မြေအောက်မှာ မြို ့တည်…မြေပေါ်မှာ အပင်စို်က်..စည်းကမ်းကိုအရင်းတည်ထားတဲ့ ချစ်စရာနိုင်ငံလေး စင်ကာပူ

Mon LayJuly 18, 20196min2340

စင်ကာပူနိုင်ငံဆိုတာ မြန်မာနိုင်ငံနဲ့ယှဉ်ရင် မြေပုံမှာ အစက်ကလေးသာသာပဲရှိတာပါ။ လည်ပတ်စရာနေရာရယ်လို့ သိပ်ကောင်းကောင်းရှိလှတာမဟုတ်ပါဘူး။ ဒါပေမဲ့ အိုင်ဒီယာကောင်းတော့ ရှိတာလေးနဲ့ အလှဆင် ဆိုသလို ရှိတဲ့မြေပေါ်မှာ လည်းတို်က်တာတွေဆောက်တဲ့အပြင် မြေအောက်မှာပါ..တစ်နေရာနဲ့တစ်နေရာကို ကူးလို့ရအောင် လမ်းတွေ..ရှော့ပင်းတွေဆောက်ပြီး သွားလို့ရအောင်လုပ်ထားတာပါ။

မြေပေါ်ကျတော့လည်း အပင်တွေကို နေရာတိုင်းနီးပါးလိုက်စိုက်ထားတာတွေ့ခဲ့ရပါတယ်။

လမ်းတွေမှာလည်း..အမှိုက်ဆိုတာသစ်ရွက်ကလွဲပြီးဘာမှမရှိ။ ကွမ်းတံတွေးဆိုတာ အဝေးဆုံးမှာ..အဲလောက်ထိသန့်ရှင်းသပ်ရပ်နေတဲ့နိုင်ငံလေးပါ။ လမ်းဖြတ်ကူးမယ်ဆိုရင်လည်းကူးလို့ရတယ်ဆိုတဲ့ ဆိုင်းကိုပြထားမှဖြတ်ကူးရပါတယ်။ မဟုတ်ရင် ဒါဏ်ငွေ (၃သောင်း)ကောက်ပါတယ်။

အဲလိုသေးကွေးတဲ့နိုင်ငံလေးဆိုတော့..တိုးတက်တာမြန်တာလည်းမပြောနဲ့လေ။ အိမ်သေးသေးလေးမှာနေပြီး သန့်ရှင်းရေးလုပ်ရတာနဲ့ အိမ်ကြီးကြီးမှာနေပြီးသန့်ရှင်းရေးလုပ်ရတာနဲ့တောင် မတူဘူးလေနော်..ဒါပေမဲ့ အိမ်ကြီးကြီးမှာနေတဲ့ ကိုုယ်တွေနိုင်ငံလည်း တစ်နေ့နေ့တော့ စင်ကာပူလိုဖြစ်လာခဲ့ရင်တော့အကောင်းဆုံးပေါ့။

ပြောလက်စနဲ့ တခြားတိုးတက်ထားတာလေးတွေလည်း လေ့လာသလောက် ပြန်ရှယ်ချင်ပါတယ်။ အဲဒါကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ သူတို့နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးဆို ဘတ်စ်ကားနဲ့ မြေအောက်ရထား MRT ကိုပိုသုံးကြပါတယ်။ ဘတ်စ်ကားဆို ၁ထပ်ကားလည်းရှိသလို..၂ထပ်ကားလည်းရှိတယ်။ ၂ထပ်ကားစီးခဲ့တဲ့ အတွေ့အကြုံအသေးစိတ်ကို video နဲ့စာနဲ့ နောက်ပို့စ်မှာ ပြန်ရှယ်ပါမယ်။ နောက်တစ်ခုက မြေအောက်ရထား MRT ပါ။ လူမပါဘူး..စက်နဲ့ အလိုအလျောက်ထိန်းချုပ်ပြီး သွားတာပါ။ ဘတ်စ်ကားနဲ့ ရထားစီးဖို့ဆို လေဆိပ်မှာထဲက Singapore Tourist Pass ကိုဝယ်ရပါတယ်။ ဈေးက စလုံးဒေါ်လာ ၃၈ပါ။ ၃ရက်ကို ကြိုက်သသလောက်သုံး၊ ကြိုက်သလောက်နေရာသွားချင်သွားရတယ်။ နောက်ထပ်ထပ်ဖြည့်ချင်ရင်တော့ 7 eleven တို့၊ ရထားစီးခါနီးမှ ကောင်တာစက်မှာ ကိုယ်သွားချင်တဲ့မှတ်တိုင်ကိုနှိပ်ပြီး ကဒ်အသစ်တစ်ခုယာယီထပ်ထုတ်တာတို့လုပ်လို့ရပါတယ်။ အရေးအကြီးဆုံးကတော့ အင်္ဂလိပ်စာတတ်ဖို့ပါပဲ။ ကျန်တာအေးအေးပါ။ Grab Taxi လည်းဌားစီးလို့ရတယ်။ မြန်မာနိုင်ငံထဲက Grab app ကိုဒေါင်းသွားပါ။

