ဂျင်းပေါတဲ့နိုင်ငံမှ ဂျင်းမမိအောင် လက်မတင်လေးလွတ်ခဲ့သောနေ့ရက်များ😀 နှင့် တရုတ်စကားပန်း များပေါရာ..ဘာလီမြေ🌸

Mon LayMay 29, 20199min1910

ဂျင်းပေါလို့ဆိုပြီးမသွားတော့ဘူးကွာလို့တော့..မလုပ်လိုက်နဲ့နော်…သတိထားရမယ်ဆိုတာလေးပြောချင်လို့ပါ..😉ဘာလီဆိုတာတကယ်က အရမ်းကိုလှတဲ့နေရာလေးတွေတစ်စုတစ်စည်းတည်း ရှိနေတဲ့နေရာလေးပါ.. ဘုရား

ကျောင်းတွေအကြောင်းပဲလေ့လာချင်သလား..ရှိတယ်။ကမ်းခြေမှာပဲ..လွတ်လွတ်လပ်လပ်နေချင်လား..အေးဆေး။ နားအေးပါးအေးတိတ်တိတ်ဆိတ်ဆိတ်နဲ့

ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုလေးတွေပဲငေးပြီးကြည့်ချင်လား..ရ

တယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက် instagram တို့ facebook တို့ပေါ်တင်လိုက်တာ

နဲ့..လှလိုက်တာ..wow လို့မန့်ခံရမယ့်နေရာလေးတွေတအားရှိတော့..မြန်မာလူမျိုးတွေသွားသင့်တဲ့နေရာတစ်ခု

ပါ။ အချိန်အားဖြင့် ဘာလီက ရန်ကုန် နဲ့ဆို ၁နာရီခွဲစောပါတယ်။

#လေကြောင်းလိုင်း

ဘာလီကိုခုဆို ရန်ကုန်ကနေ တိုက်ရိုက်မရောက်ပေမယ့် transit အနေနဲ့ စင်ကာပူတို့၊ မလေးရှားတို့ကနေ ပတ်ပြီးသွားလို့ရပါတယ်။ လေကြောင်းလိုင်းက Malindo, Air Asia, Singapore airline, Jet star တို့ရှိပါတယ်။ လေယာဉ်ပေါ်မူတည်ပြီး အစားအသောက်ပါမှု၊မပါမှုကတော့ကွာသွားပါတယ်။  Malindo အဲလိုင်းက တစ်ခု ကောင်းတာကလေ.luggage check-through ရတာပဲ။ ရန်ကုန်လေဆိပ် ကနေ မလေးရှားလေဆိပ်မှာ လေယာဉ်ပြောင်းစီးရတယ်ဆိုပေမဲ့  luggage ထုတ်စရာမလိုဘဲ..ဘာလီထိ luggage သယ် သွားလို့ရတယ်။ လေယာဉ်ပေါ်မှာ အစားအသောက်မုန့်တို့၊ရေတို့၊ TV တို့၊ Game တွေပါ ဆော့လို့ရလို့ ဟန်ကျတယ်။

#ဘာလီအကြောင်း

အရင်ကဘာလီကျွန်းပေါ်မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် လူမျိုးစပ်များနှင့် ဘာလီကျွန်းသူကျွန်းသား နေထိုင်ခဲ့ကြပါတယ်။ 1597 ခုနှစ်မှာ ဒတ်ချ်လူမျိုးခရီးသွား Cornelis de Houtman ဟာ ဘာလီကျွန်း ကို

