Mgy.exe ဆိုသော…

lu ta loneMarch 29, 20102min560

        တနေ့ကပေါ့..ကျွန်တော်တို့ ရုံးမှာ Branch Manager တွေရဲ့ Meeting တခုလုပ်ခဲ့တယ်ဗျ.. အဲဒီမှာ သူတို့ Branch တွေရဲ့ စာရင်းတွေကို Memory Stick နဲ့ ယူလာ..ပြီးတော့ Presentation ပြပေါ့ဗျာ..အဲဒီမှာ စတာ ပြသနာက..File တွေ ပါလာရဲ့သားနဲ့ မတွေ့..Hidden များဖြစ်နေလားဆိုပြီး..Folder Option ခေါ်ကြည့်တော့ မရတော့ဘူး..သေချာပြီ..   Autorun Virus ပဲပေါ့..Smart Virus Killer ရှိတယ်..အပျော့ပဲပေါ့..       မရပါ…  ရှင်းမရ.ပြုမရ ရယ်…

အဲဒါနဲ့ ဘာလဲပေါ့..WinRaR နဲ့ ကြည့်လိုက်တော့..Mgy.exe ဆိုပဲ..

ပြောဖို့ကျန်သွားတယ်..Folder Option မရလို့..Registry ခေါ်လို့ရလားဆိုတော့..မရပါ…

အဆိုးဆုံးက  msconfig ကို ခေါ်လိုက်တော့.. Log Off ဖြစ်သွားတာပဲ..

ဒီတော့ အွန်လိုင်းတက်ပြီး လိုက်ရှာကြည့်တယ်ပေါ့…

တွေ့ပါတယ်..နည်းတွေကို ..ကျေးဇူးလည်းတင်ပါတယ်..ရေးကြတဲ့ ကိုကိုတွေ ..မမတွေကိုပေါ့…

အဲသဟာတွေ အကုန်ပေါင်းပြီး..ဟဲ…အလွယ်ဆုံးလို့ ထင်တဲ့ နည်းလေးကို ကျွန်တော်က ပြန်ဖန်တီးထားပါတယ်ဗျာ…

အဲဒါကတော့..ပေးထားတဲ့ လင့်ထဲက Trjsetup681.exe နဲ့ iRepairMan.exe ကို အရင် Download လုပ်လိုက်ပါ..

Download ပြီးရင် ..

ပထမဆုံး..စက်ကို Safe Mode နဲ့တက်ပါ..ပြီးရင် Restore လုပ်မှာလား..မေးလာရင် Yes လုပ်လိုက်ပါ..

ဒုတိယကတော့..Trjsetup681.exe ကို Install လုပ်ပါ..ပြီးရင်တော့ Run ပေါ့.. Run နေရင်း မေးသမျှ အကုန်ကို လိုက်လျောညီထွေသာဖြေလိုက်ပါ.. အဓိကတော့ Trjsetup.exe ကို Run ရခြင်းကတော့ msconfig ခေါ်ချင်လို့ပါ.. အကုန်လုံးကို လိုက်လျောညီထွေ ဖြေပြီးရင်.. Run တာပြီးဆုံးကြောင်း Press Any ဆိုတာပေါ်လာပါလိမ့်မယ်..နှိပ်လိုက်ပါဦး..ပြီးတာနဲ့  Restart လုပ်လိုက်ပါ…

တတိယအဆင့်ကတော့..အရေးကြီးတယ်ဗျ…

စက်တက်တာနဲ့..လက်မြန်မြန်နဲ့ msconfig ခေါ်ပြီး.. Start Up မှာ အကုန်လုံးကို Disable လုပ်..

Apply လုပ်ပြီးတာနဲ့  Restart သာ ချလိုက်တော့ဗျာ…

စတုတ်ထကတော့..စက်တက်လာတာနဲ့..

iRepairMan.exe ကို Run .. ပြီးရင် Repair All Setting ကို Click လိုက်ပါ.. ပြီးရင်တော့ OK.. Exit ပေါ့..

ဒါဆို.. Folder Option ရပါပြီဗျာ.. ပြီးရင် Hidden Files တွေကို ဖော်.. ရှိသမျှ Drive တွေ အကုန်လုံးမှာ ရှိနေတဲ့   Mgy.exe…autorun.inf  files တွေကို Shift+Del နဲ့ ကိုင်ပေတော့…

ပြီးရင်တော့..C:\WINDOWS\system32   ထဲက

C:\WINDOWS\system32\{271287-000021-100287-705016}\
C:\WINDOWS\system32\mgy.exe    တွေကို Shift+Del နဲ့ ကိုင်ပေတော့ပဲ…

နောက်ဆုံးကတော့.. regedit ထဲမှာ..အဲဒီ File Name ကို ရှာပေတော့ပဲ..

၃ ..၄..၅..ခါလောက်တော့ ရှာဗျာ.. Drive များရင် ပိုသာရှာ..

တွေ့ ရင် File ရော Folder ပါ ဖျက်ပစ်လိုက် ..နောက်ဆုံး ဘာမှ မတွေ့တော့ပါဘူး.. စာတန်းပေါ်မှာသာ ရပ်လိုက်ပါ..  ဟဲ…

ဒီလောက်ပဲ ဗျ.. လွယ်မယ်ထင်ပါတယ်..

အဆင်မပြေရင်..စာရေးထားခဲ့ပါ..ကျွန်တော် ပြန်ဖြေပေးပါ့မယ်…

Download Link:

http://www.4shared.com/file/246488764/27a4e774/trjsetup681.html

http://www.4shared.com/file/246492669/a0a382a/iRepairMan.html