လုပ်ခဲ့ဖူးတဲ့ Adventure တွေထဲက တစ်ခု Sea Walker

Mon LayJuly 6, 20193min2920

Sea Walker ဆိုတာ ရေ အောက်ကြမ်းပြင်မှာလမ်းလျှောက်ပြီး နီမိုငါးလေးတွေကို အနီးကပ်ကြည့်တဲ့ Activity ပါ။ မွန်လေးဘာလီသွားတုန်းကတော့ လုပ်ခဲ့တယ်။ အရမ်းမိုက်တယ်။ အစာလည်းကျွေးလို့ရတယ်။ ကိုယ်ဖြင့်ကျွေးချင်ပါတယ်။ မှတ်တမ်းတင်ဓါတ်ပုံရိုက်နေရတာကလက်တစ်ဖက်၊ ကျန်လက်တစ်ဖက်ကလည်း တန်းကိုကိုင်ထားရလို့ မကျွေးခဲ့ရဘူး။

#Sea Walker လုပ်နို်င်တဲ့နေရာများ

အရှေ ့တောင်အာရှမှာ Sea walker လုပ်မယ်ဆို

#Thailand

Bangkok ကိုသွားရမယ်။ Pattaya ကမ်းခြေမှာရှိပါတယ်။

#Vietnam

Hoi an ကိုသွားရမယ်။ Cham ကျွန်းမှာရှိပါတယ်။

#Indonesia

Bali ကိုသွားရမယ်။ Tanjung Benoa ကမ်းခြေမှာ ရှိပါတယ်။ အရင်ကဆိုသူက တံငါရွာသာသာပဲ။ ခုကျမှ ဇိမ်ခံဟိုတယ်တွေ၊ ကမ်းခြေမှာ ဆော့ဖို့ water activities တွေလုပ်လာလို့ပိုပြီးစည်ကားလာတယ်ပြောပါတယ်။ ကိုယ်တွေအဖွဲ့ထဲက ၂ယောက်က parasailing adventure လုပ်ပြီး ကျန် ၈ယောက်ကတော့ sea walker လုပ်ကြပါတယ်။ လုပ်လို့ရ

တဲ့ activities တွေက Parasailing (၁ ယောက်), Parasailing Adventure (၂ယောက်), Banana boat, Jet Ski, Glass Bottom Boat, Donut slider, Diving, Snorkeling, Sea Walker, Jigging Fishing, Fishing, Spear Fishing, Mangrove Tour, Dolphin tour နဲ့  Turtle island တို့ပဲဖြစ်ပါတယ်။ အဲ့မှာ ကိုယ်နာမည် အသစ်တစ်ခုရလိုက်လေရဲ့။ Sea Walker တဲ့။ ကိုယ်ကမဲဆွယ်အားကောင်းတာလေ..Sea Walker လုပ်ဖို့ ..ရန်ကုန်မှာမရှိဘူး နော်..မြန်မာနိုင်ငံမှာမရှိဘူးနော်..ဘာလီမှာပဲရှိတာ..ကျန်တာတွေက ဘန်ကောက် သွားပြီးစီးလည်းရတယ်..ငွေဆောင်သွားပြီးစီးလည်းရတယ်ဆိုပြီးပြောလိုက်တာ..၈ယောက်လောက်ကိုယ်နဲ့အတူတူ sea walker လုပ်ဖို့လူရသွားရော။

