ခွေးသား ရဲ့ အရသာ

လူတစ်ယောက်နဲ့  တစ်ယောက် အရသာ ခံစားမှု ကွဲပြားနိုင်ပေမဲ့လည်း ယေဘူယျ အားဖြင့် လူတွေအမြဲတစေ စားသောက်နေကြတဲ့ အမဲသား၊ ကြက်ဝက် အစရှိတာတွေရဲ့  ပုံစံနဲ့  အရသာက အရမ်းကြီးကွဲပြား ခြားနားတာမျိုး မရှိပေမဲ့ အသား နေရာပေါ်မူတည်ပြီးတော့ အရသာ အမျိုးမျိုး ကွဲပြားကြတယ်
ကျစ်လစ်ပြီး ပြည့်ဝတဲ့ အသားမျိုးကို ကြိုက်သူတွေအတွက်က နံရိုးဖက်ပိုင်းတွေက စားကောင်တတ်ပြီးနူးညံ့တဲ့ အရသာနဲ့  အဆီများတာကို ကြိုက်တဲ့သူတွေအတွက်ကတော့ ခွေးဝမ်းဗိုက်သားဟာ အလွန်အမင်းစားကောင်းတဲ့ နေရာတွေ ဖြစ်တယ်
ပုံမှန်အားဖြင့်တော့ ခွေးသားကို ပြုတ်ပြီး စားကြပေမဲ့ဝက်သားပြုတ် နဲ့ နှိုင်းယှဉ် ကြည့်ရင် ၀က်သားလိုမျိုးအဆီတွေ အများကြီး မရှိတဲ့ အတွက် အလွန် အရသာရှိတဲ့ အမိုက်စာ အသားတစ်မျိုး ဖြစ်တယ်
ဆိတ်သားပြုတ် နဲ့  အနည်းငယ် တူတယ်လို့  ပြောလို့ ရပေမဲ့ ခွေးသားပြုတ်ဟာ ပိုမို နူးညံ့ပြီးတော့ အရသာပိုမို ကောင်းမွန်တယ်လို့  ဆိုကြတယ်
ခွေးသားကို စားဖို့ အတွက် ချက်ပြုတ်တဲ့ အခါတွေမှာအကြီးမားဆုံး စိန်ခေါ်မှုကတော့ အခြား အသားတွေမှာလိုပဲ ခွေးသားရဲ့ ပြင်းထန်တဲ့ အနံ့ ကို ဘယ်လိုမျိုးထိမ်းချုပ်ဖယ်ရှား နိုင်မလဲ ဆိုတာကလည်း ပညာသားပါတဲ့ အရေးကြီး အချက်တချက် ဖြစ်တယ်
ခွေးသားကို ကောင်းမွန်အောင် ချက်ပြုတ်တတ်ကြတဲ့ခွေးသားဆိုင်တွေရဲ့ လက်ရာ အများစုကတော့ အနံ့ လုံးဝ မရှိတော့ပဲ အကောင်းစား အမဲသားကို စားရတဲ့အတိုင်း ဆားကလေး အနည်းငယ် ဖြူးပြီး စားရင်တောင်ရနိုင်တဲ့ အထိ အရသာ ရှိလွန်းလှတယ်
ခွေးသားဟာ အခြားသော အသားတွေထက် ပိုမိုပြီးပျော့ပြောင်း နူးညံ့ အရသာ ရှိတယ် ဆိုတဲ့ သတင်းတွေပြန့်နှံ့ လာတယ် ဆိုတာဟာလည်း ကင်စားတာမျိုးတွေကြော်စားတာမျိုးတွေထက် ပြုတ်ပြီးတော့ စားတာမျိုးပေါင်းပြီးတော့ စားတာမျိုးက ပိုပြီး အရသာ ရှိတယ် ဆိုတာ လူတွေ ပိုပြီး သိလာလို့  ခွေးသားကို လူတွေရဲ့ အဟာရ မှီဝဲမှု အတွက် စားသုံး လာကြတာ ဖြစ်တယ်
အထက်မှာ ဆိုခဲ့သလိုပဲ ခွေးသားဟာ ဘယ်နေရာရဲ့ အသားလည်း ဆိုတာကို မူတည်ပြီးတော့ အရသာကအမျိုးမျိုး ကွဲပြားပြီး စားလို့ ကောင်းလွန်းတယ် ဆိုတဲ့အပြောမျိုးတွေ ရှိသလို ခြေထောက်သားကို သီးသန့် ချက်ပြုတ်စားသောက်တာတွေလည်း ရှိတတ်တယ်တချို့ ကတော့ ခွေးရဲ့ ကိုယ်တွင်း ကလီဇာတွေကိုအနံ့ အသက် ကင်းစင်စေတဲ့ နည်းလမ်းကောင်းတွေအသုံးပြုပြီးတော့ ချက်ပြုတ်ကြသလို တချို့ တွေဆိုမျက်လုံးတောင်မှ ပစ်ရက်စရာ မရှိဘူးလို့ ဆိုတယ်ချက်ပြုတ် စားသောက်တတ်မယ် ဆိုရင် အခြားသောဘယ် အသားနဲ့ မှတောင် မလဲနိုင်တဲ့ အထိ အရသာထူးကဲ လွန်းလှတယ်လို့  ဆိုကြတယ်

