Learning to write in English (7)- Professor Myo Kyaw Myint

kaiJune 27, 20194min3202



 အရင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် Winners and Loser ဆိုတဲ့ နမူနာ paragraph လေးကိုဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူတွေကမြန်မာပီပီ ဉာဏ်ရည်ထက်မြတ်ကြတော့ နမူနာလေးတစ်ခုလောက်နဲ့ဘဲ Compare and contrast paragraph တို့ကို ကောင်းကောင်းရေးတတ်သွားလောက်ပါပြီ။ ဒါပေမဲ့ ထပ်မံပြီးလေ့ကျင့်ကြပါဆိုလျှင် မည်သူမျှ ငြင်းကြလိမ့်မည် မထင်ပါ။ practice makes perfect ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒီတော့ ဒီလမှာ Givers and Takers ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Paragraph လေးတစ်ပုဒ် ထပ်ပြီးရေးကြရအောင်။ ဦးစွာပထမ topic sentence လေးကိုရေးရမှာပါ။ အားလုံးမှတ်မိကြပါတယ်နော် ။ ဆိုပါစို့
There are three main differences between givers and takers. လို့ရေးလိုက်မယ်ဆိုရင် တမျိုးကြီး ဖြစ်နေတယ်။ Takers ဆိုတာဘာလည်း Givers ဆိုတာဘယ်သူလဲမေးစရာရှိပါတယ်။ Givers တို့Takers တို့ဆိုတာ အများသုံး နေကြဝေါဟာရလေးတွေမဟုတ်ဘူးလေ။ သုံးနေကြဝေါဟာရလေးတွေတောင် ခေတ်ပြောင်းသွားရင် အဓိပ္ပါယ် ပြောင်းသွားတတ်ပါတယ်။ ဗိုလ်ချုပ် ဆိုတဲ့ ဝေါဟာရလေးကိုကြည့်လေ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က တကယ်လေးစား စရာ၊ တကယ်တန်ဖိုးရှိတဲ့ စကားလုံးလေးပါ။ ခုခေတ်ကြတော့ မေးစရာလေးတွေဖြစ်လာပြီ၊ ဘာချုပ်တာလည်း ဆီးချုပ်တာလား၊ဝမ်းချုပ်တာလား၊ဒီမိုကရေစီသမားတွေကိုဖမ်းချုပ်တာလား။ လေးစားဖို့မထိုက်တဲ့ ဝေါဟာရလေးဖြစ်သွား ပြီလေ။ ထားပါတော့လေ- topic sentence အကြောင်းပြန်ဆက်ရအောင်။ ဒီလိုလေးပြင်ပေးရအောင်။
– Everyone in the world can be divided into two groups- givers and takers and there are three major differences between the two.
ဒီလိုရေးလိုက်တော့ နည်းနည်းပိုရှင်းသွားတာပေါ။့ Givers ဆိုတာပေးဆပ်သူများပေါ့နော်။ Takers ဆိုတာ ရယူသူများပေါ့နော်။ ဥပမာအားဖြင့် မိသားစုတစ်ခုကိုကြည့်မယ်ဆိုရင် ကလေးတွေဟာငယ်ရွယ်စဉ်ကတော့ Takers တွေပေါ့။ မိဘတွေက Givers တွေပေါ့။ အဲ့မိဘတွေ အိုစာလာတဲ့အခါ ပြောင်းပြန်ဖြစ်သွားလေ့ရှိတယ်။ သားသမီးတွေက Givers တွေဖြစ်လာပြီး ၊မိဘနှစ်ပါးကTakers အဖြစ်အသွင်ပြောင်းသွားတတ်ပါတယ်။ ကဲ ဒီGivers နဲ့ Takers တို့ရဲ့ကွာခြားချက်ကလေးတွေကို ချပြီးရေးကြည့်ကြရအောင်။ List လုပ်ကြည့်ကြပါစို့။
Givers Takers
-Enjoys helping others enjoys receiving help from others
-More concerned with well-being of others more concerned with their well-being
-Less concerned with their well-being less concerned with well-being of others
-Feel powerful and has confidence feel powerless and lacks confidence
-Hight self-esteem low self-esteem
ဒီလို အချက်အလက်တွေ စုံလင်ပြီဆိုတော့ မိမိနှစ်သက်တဲ့အချက်လေး ၃ခုကိုရွေးချယ်လိုက်ပါ။ ဥပမာ-
င်္င်္First of all, givers enjoy helping others. It is what makes them happy. My cousin-Zaw Zaw-for instance, is happiest when taking care of his elderly father. He always has a big smile on his face when he is with his dad. On the other hand, takers love receiving help from others. They are happiest when someone has given them something be it money or gifts or some sort of service. For example, whenever, I return to Myanmar and hand out gifts to my relatives, I can see their eyes lit up with joy as they receive Rolex watches, Louis Vuitton Bags, and I-phones.
ပေးဆပ်သူများနဲ့ ရယူသွားများရဲ့ ကွားခြားချက်လေးတွေကို သဘောပေါက်ပါတယ်နော်။ ကဲ ဒုတိယအချက်လေးကို ရွေးချယ်ပြီး ခရီးဆက်ကြပါစို့။
Secondly, givers are more concerned with others’ well-being. A giver often sacrifices his or her desires in order to fulfill the needs of someone he or she loves. A mother taking care of her baby can go for days without adequate sleep because of her love for her baby. In contrast, takers are concerned only with their own well-being. They never take the well-being of others into consideration. A baby crying for milk only knows it wants milk. It doesn’t know that the mother has to get up early in the morning to go to work and needs to sleep.
Takers တွေဟာ တကယ်တော့ မြန်မာပြည်ကိုကယ်တင်ခဲ့တဲ့ဆိုတော့ စစ်ဗိုလ်ကြီးတွေလိုပါပဲ ။ ဇနီးသားသမီးတို့က ရောက်ဖူးချင်တာပဲသိတယ်။ ပြည်သူတွေထမင်းငတ်နေတာကိုတော့ သိလည်းမသိဘူး။ သိလည်းဂရုမစိုက်ပါ ဘူး။သမီးတွေဇနီးတွေက စိန်လက်စွပ်ကြီးကြီးဝတ်ချင်တာပဲသိတယ်။ ပြည်သူတွေကုန်းကောက်စရာ မရှိတာကြတော့ မမြင်ချင်ယောင်ဆောင်နေပါတယ်။ ထားပါတော့လေ- နောက်ဆုံးအချက်လေးကိုကြည့်ကြရအောင်။
Finally, givers tend to feel powerful and have a lot of confidence in themselves. They usually feel good about themselves. For instance, one of the prime givers in the world-the Dalai Lama- is always smiling and always in a good mood. He has so much “love” to give to the world that it makes him strong and confident. In contrast, takers feel powerless and lack confidence. They have low self-esteem and feel terrible about themselves. For instance, the homeless people we see on the streets are rarely happy and have no confidence in themselves.
Conclusion လေးကိုတော့ နောက်လကြမှ ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ စာဖတ်သူတို့လည်းရေးကြည့်ကြပါ။ Conclusion ဆိုတာ ဝါကျလေးတစ်ကြောင်းတည်းပါ။ နောက်လမှ နမူနာလေးရေးထားတဲ့ Conclusion နဲ့ယှဉ်ကြည့် ကြပေါ့။စာဖတ်သူများရေးထားတဲ့ Conclusion လေးက ပိုတောင်ကောင်းနေမှာပါ။ အရင်လက ကတိပေးထားတဲ့အတိုင်း 3 line poems လေးတွေဖော်ပြဖို့ အချိန်ရောက်လာပါပြီ။ စာရေးသူရဲ့ E-mail လေးကိုဖော်ပြပေးခဲ့တဲ့အယ်ဒီတာအဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ အကြောင်းကတော့ ဒီလိုဖော်ပြပေးခဲ့တဲ့အတွက်တပည့်ဟောင်းလေးတွေတော်တော်များများနဲ့ပြန်လည်ဆက်သွယ်မိပါတယ်။ ယခုလမှာတော့ ဂျပန်က တပည့်ဟောင်းလေးဖြစ်သူ ယုလှိုင်ရဲ့ ကဗျာလေးကိုဖော်ပြပေး ပါ့မယ်။ Myanmar Gazette က ဂျပန်အထိရောက်သွားတာ အံဩစရာပေါ့နော်။
-In the moonlight
-Standing alone
-I am missing you
ယုလှိုင်က ဂျပန်လိုပါကျွမ်းနေပေမဲ့ အင်္ဂလိပ်စာလည်းမမေ့သေးတာတွေ့နိုင်ပါတယ်။သူ့ခမျှာ အမေရိကားရောက်နေတဲ့ တချို့မြန်မာတွေလိုပါဘဲ။ အမေက ရန်ကုန်မှာ ကျန်နေခဲ့တော့လွမ်းလို့ အမေအတွက်ရေးထားတဲ့ကဗျာလေးပါ တဲ့။နောက်လကြမှာ အခြားကဗျာလေးတွေဖော်ပြပေးပါအုံးမယ်။ ဒီလမှာတော့ နားကြပါစို့။