ရောက်ရှိလာပြီး ဒတ်ချ်တို ့ကအလွယ်တကူ နယ်ချဲ ့နိုင်ခဲ့တယ်။ World War II အတွင်းတွင် ဘာလီကျွန်း ပေါ်မှာရှိတဲ့ ဒတ်ချ်တို ့ရဲ့စစ်တပ်အင်အား အားနည်းနေတာကို ဂျပန် က အခွင့်ကောင်းယူပြီး1942 လောက်မှာ ဘာလီကျွန်းကို သိမ်းပိုက်ခဲ့တယ်။ ဂျပန်ကိုလိုနီလက်ထက်မှာလည်း ဘာလီကျွန်းသူ ကျွန်းသား တို ့ဟာ Freedom Army ဆိုတဲ့ ဘာလီစစ်တပ်ကို ထူထောင်ပြီး ဂျပန်တို ့ကို တွန်းလှန်ခဲ့ကြ ပေမဲ့ဂျပန်တို ့ရဲ့ ထက်မြက် တဲ့ စစ်ဆင်ရေးစွမ်းရည်၊အုပ်ချုပ်ရေးစွမ်းရည် တို့ကို အရှုံးပေး အညံ့ခံခဲ့ရပြန်တယ်။ World War II အတွင်း မှာ ဂျပန်တို ့ကိုစစ်ရှုံးနိမ့်ခဲ့တဲ့ ဒတ်ချ်တွေဟာ အင်ဒိုနီးရှားနှင့် ဆူမတြာရေလက်ကြားဒေသကို ပြန်လည် ရောက်ရှိ လာခဲ့ကြပြီး ကိုလိုနီ ဒေသဟောင်းများနဲ့ ဘာလီကျွန်းကို ပြန်လည် သိမ်းယူခဲ့တယ်။ ဒါပေမဲ့ ဘာလီကျွန်းသူ ကျွန်းသား တို ့ဟာ ဂျပန်လက်ကျန် စစ်လက်နက်များကို အသုံးပြုပြီး အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ခိုင်မာစွာနဲ့ ပြန်လည်တိုက်ထုတ်မှုကြောင့် 1946 တွင် ဒတ်ချ်တို ့ဟာ ဘာလီကျွန်းကို The Republic of United State of Indonesia ရဲ့၁၃ ခရိုင် မှာ ခရိုင်တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ ပြီး 29 Nov – 1949 မှာ ဘာလီကျွန်းအပါအဝင် အင်ဒိုနီးရှား နိုင်ငံကို လွတ်လပ်ရေးပေးခဲ့တယ်။

#ကိုးကွယ်သည့်ဘာသာ

ဘာလီမှာအများစုက ဟိန္နူဘာသာကိုကိုးကွယ်ကြပါတယ်။

ဘာလီလေဆိပ်ကအရမ်းမကြီးဘူး။ လေဆိပ်မှာ ဖုန်း Sim Card တွေဝယ်လို့ရတယ်။ 8 GB ကိုသူတို့ငွေ (၁သိန်းခွဲပါ)။ ကိုယ်တွေက ၄ရက် လောက် နေမှာဆိုတော့အတော်ပဲလေ။ လေဆိပ်မှာပဲ ငွေလဲကြတယ်။ (ကံဆိုးချင်တော့ အင်ဒိုနီးရှားနိုင်ငံက ရွေးကောက်ပွဲနဲ့သွားကြုံလို့ လိုင်းကမကောင်းဘူး)

#Pandawa Beach

ဘာလီရဲ့နာမည်ကျော် သဲသောင်ဖြူဖြူဖွေးဖွေး၊ တောင်တန်းတွေကာရံထားတဲ့ Pandawa ကမ်းခြေကို သွားခဲ့ကြတယ်။

