Bali Swing

Mon LayJuly 20, 20192min1690

ဘာလီမှာ ဒန်းစီးခဲ့တာလေးပါ.. အကြာကြီးစီးချင်ခဲ့တာ..လက်တွေခိုင်ခိုင်မမြဲခဲ့လို့..အကြာကြီးမစီးခဲ့ရဘူး။ အုန်းပင်၂ပင်ကို ကြိုးနဲ့ချည်ပြီး ပုခက်လုပ်ထားတာ။ ငယ်ငယ်ကပုခက်စီးခဲ့သလို။ ဒါမဲ့သူက အောက်မှာ ချောင်းရှိပြီး အရှေ့ဘက်မှာ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းကိုမြင်ရတာ..ဘာနဲ့မှမလဲနိုင်။ တချို့က အဲ့မြင်ကွင်းကိုကြည့်ပြီးဒန်းစီးကြတယ်။ တချို့ အဲ့မြင်ကွင်းကိုကျောခိုင်းပြီးစီးကြတယ်။ အမှန်က မြင်ကွင်းကိုကြည့်ပြီး စီးရတာပိုမိုက်တာ။ လူတော့တန်းစီရတယ်။သူကဒန်းစီး တာတင်ဘယ် ကမလဲ..ငှက်သိုက်တို့၊ ကျောက်တောင်ပေါ်မှာတပ်ရိုက်တာတို့၊ အိပ်ယာပေါ်တို့၊ ဆိုဖာပေါ်တို့တောင်ပါသေးတာ။ ပြုတ်ကျမှာပေါ့ဆိုပြီးလည်း မထင်လိုက်ပါနဲ့။ Safety ဖြစ်အောင် ခါးမှာ ကြိုးစည်းပေးပါတယ်။ မတော်တဆပြုတ်ကျခဲ့လို့ရှိလည်း အဲ့ကြိုးက ခါးမှာစည်းပေးထားလို့ လူကိုတော့ဆွဲထားလိုက်မှာပါ။ ပြီးတော့ Insurance ပါပါတယ်။
ဘာလီရောက်ခဲ့မယ်ဆို စီးဖြစ်အောင်စီးခဲ့ပါလို့။ Bali Swing လို့ခေါ်ပါတယ်။ ကြောက်စရာတစ်စက်မှမရှိပါဘူး။ သဘာဝတောတောင်အလှကိုခံစားလို့ရတယ်။

#bali
#swing

https://www.facebook.com/travelemperor1/posts/2406909739592033