#ဘာနဲ့သွားခဲ့လဲ

မွန်လေးသွားတုန်းကတော့ စင်ကာပူအဲလိုင်းနဲ့သွားခဲ့တာပါ။ Promotion ချတုန်းဝယ်ထားလိုက်တာဆိုတော့ တန်ပါတယ်။ အသွားအပြန်မှ (၁၉၀)ထဲရယ်။ စင်ကာပူကို ရောက်ဖို့ဆို MNA, MAI, Jet Star, Air Asia တို့ ရှိပါသေးတယ်။ ကိုယ်စီးခဲ့တဲ့ Singapore Airline ကတော့ တော်တော်မိုက်တယ်။ လူပေါင်း ၅၀ဝ ကျော်ဆန့်တယ်။ အစားအသောက်လည်းကောင်းတယ်။..ဝန်ဆောင်မှုလည်းကောင်းတယ်..TV လည်းကြည့်ကောင်းတယ် မြန်မာနိုင်ငံမှာ ရုံတင်ခဲ့တဲ့ကား US ကို စင်ကာပူအဲလိုင်းမှာ ကြည့်ခဲ့တယ်တို့ဘာတို့ ..Boeing လည်းကြီးတယ်…လေယာဉ်ပေါ်မှာအသံနားထောင်ဖို့ နားကြပ်လည်းပေးတယ်။ Recommend ပေးပါတယ်။ ကီလို၃ဝလည်းရတယ်။ လက်မှတ်ဝယ်မယ်ဆို Tel 01- 925 37 88ပါ။ နီးစပ်ရာအေဂျင့်တွေမှာလည်းဝယ်လို့ရပါတယ်။

တစ်ခုသတိထားဖို့က Immigrationဝင်တဲ့အခါ white card လိုပါတယ်နော်။ visa free ဆိုပေမယ့်လေ။ လေယာဉ်ပျံပေါ်မှာ မပေးခဲ့ရင် လေယာဉ်မယ်တွေဆီရအောင်တောင်းပါ။ ဒါမှမဟုတ် immigration နားကစားပွဲမှာလည်းယူပြီးဖြည့်နို်င်ပါတယ်။ Show Money ပြစရာမလိုသေးပါဘူး။ ကိုယ်စီးလာတဲ့ လေကြောင်းလိုင်းနံပတ်တွေကစပြီး စင်ကာပူမှာတည်းမယ့်နေရာ၊ သူတို့ဖြေခိုင်းတဲ့ (Yes/No) မေးခွန်းတွေကို သေသေချာချာ တစ်ခုမကျန်ဖြည့်ရင် အဆင်ပြေပါတယ်။ ပြီးရင် Immigration က officer တွေကမေးရင် ရေလိုက်ငါးလိုက်ပြောပေးလိုက်ပေါ့။ အဲဒါဆို အိုကေပြီသာမှတ်လုိုက်။ ကိုယ့်အလှည့်တုန်းကဆိုဘယ်ကလဲ..ဒီမှာသယ်ရင်းတွေရှိတာလားဆိုပြီးစကားဖောရောသောနဲ့ပုဂံက UNESCO ဖြစ်သွားပြီနော်ဆိုပြီး မြန်မာနိုင်ငံကို အလည်လာဖို့ဖိတ်ခဲ့လိုက်တယ်။အေးသာဖဲ။