2 comments

  • Thint Aye Yeik

    July 9, 2019 at 3:20 am

    နားလည်လွယ်အောင်
    ရှင်းပြတတ်တာရယ်…
    ရိုးရှင်းတဲ့ဥပမာတွေရယ်ကြောင့်
    အစဉ်အမြဲ ဝင်ဖတ် လေ့လာနေမိတဲ့ သင်ခန်းစာတွေပါ။
    ကျေးဇူးပါ။

    practice makes perfect ဆိုတော့ကာ…
    practice လုပ်ဖို့ ရုံးက ဘိုမကြီးကို စကား သွားပြောလိုက်ပါအုန်းမယ်…
    Bye!

  • manawphyulay

    July 10, 2019 at 3:18 am

    အမှန်တော့ ဒီသင်ခန်းစာက အရင်သင်ခန်းစာတွေထက် မနောအတွက်တော့ နည်းနည်းပိုခက်ခဲတယ်လို့ မြင်မိတယ်။ ဘာကြောင့်လည်းဆိုတော့ အင်္ဂလိပ်စာအားနည်းတာလို့ပြောချင်မိတယ်။ ခုနောက်ပိုင်း သိပ်လည်းမလေ့လာဖြစ်တာလည်းပါတာပေါ့လေ…. ဆက်လက်ကြိုးစားဖတ်မျှတ်ဖို့ အများကြီးလိုသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်မိတယ်။

Leave a Reply