LGBT

Mon LayJune 28, 20192min58802

ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။

#credit from 7 days news

စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို ဖေးမမယ်မရှိ နှိပ်ကွပ်ပြီး အများသိအောင် ကြေညာပေးမိတာကိုက တော်တော်လေးလွန်နေပြီလို့ မွန်လေးကတော့ထင်တယ်။

ခုခေတ်ကတော့ ပွင့်ပွင့်လင်းလင်းရှိလာလို့ ဘယ်သူက LGBT မှန်းသိတာ အရမ်းလွယ်တယ်။ မွန်လေးတို့ငယ်ငယ်တုန်းထဲကလည်း အခြောက်တို့၊ ယောကလျာဆိုတာ ရှိနေတာပဲလေ။ ငယ် ငယ်တုန်းက အတူတူဆော့ခဲ့တဲ့သူတွေထဲမှာတောင် အခြောက်တွေရှိခဲ့တာ။ သူတို့နဲ့ခင်ရတာ အရမ်းပျော်ဖို့ကောင်းတယ်။ သနားဖို့လည်းကောင်းတယ်။ ယောကျာ်းခန္ဓာကို်ယ်နဲ့ မိန်းမစိတ်ဖြစ်နေကြတာလေ။ ခင်တော့ မေးဖူးတာရှိတယ်။ ဘာလို့အဲလိုနေနေတာလဲပေါ့နော်။ သူတို့ကပြောတယ်။ မနေချင်ပါဘူးတဲ့…ဒါပေမဲ့အချိန်တန်လာရင်..သူ့အလိုလိုဖြစ်လာတာတဲ့။ ဘဝကဝဋ္ဌ်

ကြွေးပဲပေါ့တဲ့။ ဟုတ်တယ်လေ..ဘယ်သူကအဲလိုဖြစ်ချင်မှာလဲ။ ယောကျာ်းဆိုယောကျာ်း၊မိန်းမ

ဆိုမိန်းမပဲဖြစ်ချင်ကြမှာလေ။

ခုကအဲလိုကံအကြောင်းမလှလို့ဖြစ်နေတာကို သိရဲ ့နဲ့ အတင်းဝန်ခံခိုင်းတာတော့ လူ့အခွင့်အရေးချိုးဖောက်တာလို့ မွန်လေးမြင်မိတယ်။ LGBT ဖြစ်နေတော့ရော..ဘာဖြစ်လဲ။ သူလုပ်နေတဲ့

လုပ်ငန်းကိုထိခိုက်နေလို့လား။ သူအဲလိုဖြစ်နေလို့ လုပ်ငန်းမှာ ပျက်ကွက်တာမျိုးဖြစ်နေလို့လား။ သူ့ဖာသာသူ ဘာကြီးပဲဖြစ်နေ နေ..လုပ်ငန်းမှာအဆင်ပြေအောင်လုပ်နိုင်ရင်ပြီးရောလေနော်။ ခုက နှိပ်ပါကွပ်ပြီး သူများကိုပါစောင်းမြောင်းအတင်းတုပ်လိုက်သေးတာ။

ပြီးတော့ သေဆုံးသွးာသူကောင်လေးကလည်း ဒီလိုစောင်းမြောင်းပြောဆိုနေတာကို ဂရုမစိုက်ဘဲ နေပြရမယ်လေ။ သေစရာမှမလိုတာ။ အရမ်းစိတ်ညစ်လာရင်လည်း အလုပ်ကထွက်ပလိုက်ပေါ့။ မဟုတ်ဘူးလား..ဖြေရှင်းစရာအများကြီးရှိတယ်လေ။ ခုတော့အဖွားခမျာသနားဖို့ကောင်း