#ဘယ်တွေလည်လို့ရလဲ

#Merlion_Park

သူကနာမည်ကျော် ပါးစပ်ကနေ ရေမှုတ်ထုတ်နေတဲ့ ခြသငေ့်္ခေါင်းနဲ့ ငါးမြီးရုပ်ထုရှိတဲ့နေရာပေါ့။ ဓါတ်ပုံရိုက်နေတဲ့သူတွေနဲ့ တော်တေ်ာကိုလူစည်ကားပါတယ်။ အဲ့ကနေ နာမည်ကျော် Marina Bay Sand ဟိုတယ်ကိုလှမ်းမြင်ရတယ်။ ဒူးရင်းသီးလို့ခေါ်တဲ့ Esplanade Theatre လည်းရှိတယ်။

#China_Town

ဗုဒ္ဓမြတ်စွယ်တော်ရှိတဲ့တရုတ်ဘုံကျောင်းကိုလည်းရောက်ခဲ့ပါတယ်။ ညနေ(၆)နာရီဆိုရင်တော့ပိတ်ပါတယ်။ အလကားဝင်ဖူးလို့ရပါတယ်။

#Universal _Studio

အာရှမှာ ဂျပန်နဲ့ စင်ကာပူကလွဲရင် ကျန်တဲ့နေရာမှာ Universal Studio မရှိပါ။ ဒီတော့ မရောက်မဖြစ် Travel bucket list ထဲမှာ သူကမရောက်မဖြစ်ပေါ့။ ကလေးရော လူကြီးရော ကြိုက်ကြမယ့် ကစားကွင်းအကြီးကြီးပါ။ သူ့ကိုသွားမယ်ဆိုရင်တော့ တစ်ရက်လောက်တော့ အချိန်ပေးရတယ်။ တန်းလည်းအရမ်းစီရသလို စီးစရာတွေရော ကြည့်စရာ show တွေရော အများကြီးရှိနေတာပါ။ ရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ Transformer Ride၊ The Mummy၊ Jurassic Park၊ Roller Coaster (2မျိုးရှိတယ် သိပ်ကြောက်ဖို့မကောင်းကိုရွေးစီးပေါ့) တို့ကိုတော့ အနည်းဆုံးစီးသင့်ပြီး Show တွေအများကြီးထဲကမှ Water World ကိုလည်းကြည့်စေချင်ပါတယ်။ သရုပ်ဆောင်ချက်တွေတော်တော်မိုက်တယ်။

#Clarke_Quay

စင်ကာပူ ရဲ့ Night Life ကိုအပြည့်အဝခံစားရမယ့်နေရာလေးပါ။ မြစ်ကမ်းနံဘေးမှာ ရှိပြီး
Bar တွေ Club နဲ့ လူငယ်တွေအကြိုက်နေရာတစ်ခုဆိုမမှားပါဘူး။ စင်ကာပူမြစ်ဘေးရဲ့လှပတဲ့ညနေခင်းနဲ့ဆိုတော့ အရမ်းသာယာတယ်။ Singapore ကိုရောက်ဖြစ်ခဲ့ရင် ဒီနေရာလေးကမဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုပါ။ ဘာလို့ဆို Clarke Quay, Singapore River ဆိုတာ Singapore ရဲ့ နိုင်ငံခြားသားစုံတဲ့ မျက်နှာစာဖြစ်လို့ပါပဲ။

#Adventure_cove

ရန်ကုန်ကလို water boom ပါပဲ။ နေရာတော့ စလုံးကပိုကျယ်တယ်။ စီးစရာပိုများတယ်။ လူတော့ အသေတန်းစီရတယ်။ မစောင့်ချင်ဘူးဆိုရင်တော့ express ticket လေးတွေကြိုဝယ်ထားလို့ရတယ်။ သူလည်းထပ်ခါထပ်ခါစီးမယ်ဆို တစ်နေကုန်ပါတယ်။ မွန်လေးတို့ကတော့ နေ့ဝက်ခွဲပဲအချိန်ယူခဲ့တယ်။ အထဲမှာ လော်ကာ အကြီးအသေးငှားလို့ရတယ်။ ပိုက်ဆံထည့်ပြီး ကိုယ့်ဖာသာလုပ်ရင်ပဲ။ လူကိုမလိုတာ သူတို့လုပ်ထားတဲ့ စနစ်လေးအရမ်းကြိုက်တယ်။ ကိုယ့်မွေးနေ့ရယ်၊ ကိုယ်ကြိုက်တဲ့အရောင်ရယ် register လုပ်ပြီး ပို်က်ဆံထည့်လိုက်ရင် လော်ကာပွင့်သွားရော။ ပြန်ဖွင့်ချင်ရင်လည်း password ပြန်ထည့်ပြီး အလိုအလျောက်ပွင့်သွားရော။ အကြိုက်ဆုံးကတော့ Bluewater Bay (ပင်လယ်အတု) တွေကော၊ pipeline plunge၊ dueling racer၊ spiral Washout၊ Adventure River တွေ။ ရေကြိုက်တဲ့ သူမို့လားမသိ။ အဲ့ဒီက Activity အကုန်လုံးနီးပါးကြိုက်တယ်။

