတဲ့ လက်​ပတ်​​တွေ၊ ဒူး​ခေါင်​းပတ်​​တွေနဲ့ ဦးထုပ်​အကုန်​ အပြည်​့အစုံဝတ်​ရပါတယ်​။ ခြေအိတ်စီးဖို့လိုအပ်ပြီး ခြေအိတ်ကတော့မပေးပါဘူး.. အိမ်ကယူလာလို့ရသလို အဲ့ဒီမှာ ဝယ်လဲရပါတယ် တစ်စုံကို ၁ ထောင်ပါ။ ဝတ်ပေးတဲ့သူတွေရှိလို့ ဟန်ကျတယ်။👍👍

အဲဒါနဲ့ စကိတ်ကွင်းကို စဆင်းတော့တာပေါ့။ စစချင်း trainer က ဘေးဘောင်ကိုကိုင်ပြီး v shape လျှောက်ခိုင်းတယ်။ လျှောက်တာများလာရင် လက်လွှတ်ပြီး t ပုံစံလျှောက်ခိုင်းတယ်။ ပြီးတော့ လက်ကိုဆန့်ပြီး လျှောက်ခိုင်းတယ်။ ရသွားပြီဆို ကွင်းလယ်ကိုထွက်စီးတော့တယ်။ ကို်ုယ်က အ ခြေခံသင်ထားတော့ ကွင်းလယ်ကိုမြန်မြန်ရောက်တယ်။ အရှိန်နဲနဲထည့် ကြည့်တယ်။ ချော်လဲမှာကြောက်လို့ ပြန်ပြန်ထိန်းနေတာနဲ့ပဲ..ကောင်းကောင်းမစီးဖြစ်ဘူး။ အမှန်ဆို ချော်လဲမှာကိုမ ကြောက်ရင်၊ ခြေထောက်ကိုအရမ်းကြီးအာရုံမစိုက်ထားရင် ၊ ညာခြေကရှေ့ကိုတွန်းထွက်သွားတာနဲ့ ဘယ်ခြေကလည်း နောက်ကလိုက်ပြီး ဟန်ချက်ညီညီ စီးတတ်မယ်ဆိုရင် “Dance on the ice” လုပ်လို့ရမှာ အမှန်ပါပဲ။ လဲကျ​တော့မယ်​ဆိုရင်လည်း​ ဒူးကို​နည်​းနည်​း​ကွေးထားလိုက်​ရင် ရတယ်။ စီးလို့လည်းကောင်းတယ်။ အေးနေတာကိုး။ -8’C နဲ့ -10’C ကြားတဲ့။ အိုးလားလား။

သူတို့ဆီမှာ ဂျပန်​နည်​းပြရယ်​ မြန်​မာနည်​းပြရယ် ရှိတယ်​။ ကိုယ်​​တွေ​ရောက်​တဲ့ အချိန်​မှာက ဂျပန်​နည်​းပြက မရှိတော့ဘူး။

#နားမယ်၊စားမယ်

စီးပြီးနားမယ်ဆို Espace Cafe ဆိုင်​​လေးလည်းရှိတယ်။

#Bowling

Bowling ကအ ပေါ်ထပ်မှာရှိပါတယ်။သူက တစ်ခါဆော့ ၆၀၀ဝကျပ်ပါ။ ဝင်​ပြီး​တော့ပဲ ကြည်​့ခဲ့လိုက်​တယ်​။ ဆော့နေကြတဲ့သူတွေများမှများ။ နိုင်ငံခြားသားတွေတောင်ပါတယ။်

ဒီတော့ စကိတ်စီးတာ ဝါသနာပါတဲ့သူတွေရော..မပါတဲ့သူတွေရော..မစီးတတ်တဲ့သူတွေရော. .စီးတတ်တဲ့သူတွေရော ..ပျော်စရာကောင်းတဲ့နေရာလေးတစ်ခုပါလို့.☺️☺️…အဲအရေးကြီးတာလေးပြောဖို့..မသွားခင်ကြိုပြီးဘွတ်ကင်လုပ်သွားပါလို့…ကိုယ်တွေသွားတုန်းကအဆင်ပြေအောင်လုပ်ပေးတဲ့ ကိုဝေလုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့။