Learning to write in English (6) – Myo Kyaw Myint

kaiMay 30, 20194min2161

အရင်လက ခဏတာဖြတ်ထားခဲ့တဲ့ paragraph writing အကြောင်းပြန်ဆက် ကြရအောင်။ ဒီလမှာတော့ compare and contrast paragraph လေးတွေ ရေးတတ်အောင် လေ့လာကြပါစို့။ တကယ်တော့ compare လုပ်တယ်ဆိုတာ နေ့စဉ်နေ့တိုင်း လူတိုင်းလိုလို လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စလေးတစ်ခုပါ။ မမြင်ဘူးတဲ့လူတစ်ယောက်ကို တွေ့မိတယ်ဆိုပါစို့။ ဒီလူက ကိုယ်လောက် ချမ်းသာရဲ့လား၊ပညာတတ်ရဲ့လား၊ ရုပ်ရည် ရူပကာကကော -ဘယ်လိုလဲ စသဖြင့် နှိုင်းယှဉ်ကြည့်တတ်တာ လူ့သဘာဝပါ။ ကဲ လက်တွေ့ ရေးကြည့်ကြပါစို့။ လောကကြီးမှာ ရှိနေတဲ့လူတွေကို အုပ်စု ၂စု ခွဲပြီးကြည့်ကြရအောင် – Winners and Losers ရယ်လို့ပေါ့ နော်။ ဒီအောင်မြင်သူတွေနဲ့ ဆုံးရှုံးသူတွေရဲ့ ခြားနားချက်လေးတွေကို စာရွက်ပေါ်မှာ computer ပေါ်မှာ ချရေးလိုက်ပါ။ အင်္ဂလိပ်လို listing လို့ ခေါ်ပါတယ်။ prewriting technique တခုပေါ့နော်။
Winners Losers
-More willing to take risks Less willing to take risks
-More passionate about what they do Less passionate about what they do
-Always give it their all tend to be complacent
-Persistent give up too easily
-Lucky unlucky