#Peninsula_Plaza (or) #City_Hall

မြန်မာလူမျိုးတွေပဲရှိတဲ့ mall ပါ။ စားသောက်ကုန်၊ ငွေလွှဲတာကအစ..လေယာဉ်လက်မှတ်တွေလေည်း ဝယ်လို့ရတယ်။ ရောင်းတဲ့သူတွေကလည်း မြန်မာတွေချည်းပဲ။ Bata ဖိနပ်ဆိုင်ကလွဲလို့။

#Gardens_By_The_Bay

Flower Domeထဲမှာ ကိုယ်ပိုင်ဥယျာဉ်ကြီး လိုပဲ အပင်ပေါင်းစုံ ပန်းပေါင်းစုံတွေရှိတယ်။ မှန်လုံအဆောင်အဦးထဲမှာပဲ ပန်းမျိုးစုံတွေ နိုင်ငံအသီးသီးက ထင်ရှားတဲ့ အပင်တွေကို ပြထားတာပါ။

Cloud Forest – သူကအဲ့ဒီ မှန်လုံအဆောက်အဦးထဲမှာ ရေတံခွန်အတုကို ထည့်ထားတာ။ ကိုယ့်အတွက်တော့ထူးဆန်းတယ်မထင်မိပါ။

Super Tree Grove – Skyway ပေါ်လမ်းလျှောက်ရင်း Singapore ရဲ ့ အလှအပတွေကို bird’s eye view အနေနဲ ့ ကြည့်ရှုခံစားလို ့ရပါတယ်။ နေ ့ရော ညရော လှတဲ့နေရာလေးဖြစ်လို ့ ညနေခင်း နေမဝင်ခင်ထဲကသွားပြီး ညမီးတွေထွန်းတဲ့ထိ နေရင် day View ရော night View ပါ ရသနှစ်မျိုးခံစားနိုင်မှာပါ။ ညဘက်ဆို free lighting show လည်းရှိပါတယ်။

#MBS_Skypark

စင်ကာပူရဲ့ညရှုခင်းကို အပေါ်စီးကနေကြည့်မယ်ဆို skypark ကိုသွားလိုက်ပါ။ ဝင်ကြေးက စလုံးဒေါ်လာ (၂၃)ကျပ်ပါ။ နေရာက Marina Bay Sand Hotel L57, Hotel Tower 3မှာပါ။

#စားမယ်သောက်မယ် ဆိုတဲ့သူတွေအတွက်

စင်ကာပူက အစားသောက်တွေက ချိုပမေယ့် စားလို့ကောင်းပါတယ်။ မြန်မာငွေနဲ့တွက်ရင်တော့ ဈေးတော့ကြီးတယ်။ ။ သူတို့ငွေဆို မကြီးဘူးပေါ့။ နာမည်ကြီးပြီး စားကောင်းတဲ့အစားအစာတွေကတော့ ကြက်ဆီထမင်း၊ ကြက်သားဟင်း၊ ငါးခေါင်းဟင်း၊ ဂဏန်းမဆလာချက် နဲ့ ပလာတာတို့ပါပဲ။ food court တွေလည်းရှိပါတယ်။ အဲ့မှာလည်းစားလို့ရတယ်။

#နေထိုင်မယ်ဆို

Bugis Street ရယ်..Little India ရယ်..Clarke Quay နားရယ်နဲ့ China Town တို့မှာတည်းပါ။ ဈေးလည်းသက်သာပြီး သွားရလာရတာလည်းလွယ်ကူပါတယ်။