လိုက်တာ။

ဒီအကြောင်းနဲ့တိုက်ဆိုင်လို့ မွန်လေးကြုံတွေ့ခဲ့တာလေးပြန်ရှယ်ချင်ပါတယ်။ မွန်လေး နာမည်ကြီး တိုးကုမ္ပဏီမှာလုပ်ခဲ့တုန်းက ပေါ့နော်။ အဲ့ရုံးမှာ 360 လို့ခေါ်တဲ့ စနစ်တစ်ခုရှိတယ်။ တစ်နည်းအားဖြင့် ဝန်ထမ်းတွေရ ဲ့ပြောဆိုပုံတွေ၊ လုပ်ပုံကို်င်ပုံတွေကို ကောင်းမကောင်းပြန်ဝေဖန်ပေးတဲ့ စနစ်ပေါ့နော်..company ကတော့ ဝန်ထမ်းတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာကို ပိုပြီးကောင်းလာအောင်လုပ်ပေးတဲ့စနစ်။ တကယ်တမ်းကျ ဝန်ထမ်းအချင်းချင်းရန်တိုက်ပေးတဲ့ စနစ်ကြီးဖြစ်နေတယ်။ တခါက hotel inspection ကိုနယ်ဘက်သွားတာ ညဘက်ဆို အလုပ်ကိစ္စပြီးပြီးလေ။ ကျန်တာကိုယ်ပိုင်အချိန်ဘာပဲလုပ်လုပ်မဟုတ်လား။ အဲဒါကို ရန်ကုန်လည်းရောက်ရော..ပြန်တိုင်ခံရပါလေရော..သူတို့လည်း သူတို့ကြိုက်တာသူတို့လုပ်တာပဲလေ။ ကိုယ်ဖြင့်တိုင်ဖို့တောင်စိတ်ကူးထဲမရှိ။ သူတို့တွေကအဲလိုတွေလုပ်တာ။

နောက်တစ်ရုံးကျတော့ ကိုယ်ကလုပ်ငန်းခွင်အရင်ဝင်ရင် senior လေနော် မဟုတ်လား။ သူဌေးကလည်းမှာထားပြီးသား။ အဲဒါကိုယ်ကသက်ဆိုင်တဲ့သူကိုအလုပ်လွှဲပေးတာကို သူ့ကိုဆရာကြီးလုပ်တယ်..ဘာဖြစ်တယ်ဆိုပြီး သူဌေးကိုပြန်တိုင်တယ်။ သူဌေးမကတော့ ကိုယ့်ကိုမဆူပါဘူး။ နောက်ဆိုအဲ့ကောင်မလေးကိုပဲသတိထားနေဆိုပြီး ပြောပြတယ်။ ကိုယ်နဲ့ခင်တဲ့ တခြားသူတွေကိုလည်းလျှောက်ပြောလိုပြော။

လူဆိုတာမကောင်းတာလုပ်ရင်ပေါ်တာပဲလေ။ နောက်ဆုံးသူအလုပ်ထွက်သွားရတာပဲ။ ဒီလိုပါပဲ..လုပ်ငန်းခွင်မှာ ကို်ယ်ကမှန်အောင်နေလည်း..အတိုက်အခံတွေကရှိတယ်။ မမှန်အောင်နေရင်လည်း အပြောခံရတယ်။ စိတ်ညစ်စရာတွေကတော့ရှိတာပဲလေ..အဲ့စိတ်ညစ်စရာတွေကို ဖြေရှင်းဖို့က အဆုံးစီရင်ဖို့မှမဟုတ်ဘဲ။ ခွင့်လွှတ်ပေးပြီး မေတ္တာပို့ပေးတာ အကောင်းဆုံးပဲမှတ်လား။ မွန်လေးကတော့ အဲလိုနည်းလမ်းနဲ့ပဲ ရှင်သန်နေရင်းစာတွေအများကြီးဆက်ရေးပါဦးမယ်လို့။

FILE PHOTO: Gay rights activist Chi Chia-wei waves a rainbow flag during a rally to support the upcoming same-sex marriage referendum, in Taipei, Taiwan November 18, 2018. REUTERS/Tyrone Siu/File Photo – RC1972FD7900

2 comments

  • kai

    July 12, 2019 at 6:17 am

    ကြားနဲ့မ ပငြျးစရာကွီးဖွဈလာလို့.. အသဈထှငျကွတယျပဲ ထားပွီး..
    LGBTQ ‌တှအေတှကျ.. ကုနျပစ်စညျးအသဈတှေ ထုတျကွ.. ဘဈဇနကျအသဈတှလေုပျကွ…

  • Shar Thet Man

    July 18, 2019 at 10:42 am

    ဘာ ဖောင့်နဲ့ ရေးတာပါလဲ..ဖတ်မရပါ

Leave a Reply