ကဲ ခြားနားချက်လေးတွေကို ပြန်ပြီး သုံးသပ်ကြည့်တဲ့အခါမှာ ၃ချက်က ပိုမိုထင်ရှားပါတယ်။ ဒီ ၃ချက်ကို အဓိကထားပြီး နှိုင်းယှဉ် လို့ရပါတယ်။ အရင်ဆုံး Topic sentence လေး ရေးကြပါစို့။ဒီနေရာမှာ အချိန်ယူပြီး ရေးဖို့လိုပါတယ်။ စာမရေးတတ်သူတွေကတော့ ခေါင်းထဲဝင်လာသမျှ အတွေးတွေကို ချရေးတော့မှာပဲ။ ဒီလိုမလုပ်မိစေဖို့ အရေးကြီးပါတယ်။ ဆိုင်တာတွေရော မဆိုင်တာတွေရော အများကြီး ပါမသွားအောင် တနည်းအား ဖြင့် off topic မဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒီတော့ စာမရေးခင် သေချာစဉ်းစား ပြီးမှရေးပါ။ paragraph မှာပါတဲ့ ဝါကျတိုင်းဟာ on topic ဖြစ်နေဖို့လိုပါတယ်။ အောက်ပါ Topic sentence လေး ရလာပြီဆိုပါစို့။
There are three main differences between winners and losers.
ဒီလောက်ပဲရေးဖို့လိုပါတယ် ။Topic sentence မှာ ဒီကွာခြားချက်လေးတွေဟာ ဘာတွေလဲလို့ ဖော်ပြစရာမလိုပါ။ paragraph ထဲမှာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ paragraph ရဲ့ structure လေးကို တစ်ခေါက် ပြန်ကြည့်ကြရအောင်။
-Topic sentence
-Idea 1
-Explanation
-Example
-Idea 2
-Explanation
-Example
–Idea 3
-Explanation
-Example
-Conclusion
ဒီတော့ ပထမဆုံးအနေနဲ့ ကွာချားချက်(၁)ကို စတင်ဖော်ပြရမှာပါ။
Winners are more willing to take risks than Losers.
ပြီးတော့မှ ဒီဝါကျကို အနည်းငယ် ရှင်းပြဖို့လိုပါတယ်။
Winners know that they must take risks in order to achieve their dreams. Losers, on the other hand, like to play it safe.
risks ဆုိုတာ အန္တရာယ်ကိုဆိုပါတယ်။ အောင်မြင်ချင်ရင် စွန့်စားရဲရမယ်ပေါ့။ စာဖတ်သူအားလုံးဟာ တကယ် Winner တွေပါ။ အမေရိကားကို စွန့်စွန့်စားစားရောက်လာခဲ့တယ်မဟုတ်လား။ စွန့်စားခဲ့ရကျိုးနပ်ပါတယ်နော်။
နောက်ဆုံးအနေနဲ့ ဥပမာလေးပေးရမယ်။
When Mg Mg started his business, he had to borrow a lot of money. He was worried that he would be in debt for a long time, but knew he had to take the risk. Today he is a very successful businessman.
ရှင်းပါတယ်နော်။ အကြွေးယူရဲပြီး စီးပွားရေးလုပ်ခဲ့တော့ ယနေ့သူဟာ သန်းကြွယ်သူဌေးကြီးဖြစ်လာတာပေါ့။ စားရေးသူတို့လို အကြွေးမယူရဲသူကျတော့ Lexus တို့ BMW တို့ကို အဝေးကပဲငေးပြီး ကြည့်နေရတုန်းပါ။ဒီဝါ ကျလေးတွေကို သင့်တော်တဲ့ Transition လေးတွေသုံးပြီး ဆက်ပေးလိုက်တဲ့အခါ လှပတဲ့ဝါကျလေးတွေ ဖြစ်လာပါတယ်။ ကွာခြားချက်နှစ်နှင့်သုံးတို့ကိုလည်း အလားတူ-
state the difference, explain the difference and provide a relevant example လုပ်ပေးရပါတယ်။ ကွာခြားချက် သုံးခုစလုံးကို ဖော်ပြပြီးတဲ့အခါမှာ လိုအပ်တဲ့ transition words လေးတွေ ထည့်ပေးလိုက် တဲ့အခါမှာ ဖော်ပြပါ paragraph လေး ရလာပါတယ်။
There are three main differences between winners and losers. First and foremost, Winners are more willing to take risks than losers. Winners know that they must take risks in order to achieve their dreams. Losers, on the other hand, like to play it safe. For example, When Mg Mg started his business, he had to borrow a lot of money. He was worried that he would be in debt for a long time, but knew he had to take the risk. Today he is a very successful businessman. The second difference between winners and losers is that winners are persistent whereas losers tend to give up too easily. Losers want to be successful, but lack the will power to stay the course. Winners, in contrast, are willing to try and try again until they succeed. My neighbor, Hla Hla, for instance was rejected the first three times she applied for a visa to the US. Because she didn’t give up, she was able to get a visa on her fourth try and today she is a US citizen with a high-paying job. Finally, winners always give it their all. They never slack off and would not dream of slowing down until they reach their goal. Losers, however, tend to ease up as soon as the end is in sight and thus are often victimized by a hard charging winner. We all know the story of the tortoise and the hare. The hare slowed down and even took a nap once he was in front and of course ended up losing the race to the hard charging tortoise who never stopped working.
နောက်ဆုံးအနေနှင့် conclusion လေးထည့်ပေးဖို့ပဲလိုပါတယ်။ conclusion ကိုရေးတဲ့နေရာမှာလည်း အချိန်ယူပြီးစဉ်းစားပါ။ တချို့က conclusion မှာ summary လေးရေးလေ့ရှိတယ်။ အချို့ကတော့ topic sentence လေးကိုဘဲပြန်ပြီး အခြားဝေါဟာရလေးတွေနဲ့ restate လုပ်လို့လည်းရပါတယ်။ စာရေးသူကတော့ ဒီနေရာမှာ မေးခွန်းလေးနဲ့အဆုံးသတ်ပြမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဝါကျ တခုတည်းသာရေးဖို့လိုသော်လည်း ဒီနေရာမှာ ပိုမိုလှပအောင် နောက်ထပ်ဝါကျလေးနှစ်ခု ထပ်ထည့်ထားတာဖြစ်ပါတယ်။ အားလုံး အောင်မြင်သူများဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
In conclusion, we can all be winners by taking risks, being persistent, and always giving it our all. Do you want to be a winner or would you prefer to be a loser? The choice is yours.