#ဈေးဝယ်ထွက်မယ်ဆို

#Orchard_Road

Brand တွေကြီးပဲ တစ်လိုင်းရှိတဲ့နေရာပါ။ ကမာ္ဘကျော်ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့ပြည့်နေတဲ့ Orchard လမ်းမကြီးကတော့ shopaholic တွေ မဖြစ်မနေရွေးချယ်ရမယ့် ပထမဦးစားပေးနေရာပါပဲ။ ဒီလမ်းမကြီးပေါ်ရောက်ပြီဆိုရင် ION Orchard ကိုအရင်ဆုံးဝင်ဖို့ အကြံပေးချင်ပါတယ်။ Kate Spade ၊ Louis Vuitton တို့လို နာမည်ကျော် Brand တွေသာမက လူကြိုက်များတဲ့ H&M ၊ Mango ၊ Zara တို့လို တံဆိပ်တွေကစောင့်နေပါလိမ့်မယ်။ Apple Store အကြီးကြီးလည်းရှိတယ်။

#Bugis_Street

ဈေးဝယ်ထွက်လို့ ကောင်းတဲ့နေရာတစ်ခုပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအဝတ်အစားဝယ်မယ့်သူတွေအတွက်ကတော့ Bugis ဟာ နိဗ္ဗာန်လို့ ပြောရင်မမှားဘူးနော်။ ပျော်စရာကောင်းတယ်၊ ဈေးသက်သာပြီး အမျိုးအစားစုံတယ်ဆိုတဲ့ ၃ချက်ဟာ Bugis ရဲ့ အဓိကဆွဲဆောင်မှုတွေပါပဲလို့။ လက်လီဆိုင် ၆၀ဝကျော်ထဲက ကိုယ်နဲ့လိုက်ဖက်မှာကို စိတ်ကြိုက်ရွေးချယ်နိုင်သလို ဝယ်ခြမ်းပြီးရင်လည်း လမ်းထဲမှာတင် စင်ကာပူရိုးရာအစားအသောက်တွေကို စားနိုင်တာကတော့ အချိုပေါ်သကာလောင်းသလိုပဲပေါ့နော်။

#China_Town

သူကတော့တရုတ်ပစ္စည်းတွေပေါတယ။် ဈေးလည်းပေါတယ်။ အိမ်အပြန်လက်ဆောင်တွေဝယ်လိုု့ကောင်းတယ်။

#Vivo_City

သူလည်းဈေးဝယ်လို့အရမ်းကောင်းတယ်။ Brand တွေရော..မBrand တွေရော မျှဝယ်လို့ရတယ်။ ရေမွှေးတွေ၊ အလှပြင်ပစ္စည်းတွေ ဝယ်ရတာရှယ်ပဲ။

#Robison Mall

သူ့ကိုလည်းနေရာတိုင်းမှာတွေ့ရပါတယ်။ ရေမွှေးတွေ၊ အလှပြင်ပစ္စည်းတွေ ဝယ်လို့ကောင်းတယ်။

#Marina Square

သူလည်းဝယ်လို့ကောင်းတယ်။ Brand တွေရှိတယ။် မွန်လေးတော့ ပတ်ပဲပတ်ခဲ့တယ်။

#Suntec_City

သူလည်း Brand ဆိုင်တွေရှိတယ်။ သူ့မှာ Wealth of fountain ဆိုတဲ့ရေပန်းကြီးရှိတယ်။ သိပ်လှပဲ။

#Marina_Bay_Sand_Mall

သူကတော့ သင်္ဘောပုံဆောက်ထားတဲ့ဟိိုတယ်ရှေ ့မှာရှိတာပါ။ ဘယ်ကြည့်ကြည့်Brand တွေပြီးပဲ။ သူ့ဟိုတယ်မှာလာတည်းတဲ့သူတွေကို အပြင်ထွက်သွားစရာပဲ..ဒီမှာတခါတည်းဝယ်လို့ရအောင်လုပ်ပေးထားတာပါ။ ဈေးတွေကလည်းရှယ်။ အထဲမှာတင်ရွာလည်နေတာ..Casino ခန်းမတွေထဲရောက်လိုက်၊ အပေါ်တက်ချင်တာ ဘယ်ကတက်ရမယ်မှန်းမသိ၊ ပြန်ဆင်းတော့လည်း ဘယ်ကပြန်ဆင်းရမှန်းမသိနဲ့ ဆိုင်ခန်းပေါင်း ၁၀ဝ ကျော်တောင်ရှိတာလေ။ အကုန်Brandပဲ။ အထပ်က ၃ထပ်နဲ့။ ၁လလောက် အဲ့မော်လ်ထဲမှာ ဟိုဖက်ဒီဖက်လမ်းလျှောက်၊ အပေါ်တက်အောက်ဆင်းလုပ်..တော်တော်လေးဝိတ်ကျသွားမယ်ထင်တယ်..ဟီး။

