ခွေးသား ရဲ ့အရသာ

လူတစ်ယောက်နဲ ့ တစ်ယောက် အရသာ ခံစားမှု ကွဲပြားနိုင်ပေမဲ့လည်း ယေဘူယျ အားဖြင့် လူတွေအမြဲတစေ စားသောက်နေကြတဲ့ အမဲသား၊ ကြက်ဝက် အစရှိတာတွေရဲ ့ ပုံစံနဲ ့ အရသာက အရမ်းကြီးကွဲပြား ခြားနားတာမျိုး မရှိပေမဲ့ အသား နေရာပေါ်မူတည်ပြီးတော့ အရသာ အမျိုးမျိုး ကွဲပြားကြတယ်
ကျစ်လစ်ပြီး ပြည့်ဝတဲ့ အသားမျိုးကို ကြိုက်သူတွေအတွက်က နံရိုးဖက်ပိုင်းတွေက စားကောင်တတ်ပြီးနူးညံ့တဲ့ အရသာနဲ ့ အဆီများတာကို ကြိုက်တဲ့သူတွေအတွက်ကတော့ ခွေးဝမ်းဗိုက်သားဟာ အလွန်အမင်းစားကောင်းတဲ့ နေရာတွေ ဖြစ်တယ်
ပုံမှန်အားဖြင့်တော့ ခွေးသားကို ပြုတ်ပြီး စားကြပေမဲ့ဝက်သားပြုတ် နဲ ့နှိုင်းယှဉ် ကြည့်ရင် ဝက်သားလိုမျိုးအဆီတွေ အများကြီး မရှိတဲ့ အတွက် အလွန် အရသာရှိတဲ့ အမိုက်စာ အသားတစ်မျိုး ဖြစ်တယ်
ဆိတ်သားပြုတ် နဲ ့ အနည်းငယ် တူတယ်လို ့ ပြောလို ့ရပေမဲ့ ခွေးသားပြုတ်ဟာ ပိုမို နူးညံ့ပြီးတော့ အရသာပိုမို ကောင်းမွန်တယ်လို ့ ဆိုကြတယ်
ခွေးသားကို စားဖို ့အတွက် ချက်ပြုတ်တဲ့ အခါတွေမှာအကြီးမားဆုံး စိန်ခေါ်မှုကတော့ အခြား အသားတွေမှာလိုပဲ ခွေးသားရဲ ့ပြင်းထန်တဲ့ အနံ ့ကို ဘယ်လိုမျိုးထိမ်းချုပ်ဖယ်ရှား နိုင်မလဲ ဆိုတာကလည်း ပညာသားပါတဲ့ အရေးကြီး အချက်တချက် ဖြစ်တယ်
ခွေးသားကို ကောင်းမွန်အောင် ချက်ပြုတ်တတ်ကြတဲ့ခွေးသားဆိုင်တွေရဲ ့လက်ရာ အများစုကတော့ အနံ ့လုံးဝ မရှိတော့ပဲ အကောင်းစား အမဲသားကို စားရတဲ့အတိုင်း ဆားကလေး အနည်းငယ် ဖြူးပြီး စားရင်တောင်ရနိုင်တဲ့ အထိ အရသာ ရှိလွန်းလှတယ်
ခွေးသားဟာ အခြားသော အသားတွေထက် ပိုမိုပြီးပျော့ပြောင်း နူးညံ့ အရသာ ရှိတယ် ဆိုတဲ့ သတင်းတွေပြန့်နှံ ့လာတယ် ဆိုတာဟာလည်း ကင်စားတာမျိုးတွေကြော်စားတာမျိုးတွေထက် ပြုတ်ပြီးတော့ စားတာမျိုးပေါင်းပြီးတော့ စားတာမျိုးက ပိုပြီး အရသာ ရှိတယ် ဆိုတာ လူတွေ ပိုပြီး သိလာလို ့ ခွေးသားကို လူတွေရဲ ့အဟာရ မှီဝဲမှု အတွက် စားသုံး လာကြတာ ဖြစ်တယ်
အထက်မှာ ဆိုခဲ့သလိုပဲ ခွေးသားဟာ ဘယ်နေရာရဲ ့အသားလည်း ဆိုတာကို မူတည်ပြီးတော့ အရသာကအမျိုးမျိုး ကွဲပြားပြီး စားလို ့ကောင်းလွန်းတယ် ဆိုတဲ့အပြောမျိုးတွေ ရှိသလို ခြေထောက်သားကို သီးသန် ့ချက်ပြုတ်စားသောက်တာတွေလည်း ရှိတတ်တယ်တချို ့ကတော့ ခွေးရဲ ့ကိုယ်တွင်း ကလီဇာတွေကိုအနံ ့အသက် ကင်းစင်စေတဲ့ နည်းလမ်းကောင်းတွေအသုံးပြုပြီးတော့ ချက်ပြုတ်ကြသလို တချို ့တွေဆိုမျက်လုံးတောင်မှ ပစ်ရက်စရာ မရှိဘူးလို ့ဆိုတယ်ချက်ပြုတ် စားသောက်တတ်မယ် ဆိုရင် အခြားသောဘယ် အသားနဲ ့မှတောင် မလဲနိုင်တဲ့ အထိ အရသာထူးကဲ လွန်းလှတယ်လို ့ ဆိုကြတယ်

