နေပြည်တော်ရှိ ကျပ်ငါးသိန်းတန်ဖုန်းများကို တစ်နိုင်ငံလုံးအနှံ့ သယ်ဆောင်အသုံးပြုနိုင်တော့မည်

klnSeptember 7, 20101min681

နေပြည်တော်တွင် ချထားပေးလျက်ရှိသော ကျပ်ငါးသိန်းတန် ကမ်းရိုးတန်းဖုန်းဟု လူသိများသည့် စီဒီအမ်အေ ၄၅ဝ မဂ္ဂါဟတ်ဇ်မိုဘိုင်းဖုန်းများကို လာမည့်တစ်လအတွင်း တစ်နိုင်ငံလုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုဖုန်းများကို မူလက နေပြည်တော်ဒေသအတွင်းသာ သုံးစွဲနိုင်မည့် Local Mobile အဖြစ် ချထားပေးခဲ့ခြင်းဖြစ်ပြီး ဝ၉- ၄၉ နံပါတ်ဖြစင့် စတင်သောဂဏန်း ၁ဝလုံးပါဖုန်းများဖြစ်သည်။ “ဒီဖုန်းတွေကို Roaming Charges တစ်ခုအနေနဲ့ ကောက်ခံပြီး တနိုင်ငံလုံးသုံးစွဲနိုင်အောင် ဖွင့်ပေးသွားမှာပါ။ ဒါပေမယ့် သုံးစွဲခကို လစဉ်ကြေးအနေနဲ့ ကောက်ခံသွားမှာလား၊ ပြောဆိုခအနေနဲ့ ကောက်ခံမှာလားဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါဖုန်းများအတွက် လက်ရှိ ကောက်ခံသည့် ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ကျပ်ငါးဆယ်ဖြစ်ပြီး စက်တင်ဘာ ၁ရက်မှစတင်ကာ ဖုန်းခေါ်ဆိုခများအတွက် ကြိုတင်ငွေပေးကတ်စနစ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ထိုဖုန်းများကို တစ်နိုင်ငံလုံးအနှံ့သယ်ဆောင်အသုံးပြုခွင့်ပေးမည်ဖြစ်သော်လည်း ဖုန်းကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းကို ပြောင်းလဲသတ်မှတ်မည်မဟုတ်ကြောင်း သိရသည်။

One comment

  • လင်းဝေကျော်

    September 7, 2010 at 9:12 am

    နေပြည်တော်က ငါးသိန်းတန်မှ တပြည်လုံးပြောလို့ရမှာလား?
    တခြားက ငါးသိန်းတန်တွေကရော ဘယ်လိုတုန်း ?

Leave a Reply