#Uluwatu Temple

ဘာလီရောက်မှတော့ မသွားမဖြစ်ရောက်အောင်သွားရမယ့် နေရာလေးတစ်ခုပါ။ သူက အဝင်ဝမှာ အတိုနဲ့ စကပ်တို့ဘောင်းဘီတို့ဝတ်လာတယ်ဆိုသူတို့အဝတ် ဝတ်ပြီး ခါးမှာ လိမ္မော်ရောင်အစည်းလေးစီးပြီးမှ အထဲဝင် ရပါတယ်။ အရှည်ဝတ်လာတဲ့သူဆိုရင် လိမ္မော်ရောင်အစည်းလေးစီးပြီးတာနဲ့ ဝင်ရုံပဲ။ အထဲမှာ မျောက်တွေ ရှိပါတယ်။ သူတို့ကို မျက်စေ့ဆုံမကြည့်ဖို့နဲ့ သွားမစဖို့ ဂိုက်ကမှာထားတော့ ကိုယ်တွေမှာ ခပ်သွက်သွက်လေး လမ်းလျှောက်၊ အဲ့ Temple မှာပဲနေဝင်ဆည်းဆာ ကြည့်ပြီး ဘာလီလူမျိုး တွေရဲ့ နာမည်ကြီးရိုးရာအက Kecak Fire အကကို ကြည့်ခဲ့ကြပါတယ်။ သူတို့ဆီမှာထူးခြားတာက ဘာ တူရိယာမှမသုံးဘဲ ယောကျာ်း အယောက် ၇ဝ ရဲ့ ပါးစပ်ကထွက်တဲ့အသံကိုပဲ အသုံးချသွားတာပါ။ ကိုယ်ကြား တာကတော့ ‘ကြက်…ကြက်…ကြက်…

ကြက်…ကြက်..ကြက်..ကြက်..ကြက်.. နဲ့  အေးရာ..အေရာ.. အေး ရာ..အေရာ”ဆိုတာပဲ။ ပြဇာတ်အကြောင်း က သီတာ နဲ့ရာမဇာတ်ပါ။ အဲထဲမှာ ဟာနုမာန် မျောက ်သရုပ်ဆောင် ထားတဲ့တစ်ယောက်က တော်တော်မိုက် တယ်။ အပေါ်ကနေခုန်ချတာတွေ..မီးတွေဝိုင်းပြီး သူ့ကိုကြိုး တုပ်ဖမ်း ပေမယ့် မီးကိုခြေထောက် နဲ့ကန်ထုတ် တာတွေ…ပရိတ် သတ်တွေကြားထဲသွားပြီး သန်းရှာပေးတာ တွေနဲ့ တဝါးဝါး..တဟား ဟားနဲ့ပွဲကို စည်နေတော့ တာ။

#Jimbaran Beach

နာမည်ကြီး Jimbaran ကမ်းခြေမှာတော့ ပင်လယ်စာကို တစ်ယောက်ကို တစ်ပန်းကန်အဝိုင်းနဲ့ အရသာရှိ

ရှိသုံးဆောင်ခဲ့တယ်။

#Tanjung Benoa Beach

Water activities လုပ်တဲ့ကမ်းခြေပါ။ အရင်ကဆိုသူက တံငါရွာသာသာပဲ။ ခုကျမှ ဇိမ်ခံဟိုတယ်တွေ၊ ကမ်း

ခြေမှာ ဆော့ဖို့ water activities တွေလုပ်လာလို့ပိုပြီးစည်ကားလာတယ်ပြောပါတယ်။ ကိုယ်တွေအဖွဲ့ထဲက ၂ယောက်က parasailing adventure လုပ်ပြီး ကျန် ၈ယောက်ကတော့ sea walker လုပ်ကြပါတယ်။ လုပ်လို့ရ

တဲ့ activities တွေက Parasailing (၁ ယောက်), Parasailing Adventure (၂ယောက်), Banana boat, Jet Ski, Glass Bottom Boat, Donut slider, Diving, Snorkeling, Sea Walker, Jigging Fishing, Fishing, Spear Fishing, Mangrove Tour, Dolphin tour နဲ့  Turtle island တို့ပဲဖြစ်ပါတယ်။ အဲ့မှာ ကိုယ်နာမည် အသစ်တစ်ခုရလိုက်လေရဲ့။ Sea Walker တဲ့။ ကိုယ်ကမဲဆွယ်အားကောင်းတာလေ..Sea Walker လုပ်ဖို့ ..ရန်ကုန်မှာမရှိဘူး နော်..မြန်မာနိုင်ငံမှာမရှိဘူးနော်..ဘာလီမှာပဲရှိတာ..ကျန်တာတွေက ဘန်ကောက် သွား