ခွေးသားကို လူတွေ ဘာကြောင့်စား ?

အခြားသော အကြောင်းရင်းတွေထက် ပိုပြီး ရှင်းတဲ့အကြောင်းရင်းကတော့ ဒီတိုင်း အရသာ ရှိတဲ့ အတွက်စားကြတယ် ဖြစ်တယ် သာမာန် လူတွေ အများစုဟာခွေးသား စားမိရင်တောင် ဘာ အသားမှန်း မသိကြတာများကြတယ် အလွန်ကို Sensitive ဖြစ်လွန်းတဲ့ လူမျိုးမဟုတ်တဲ့ လူကို Blind Test လုပ်ပြီး ကျွေးကြည့်တဲ့အခါ ဘာ အသားမှန်း မသိပေမဲ့ ပုံမှန် စားနေကြအသားတွေထက် ပိုမို ကောင်းမွန်ပြီး အရသာရှိတဲ့အတွက် ပုံမှန် စားတာထက်တောင် ပိုမို ပြီးတော့အရသာ ရှိရှိ စားသောက်ကြတယ် ဆိုတဲ့ Resultတွေလည်း အခိုင်အမာ ရှိတယ်လို ့ ဆိုကြတယ်
Blind Test လုပ်ခံရတဲ့ လူတွေဟာ စားသောက်လို ့ပြီးတဲ့ အခါကျမှ ခွေးသားဆိုတာကို ရှင်းပြလိုက်တော့အလွန်အမင်းကို ထိတ်လန် ့သွားတဲ့ လူတွေကို ကြည့်ရင်ခွေးသား မစားဘူး ဆိုတဲ့ လူတွေနဲ ့ အလားတူစွာပဲဘာအသားမှန်း မသိတဲ့ အချိန်မှာ အားရပါးရ အရသာရှိကြောင်း ဖော်ပြပြီး စားသောက်တတ်ကြတယ်ခွေးသားမှန်း သိလိုက်ရတဲ့ အခါမှသာ အောင်မလေးအဘလေး အော်တတ်ကြတာမျိုး ဖြစ်တယ်
ခွေးသားကို တခါမှ မစားဘူးတဲ့ လူတွေ ဘာအသားဆိုတာကို မသိပဲ စစားကြည့်တဲ့ အခါမှာ သူတို ့တွေရဲ ့မှတ်ချက်က ဆိတ်သငယ်သား ၊ ဆိတ်သား ၊ ဒါမှမဟုတ်အခြား ကွဲပြားတဲ့ အမဲသား အကောင်းစား တခုခုဆိုပြီးထင်မှတ်မိတယ်လို ့ ဆိုကြတယ် ဒီတိုင်း ပြုတ်ထားတဲ့အတုံးလိုက် အတစ်လိုက် အနေအထားမျိုးမှာတော့ခွေးသားဆိုတာကို ရိပ်မိနိုင်ပေမဲ့ အပေါ်ယံမှာ ရှိတဲ့အရေခွံကို ဖယ်ထုတ်လိုက်ပြီးတော့ အသားတွေကိုတကိုက်စာ အတုံးလေးတွေ တုံးပြီးတော့ အမဲပြုတ်လိုမျိုး ကြက်ပေါင်းလိုမျိုး ချက်ပြုတ်ပြီး ကျွေးမိရင်ခွေးသားမှန်း ဘယ်လိုမှကို မသိနိုင်ပါဘူးလို ့ဆိုတယ်

ဆက်ရန်…….

About သွ်င္ၾကီး နိဂိမိ

Banyar Phyu has written 3 post in this Website..

Mobile Game Publisher