ခွေးသားကို လူတွေ ဘာကြောင့်စား ?

အခြားသော အကြောင်းရင်းတွေထက် ပိုပြီး ရှင်းတဲ့အကြောင်းရင်းကတော့ ဒီတိုင်း အရသာ ရှိတဲ့ အတွက်စားကြတယ် ဖြစ်တယ် သာမာန် လူတွေ အများစုဟာခွေးသား စားမိရင်တောင် ဘာ အသားမှန်း မသိကြတာများကြတယ် အလွန်ကို Sensitive ဖြစ်လွန်းတဲ့ လူမျိုးမဟုတ်တဲ့ လူကို Blind Test လုပ်ပြီး ကျွေးကြည့်တဲ့အခါ ဘာ အသားမှန်း မသိပေမဲ့ ပုံမှန် စားနေကြအသားတွေထက် ပိုမို ကောင်းမွန်ပြီး အရသာရှိတဲ့အတွက် ပုံမှန် စားတာထက်တောင် ပိုမို ပြီးတော့အရသာ ရှိရှိ စားသောက်ကြတယ် ဆိုတဲ့ Resultတွေလည်း အခိုင်အမာ ရှိတယ်လို့  ဆိုကြတယ်
Blind Test လုပ်ခံရတဲ့ လူတွေဟာ စားသောက်လို့ ပြီးတဲ့ အခါကျမှ ခွေးသားဆိုတာကို ရှင်းပြလိုက်တော့အလွန်အမင်းကို ထိတ်လန့် သွားတဲ့ လူတွေကို ကြည့်ရင်ခွေးသား မစားဘူး ဆိုတဲ့ လူတွေနဲ့  အလားတူစွာပဲဘာအသားမှန်း မသိတဲ့ အချိန်မှာ အားရပါးရ အရသာရှိကြောင်း ဖော်ပြပြီး စားသောက်တတ်ကြတယ်ခွေးသားမှန်း သိလိုက်ရတဲ့ အခါမှသာ အောင်မလေးအဘလေး အော်တတ်ကြတာမျိုး ဖြစ်တယ်
ခွေးသားကို တခါမှ မစားဘူးတဲ့ လူတွေ ဘာအသားဆိုတာကို မသိပဲ စစားကြည့်တဲ့ အခါမှာ သူတို့ တွေရဲ့ မှတ်ချက်က ဆိတ်သငယ်သား ၊ ဆိတ်သား ၊ ဒါမှမဟုတ်အခြား ကွဲပြားတဲ့ အမဲသား အကောင်းစား တခုခုဆိုပြီးထင်မှတ်မိတယ်လို့  ဆိုကြတယ် ဒီတိုင်း ပြုတ်ထားတဲ့အတုံးလိုက် အတစ်လိုက် အနေအထားမျိုးမှာတော့ခွေးသားဆိုတာကို ရိပ်မိနိုင်ပေမဲ့ အပေါ်ယံမှာ ရှိတဲ့အရေခွံကို ဖယ်ထုတ်လိုက်ပြီးတော့ အသားတွေကိုတကိုက်စာ အတုံးလေးတွေ တုံးပြီးတော့ အမဲပြုတ်လိုမျိုး ကြက်ပေါင်းလိုမျိုး ချက်ပြုတ်ပြီး ကျွေးမိရင်ခွေးသားမှန်း ဘယ်လိုမှကို မသိနိုင်ပါဘူးလို့ ဆိုတယ်

ဆက်ရန်…….

သျှင်ကြီး နိဂိမိ

About သျှင်ကြီး နိဂိမိ

Banyar Phyu has written 3 post in this Website..

Mobile Game Publisher