ပြီးစီးလည်းရတယ်..ငွေဆောင်သွားပြီးစီးလည်းရတယ်ဆိုပြီးပြောလိုက်တာ..၈ယောက်လောက်ကိုယ်နဲ့အတူတူ sea walker လုပ်ဖို့လူရသွားရော။

#Sea Walker ဆိုတာ

သူကရေအောက်ထဲမှာ နီမိုငါးလေးတွေကို အစာကျွေးပြီး အနီးကပ်သွားကြည့်တာလေ။ တစ်ဖွဲ့ကို ၄ယောက်စီ

တစ်ခါကြည့်ရပါတယ်။ ဝတ်စုံပေးတယ်။ အောက်ပိုင်းကတော့ ကိုယ်ဝတ်ချင်တာဝတ်။ မစီးခင် သင်္ကေတတွေ

သင်ပေးတယ်။ အောက်ကိုဆင်းမယ်ဆို လက်မကို အောက်ဆိုက် ပြရတယ်။ အပေါ်ကိုတက်တော့မယ်ဆို လက်မကိုအပေါ်ထောင်ပြရတယ်။ အသက်ရှုရတာ ပြသာနာတစ်ခုခုဖြစ်ရင် လက်ကိုဒေါင်လိုက်ခါပြရတယ်။ ဆင်းဆင်းချင်းနားအူတယ်။ အဲလိုဆို တံတွေးမျိုချရတယ် ဆိုပြီးပြောပြတယ်။ရေတော့မကူးမိပါစေနဲ့တဲ့။ ပြီးတော့ရေအောက်မှာလမ်းလျှောက်ဖို့ဖိနပ်စီးရတယ်။ ရေကိုယပ်လို့ရလောက်တဲ့ဖိနပ်ပေါ့။ အဲဒါနဲ့သူတို့ လှေ ပေါ်ကနေလှေကားထစ်တွေအတိုင်းဆင်းရော..ဆင်းရင်းနဲ့ရေဆိုတာအေးလိုက်တာ..အရမ်းပဲ..လက်ပင်း လောက် ထိနစ်သွားတော့မှ ခေါင်းကိုအစွပ်ကြီးလာပေးတယ်..ပုံထဲမှာကြည့်ပေးနော်။ အဲ့တာကြီးနဲ့ အနောက်က တစ်ယောက်ကဆွဲခေါ်သွားတော့..ကိုယ်တော့သွားပြီပေါ့..တိုင်းတစ်နစ်ကားထဲမှာ မင်းသမီးက မင်းသား ကို အသက်မရှိတော့မှန်းသိလိုက်တော့ ရေထဲကိုလွှတ်လိုက်တဲ့ဖီလင်မျိုးခဏတဖြုတ်ခံစားလိုက်ရတယ်။ ပြီးတော့ရေအောက်ထဲရောက်သွားတော့ ရေကူးတတ်တဲ့သူဖြစ်လို့လားမသိ..ခြေထောက်က ရပ်ကိုမရ၊ခတ်ချင်

မိနေတာ..ရေငုပ်သမားတစ်ယောက်က ခြေထောက်ကိုမိချပေးမှ ကျသွားလေရဲ့။ အဲဒါနဲ့လက်တန်းကိုကိုင်ပြီး

စမ်းစမ်းပြီးလျှောက်သွားတယ်ပေါ့။ နီမိုငါးလေးတွေကိုလည်းအစာကျွေးပေါ့။ သိပ်လှတဲ့ရေအောက်ကမ္ဘာပါပဲ။

ရေကူးတတ်တတ်၊မတတ်တတ် ဆင်းလို့ရပါတယ်။ တကယ်ကိုဆင်းသင့်တဲ့ ကစားနည်းပါ။ မွန်လေးတို့အဖွဲ့ထဲ

အသက်(၇၀)အရွယ်အဖွားတောင်ပါသေးတာ။ ဒီတော့ ဘာလီကိုရောက်တုန်းရောက်ခိုက်စမ်းကြည့်ပါလို့။ စာ