ဒီလောက်ရေးပေးထားရင်စင်ကာပူကို သွားလည်ဖို့ တော်တော်လေးစုံလောက်ပါပြီ။ ဒါပေမဲ့ သူတို့နို်င်ငံကစည်းကမ်းကြီးတဲ့အတွက်ကြောင့်ရော၊ ဈေးကြီးတဲ့အတွက်ကြောင့်ရော ဆောင်ရန်၊ရှောင်လေးပါထည့်ရေးပေးလိုက်ပါတယ်

-ရေဘူးအလွတ်လေးတွေဆောင်သွားပါ။ ရေထည့်တဲ့နေရာလေးတွေရှိပါတယ်။ ဘုံဘိုင်ရေကို သောက်လို့ ရပါတယ်။ သန့်စင်ပြီးသားပါ။ 7 eleven မှာဝယ်မယ်ဆို စလုံးဒေါ်လာ ၂ကျပ်ကစပါတယ်။ဒါတောင်အသေးနော်။

-Wet tissue ဖြစ်ဖြစ်၊ ရိုးရိုး tissue ဖြစ်ဖြစ် ဆောင်ပါ။ အိမ်သာထဲမှာ ရေမရှိတတ်ပါ။ တချို့ အိမ်သာဆို အထဲမှာtissue မထားလို့ ဝင်ခါနီးကိုယ်ကသတိထားမိတော့ အပြင်ကtissue တွေယူသွားခဲ့ရပါတယ်။

-ဦးထုပ်ယူသွားပါ။ လမ်းလျှောက်ရတာများတဲ့အတွက်ကြောင့်ပါ။ စလုံးကနေတော့တော်တော်ပူပါတယ်။

-ရထားစီးတဲ့အခါ MRT card ဖြတ်ပီးပီးဆိုတာနဲ့ ရေ/မုန့် ဘာမှ စားလို့မရပါဘူး

-ပီကေ မစားရပါဘူး ရောင်းလည်းမရောင်းပါဘူး

-ဓါတ်လှေကားစီးရင် ဘယ်ဘက်ကပ်စီးရပါတယ်

-ဘယ်နေရာမှာမှ အမှိုက်ပစ်လို့မရပါဘူး

– လမ်းကူးရင် မျဉ်းကြားကနေ ကူးပါ။ လူကူးမီးစိမ်းမှ ကူးပါ။

-SGD100 အထက်ကို ၁ဆိုင်တည်းမှာဝယ်ရင် GST Refund လျောက်လို့ရပါတယ်။ passport original ပြရပါတယ်။ Changi airport ရောက်မှ claim လို့ရတယ်။ GST Refund ဆိုပြီးကောင်တာရှိပါတယ်။

နောက်ဆုံးအကြံပေးချင်တာက တော့ Brand အစစ်ကို သန့်သန့်လေးနဲ့ဝယ်ချင်ရင် စင်ကာပူသွားပါ။ Brand တွေမှ Brand ဖြစ်နေရင်လည်း စင်ကာပူပဲသွားပါ။ သွားမယ်ဆို ကြားရက်ရုံးဖွင့်ရက်သွားပါလို့။ လူရှုပ်၊လူများတာကင်းနိုင်ပါတယ်။ လေယာဉ်ခလည်း သက်သာတတ်ပါတယ်။ လေယာဉ်ခတော့ ကြိုဖြတ်ပါ။ အနားနီးမှဖြတ်ရင် ၂ဆလောက်ပေးရတတ်တယ်ဆိုတော့ကာ..ခရီးတွေအများကြီးသွားနိုင်ကြပါစေ။ နောက်ထပ်ခရီးစဉ်နဲ့စိတ်ဝင်စားဖွယ်ရာတွေထပ်ရေးပေးဦးမှာမို့ Page ကို like & see first လုပ်ထားနိုင်ပါတယ်လို့။