#Sea Walker ဆိုတာ

သူကရေအောက်ထဲမှာ နီမိုငါးလေးတွေကို အစာကျွေးပြီး အနီးကပ်သွားကြည့်တာလေ။ တစ်ဖွဲ့ကို ၄ယောက်စီတစ်ခါကြည့်ရပါတယ်။ ဝတ်စုံပေးတယ်။ အောက်ပိုင်းကတော့ ကိုယ်ဝတ်ချင်တာဝတ်။ ကမ်းခြေကနေ speed boat နဲ့ ၅ မိနစ်လောက်နေရာရောက်အောင် သွားရတယ်။ မစီးခင် သင်္ကေတတွေသင်ပေးတယ်။ အောက်ကိုဆင်းမယ်ဆို လက်မကို အောက်ဆိုက် ပြရတယ်။ အပေါ်ကိုတက်တော့မယ်ဆို လက်မကိုအပေါ်ထောင်ပြရတယ်။ အသက်ရှုရတာ ပြသာနာတစ်ခုခုဖြစ်ရင် လက်ကိုဒေါင်လိုက်ခါပြရတယ်။ ဆင်းဆင်းချင်းနားအူမယ်။ အဲလိုဆို တံတွေးမျိုချရတယ် ဆိုပြီးပြောပြတယ်။ ရေတော့မကူးမိပါစေနဲ့တဲ့။ ပြီးတော့ရေအောက်မှာလမ်းလျှောက်ဖို့ဖိနပ်စီးရတယ် အောက်ခြေကြမ်းပြင်က ကြမ်းလို့။ ရေကိုယပ်လို့ရလောက်တဲ့ဖိနပ်ပေါ့။ အဲဒါနဲ့သူတို့ လှေ ပေါ်ကနေ ရေအောက်ကိုလှေကားထစ်တွေအတိုင်းဆင်းရော..ဆင်းရင်းနဲ့ရေဆိုတာအေးလိုက်တာ..အရမ်းပဲ..လည်ပင်း လောက် ထိနစ်သွားတော့မှ ခေါင်းကိုအစွပ်ကြီးလာပေးတယ်..video ထဲမှာကြည့်ပေးနော်။ အဲ့တာကြီးနဲ့ အနောက်က တစ်ယောက်ကဆွဲခေါ်သွားတော့..ကိုယ်တော့သွားပြီပေါ့..တိုင်းတစ်နစ်ကားထဲမှာ မင်းသမီးက မင်းသား ကို အသက်မရှိတော့မှန်းသိလိုက်တော့ ရေထဲကိုလွှတ်လိုက်တဲ့ဖီလင်မျိုးခဏတဖြုတ်ခံစားလိုက်ရတယ်။ ရိုတာ။ ပြီးတော့ရေအောက်ထဲရောက်သွားရော.. ရေကူးတတ်တဲ့သူဖြစ်လို့လားမသိ..ခြေထောက်က ရပ်ကိုမရ၊ခတ်ချင်မိနေတာ..ရေငုပ်သမားတစ်ယောက်က ခြေထောက်ကိုမိချပေးမှ ကျသွားလေရဲ့။ အဲဒါနဲ့လက်တန်းကိုကိုင်ပြီးစမ်းစမ်းပြီးလျှောက်သွားတယ်ပေါ့။ ဒါမဲ့ ရေတွေလည်ပင်းနားထိရောက်လာတော့ နည်းနည်းတော့စိုးရိမ်သွားတယ်။ တဖြည်းဖြည်းတက်လာမယ်ထင်တာ။ ကိုယ်တစ်ယောက်ထဲလားပေါ့။ မဟုတ်ပါဘူး။ သူများတွေလှမ်းကြည့်တော့လည်း သူတို့လည်းအဲလိုပဲ။ ရေတွေကတက်မလာပါဘူး။ အဲဒါနဲ့ ကြောက်စိတ်ပျောက်ပြီး ဓါတ်ပုံတွေလိုက်ရိုက်တယ်ပေါ့။ နားတော့တော်တော်လေးအူတယ်။ ကိုယ်ကနားအူတာ၊ နားကိုက်တာဆို လုံးဝ မခံနိုင်တာလေ။ အဲဒါကြောင့် တံတွေးချည်းမျိုချတာ။ ကြာတော့ ပျောက်သွားတယ်။ ကိုယ်တို့နားမှာ ရေငုပ်သမားတွေက ရှိတတ်တော့ စိတ်ပူစရာတော့မရှိပါ။ နီမိုငါးလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲသိလား။ သိပ်လှတဲ့ရေအောက်ကမ္ဘာပါ။ Snorkelling ထက် ဒါကိုပိုကြိုက်တယ်။

#ကြာချိန်

speed boat နဲ့ကအသွားအပြန် 10မိနစ်၊ ရေအောက်ထဲမှာ 10မိနစ်

ရေကူးတတ်တတ်၊မတတ်တတ် ဆင်းလို့ရပါတယ်။ တကယ်ကိုဆင်းသင့်တဲ့ ကစားနည်းပါ။ မွန်လေးတို့အဖွဲ့ထဲအသက်(၇၀)အရွယ်အဖွားတောင်ပါသေးတာ။ ဒီတော့ ဘာလီကိုရောက်တုန်းရောက်ခိုက်စမ်းကြည့်ပါလို့။ စာရေးနဲ့လည်းမဲဆွယ်ပါတယ်လို့။ ဈေးကတော့ သူတို့ငွေ (၄သိန်း)ပါ..ဈေးဆစ်လို့ရတာ..အမှန်က (ရသိန်း) တောင်။

Video လည်းတင်ထားပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ မရိုက်လိုက်ရဘူး။ ဓါတ်ပုံတောင် time နဲ့ရိုက်ခဲ့တာ။ အောက်မှာ ရိုက်လိုက်၊ ပြန်ကြည့်လိုက် အချိန်မရသလို..လွယ်လည်းမလွယ်ဘူးလေ။

ဒီတော့ Sea Walker လုပ်ချင်တဲ့သူတွေ

  • ရေအောက်ကင်မရာယူသွားပါ။
  • Memory full မfull အရင်စစ်ပါ။
  • ရေကူးဝတ်စုံယူပါ။
  • အကျီအပိုတစ်စုံယူပါ။
  • ဆံပင်စည်းဖို့ ကလစ်တို့၊ ခေါင်းစည်းတို့ယူပါ။

#Bali

#actioncamera

#seawalker

#travelemperor