ရေးနဲ့လည်းမဲဆွယ်ပါတယ်လို့။ ဈေးကတော့ သူတို့ငွေ (၄သိန်း)ပါ..ဈေးဆစ်လို့ရတာ..အမှန်က (ရသိန်း) တောင်။

#လိပ်ကျွန်း

အကုန်သူဆော့လို့အပြီးမှာတော့ လိပ်ကျွန်းကိုသွားလည်ကြပါတယ်။ လိပ်ကျွန်းမှာ လိပ်မိသားစုတွေ၊ မြွေတွေ၊ ဇီးကွက်၊ သစ်တောက်ငှက်နဲ့ ကော်ဖီလုပ်တဲ့ ကြောင်ကတိုးတို့ကိုပါ မွေးထားတာကိုတွေ့ခဲ့ရတယ်။ relax အနေ နဲ့ fish massage လည်းလုပ်လို့ရတယ်။

#Tanah Lot temple

ပင်လယ်ကမ်းစပ်နားမှာ တည်ဆောက်ထားတဲ့ temple ပါ။ သူက မနက်ဘက်သွားရင်တော့ လူရှင်းပြီး လှိုင်း တွေတဝုန်းဝုန်းနဲ့ဓါတ်ဖမ်းရင်ပိုကောင်းပါတယ်။ prewedding လာရိုက်တာတောင်ရှိတယ်။ ညနေ ဘက်သွား လည်းလှပါတယ်။ ဒါပေမဲ့ လူတွေတော့များတာပေါ့။ သွားတဲ့လမ်းတောက်လျှောက်မှာ ဈေး ဆိုင်တွေအားကြီးပဲ။ ကြုံလို့ shopping လုပ်လို့ရသေးတယ်နော်။ ဝယ်မယ်ဆိုရင်ဈေးတော့ဆစ်ပါ။ ထက်ဝက်လောက်ဆစ်ပါ။

#Bali Swing – Rice Terrace

ဘာလီရဲ့နောက်ထပ်အထင်ကရနေရာတစ်ခုကတော့ Bali Swing ပဲဖြစ်ပါတယ်။ သူက နာမည်ကြီးလာတာ သိပ်မကြာသေးဘူး။ အုန်းပင်၂ပင်ကို ကြိုးနဲ့ချည်ပြီး ပုခက်လုပ်ထားတာ။ ငယ်ငယ်ကပုခက်စီးခဲ့သလို။ ဒါမဲ့သူက အောက်မှာ ချောင်းရှိပြီး အရှေ့ဘက်မှာ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းကိုမြင်ရတာ..ဘာနဲ့မှမလဲနိုင်။ တချို့က အဲ့မြင်ကွင်းကိုကြည့်ပြီးဒန်းစီးကြတယ်။ တချို့ အဲ့မြင်ကွင်းကိုကျောခိုင်းပြီးစီးကြတယ်။ အမှန်က မြင်ကွင်းကိုကြည့်ပြီးစီးရတာပိုမိုက်တာ။ လူတော့တန်းစီရတယ်။သူကဒန်းစီး တာတင်ဘယ်ကမလဲ..ငှက်

သိုက်တို့၊ ကျောက်တောင်ပေါ်မှာတပ်ရိုက်တာတို့၊ အိပ်ယာပေါ်တို့၊ ဆိုဖာပေါ်တို့တောင်ပါသေးတာ။ အချိန်

လည်းမရလို့ ၃မျိုးပဲလုပ်ခဲ့ရတယ်။ ပြီးတော့ Bali Swing ကလေ နောက်ထပ်တစ်နေရာရှိသေးတယ်။ သူက

ပိုလှတယ်။ Wanagiri Hiddne Hill ဒီနေရာလေးက lake Buyan နဲ ့ lake Tamblingan ကိုအပေါ်စီး က

နေမြင်ရတဲ့ Muduk Hill ပေါ်မှာရှိတာ။ ဓာတ်ပုံရိုက်ဖို ့အတွက် လုပ်ထားတဲ့ နေရာသေး သေးလေးလည်းရှိ

တယ်။ ဒီနေရာက Instagram ကနေစပြီးနာမည်ကြီးလာတာတဲ့။ ဝင်ကြေးကတော့ အင်ဒိုရူပီး 150000 ပေး

ရတယ်။ Swing လည်းလုပ်လို ့ရပြီး ငှက်သိုက်လိုလုပ်ထားတဲ့နေရာလေးတွေမှာ အမိုက်စားဓာတ်ပုံတွေရိုက်

လို ့ရတယ်။ Rice Terrace မှာလုပ်ရတဲ့ Bali Swing ထက် ဒီ Lake View နဲ့ swing ကိုပိုကြိုက်မိတယ်။ တောင်

ပေါ်ဆိုတော့ လေကတိုက်၊ တိမ်တွေရယ် တောင်တန်းတွေရယ် ရေကန်ကြီးတွေရယ် နဲ့ swing လုပ်ရတဲ့ ဖီးလ်က အရမ်းအရမ်းမိုက်။

#Kitamani

မီးတောင်ဒေသဖြစ်တဲ့ Kitamani ကိုသွားပြီး Mt. Batur မီးတောင်အလှကိုကြည့်ပြီး နေ့လည်စာ စားခဲ့ကြတယ်။ စားသောက်ဆိုင်ရဲ ့အပေါ်ထပ်မှာပဲ မြင်ကွင်းကျယ်ရှိတော့..View ကိုတက်ကြည့်ကြတယ်။ ဓါတ်ဖမ်းဖို့လည်း အလှဆင်ထားတော့ အပြိုင်ဓါတ်ဖမ်းကြတာ..မီးတောင်ပေါက်နေတာတောင်မသိခဲ့ရဘူး။

#Holy Spring Water Temple

မေလက ဟိန္နူလူမျိုးတွေရဲ ့ဥပုသ်စောင့်တဲ့လဆိုတော့ အဲ့ Temple မှာ ဘုရားရှိခိုးနေကြတဲ့လူတွေနဲ့ စိတ် အညစ်အကြေးတွေသန့်စင်စေတဲ့ရေနဲ့ရေချိုးသန့်စင်နေကြတဲ့ လူတွေနဲ့ စည်ကားနေရော။ အထဲမဝင်ခင်အပြင်

မှာသူတို့ပေးတဲ့အဝတ်ပတ်ရတယ်။

#Sebatu Coffee ခြံ

ကြောင်ချီးကော်ဖီထုတ်လုပ်တဲ့ Sebatu Coffee ခြံကိုသွားလည်ကြပြီး ကော်ဖီတွေတစ်ခွက်ပြီးတစ်ခွက် မြည်းစမ်းကြည့်ကြတယ်။ ပြီးရင်ကိုယ်ကြိုက်တဲ့အရသာကော်ဖီအတိုင်းလက်ဆောင်ဝယ်သွားလို့ရတယ်။

#Tegalalang Rice Terrace လှေကားထစ်စိုက်ခင်းများ

facebook မှာနာမည်ကြီးနေတဲ့နေရာလေးပါ။ ကိုယ်တော့သိပ်မကြိုက်ဘူးရယ်။ ဘာလို့ဆို ကိုယ်တွေမှာရှိတဲ့

ကျိုင်းတုံကလှေကားထစ်စိုက်ခင်းတွေကပိုလှနေလို့လေ။

#Nusa Penida

ဒီကျွန်းက Sanur Beach လှေဆိပ်ကနေ fast boat စီးပြီးသွားရပါတာပါ..၄၅ မိနစ်-၁ နာရီလောက် တော့ စီးရတယ်…Nusa Lambogan, Nusa Ceningan, Nusa Penida ဆိုပြီး ကျွန်း ၃ခုရှိတဲ့အထဲကမှ Nusa Penida ကတော့ အကြီးဆုံးပဲ။ ဒီကျွန်းလည်း Instagram ကနေစပြီးနာမည်ကြီးလာတာ ၄နှစ်လောက်ပဲရှိသေးတယ်။ နေ့ချင်းပြန်သွားလို ့ရသလို Hotel တွေ resort တွေရှိတော့ ကျွန်းပေါ်မှာ ညအိပ်လို ့လဲရ တယ်။ နေ ့ချင်း

ပြန်သွားမယ်ဆိုရင် လှေဆိပ်ကနေ မနက် ရခွဲ ၈နာရီ ၈ခွဲ စသည်ဖြင့်ထွက်ပြီး ညနေဆို ၄နာရီ၊ ၄ခွဲကျွန်းက

နေပြန်လာတယ်။ ကျွန်းပေါ်ကလည်မယ့်နေရာတွေကိုတော့ကားနဲ့သွားရပါတယ်။ tour agency တွေကနေ package လိုက်ဝယ်ရင် Kuta area တို့ Legian area တို ့ကိုတော့ ဟိုတယ်ထိလာခေါ် ပြန်ပို ့ပေး ပါတယ်။ မဟုတ်လဲ Sanur Beach ကလှေဆိပ်ကို ကိုယ့်အစီအစဉ်နဲ ့သွားပြီးဟိုရောက်မှ fast boat ticket ဝယ်ပြီးသွား လို ့ရတယ်…ကျွန်းပေါ်မှာ အဓိကလည်တဲ့နေရာတွေက
– Broken Beach
– Angel’s Billabong
– Keling King Beach
– Crystal Bay


Crystal Bay မှာရေကူးလို ့ရတော့ ရေကူးဝတ်စုံတွေလည်းယူသွားကြနော်…

#Handara Gate

ဒီနေရာ Handara Golf Resort ရဲ့ ဂိတ်အပေါက်ဝပါ ဓာတ်ပုံရိုက်ရင်လှလို ့ လာရိုက်ကြတဲ့သူတွေတော်တော်

များတယ်။

အဲလို photo ရိုက်စရာနေရာတွေနဲ့ပေါများနေတဲ့သိပ်လှတဲ့ဘာလီမှာ ဂျင်းတွေ(လိမ်ညာ)ပေါတာတော့ ကိုယ်

သိပ်နှမြောမိတယ်။ မွန်လေးတို့ ဂျင်းမိတော့မယ့်ဆဲဆဲလက်မတင်လေးလွတ်ခဲ့တာလေးပြန်ရှယ်ပါမယ်နော်။

Kuta beach မှာတည်းတော့ ညဘက်ဆို အရမ်းစည်တာလေ။ ကိုယ်တွေအဖွဲ့ (အမ၂ယောက်ရယ်၊အကို၁

ယောက်ရယ်၊ မောင်လေး ၁ယောက်ရယ်၊ ညီမလေး ၁ယောက်ရယ်) က ပစ္စည်းတွေလည်းဝယ်ကြမယ်ဆိုပြီး

ဟိုတယ်ကပြန်ထွက်ပြီး လျှောက်သွားကြတာ။ အပြန်ကျတော့ အမတစ်ယောက်က ဒိန်ချဉ်ဝယ်သောက်ကြမယ်

ဆိုပြီး ရန်ကုန်က ABC တို့လို့ဆိုင်ကိုဝင်ကြရော။ အဲ့မှာ ကပ်ထားတဲ့ဈေးက ၂မျိုးဖြစ်နေရာ။ အပေါ်မှာ (၉၅၀၀)၊ အောက် (save ၁၅၀၀) ဆိုပြီးပါရော။ ဘယ်ဈေးလဲမသိတော့ မွန်လေးက အဲဒါ(၈၀၀၀)လို့ အောက်က ဈေးချ

ထားတာလို့လည်းပြောပြီးအမက ဝယ်စရာမရှိတော့ဘူးဆိုပြီးငွေရှင်းကောင်တာကိုငွေသွားရှင်းတော့ ဈေးက (၁၀၀၀၀) တောင်ဖြစ်နေရော။ ဟယ်..ဈေးကပ်ထားတာက (၉၅၀၀) နဲ့ (၁၅၀၀) ပဲရှိတာ..ဘယ်လိုလုပ် (၁၀၀၀၀) ဖြစ်ရတာလဲဆိုပြီး ကိုယ်တွေအဖွဲ့ကဝိုင်းပြောတော့မှ သူ့ဖာသာ ပစ္စည်းထားတဲ့နေရာသွားကြည့်ပြီး

ခေါင်းတွေညိတ်ပြီး save လို့ကပ်ထားတဲ့စာရွက်တွေအကုန်ခွာပြစ်လိုက်တယ်။ မွန်လေးတို့ကိုတော့ (၈၀၀၀)နဲ့

ပေးလိုက်ပါတယ်။ အကယ်လို့များ ကိုယ်တွေဈေးသာမကြည့်ထားမိရင် (၁၀၀၀၀)နဲ့ပေးခဲ့ရမှာပဲ။ ဒီလိုနဲ့ ဂျင်းမိ တော့မယ့်ဆဲဆဲကနေ လွတ်လာခဲ့တယ်ပေါ့နော်။

ဒီတော့ ဘာလီရောက်ရင် ဂျင်းတွေကိုသတိထားပါလို့။ ငွေလဲတဲ့နေရာမှာလည်း ဂျင်းရှိပါတယ်တဲ့။ ဈေးဝယ်

တော့မယ့်အချိန်လည်း ဈေးကိုဆစ်ချပါလို့။

#လက်ဆောင်ပစ္စည်းလေးတွေဝယ်ကြမယ်

ဘာလီမှာလက်ဆောင်ပစ္စည်းဆိုနာမည်အကြီးဆုံးက ပါတိတ်ပါပဲ။ ကိုယ်ကိုယ်တိုင် hand-made လုပ်ထားတဲ့ ပါတိတ်အစစ်တွေဆိုတော့ ဈေးတွေကခေါင်ခိုက်နေတာ။ပါတိတ်ကိုအမြတ်တနိုးထားပြီး ဝတ်တဲ့သူတွေအတွက်

တော့ဝယ်သင့်ပါတယ်။ သူကအစစ်ကိုး။ ပြီးတော့ ကြိမ်အိတ်အဝိုင်းလေးတွေ။ ထူးဆန်းတဲ့အိတ်လေးက အိုးပုံစံ

အိတ်လေးတွေ။ ဆွဲကြိုးလေးတွေရော..တအားလှပဲ။

#အစားအသောက်

သူတို့အစား အသောက်ကလေ ချိုတော့ချိုတယ်။ အချိုမကြိုက်တဲ့သူတွေရှိရင်တော့ရန်ကုန်ကနေ ကိုယ်စား တတ်တဲ့ အစားအစာလေးတွေသယ်သွားကြပေါ့။ စားခဲ့တာလေးတွေပုံနဲ့ပြပေးထားပါတယ်

#ယူသွားဖို့လိုအပ်တဲ့ပစ္စည်းများ

သွားမယ်ဆိုရင်တော့ ဦးထုပ်တို့ ၊sunblock တို ၊့မျက်မှန်တို့၊ ပုဝါတို့ ယူသွားကြဖို့ ့မမေ့နဲ့နော်…ပြီးတော့ ဓာတ်ပုံလှလှလေးတွေလည်းရိုက်ခဲ့ကြပါ။

မွန်လေးကတော့ Royal Active Travels & Tour group နဲ့သွားခဲ့တာပါ။ ဆက်သွယ်မယ်ဆို 09427788100/200။ နောက်ထပ်ခရီးစဉ်တွေ လည်း ရှိပါသေးတယ်။ ဒီ page www.facebook.com/royalactivetravels/ ကို like & see first လုပ်ထားပါ။

တခါတလေ tour group နဲ့သွားရတာ ပျော်ဖို့ကောင်းပြီး မိတ်ဆွေတွေလည်းတိုးပါတယ်။ ဟာသတွေလည်း ပြောပြီး ရယ်နေရတာက ဘဝအမောတွေကိုပြေပျောက်စေနိုင်ပါတယ်။ နောက်ထပ်ခရီးတွေလည်းအများကြီး

သွားပါဦးမယ်။