လေယာဉ်စီးတဲ့အခါ Hand carry 7 kilo ပဲယူချင်တဲ့သူများအတွက်

Mon LayJuly 22, 20191min2360

လေယာဉ်စီးတဲ့အခါ Luggage ဖိုးကီလိုမဝယ်ဘဲ Hand Carry 7ကီလိုပဲ ယူသွားမယ်ဆိုရင်..ဘာတွေကိုဘယ်လိုသယ်ပြီးယူသွားရမလဲလို့ chat box မှာ လာမေးကြတဲ့သူများကို ဒီကနေပဲ..ပြန်ဖြေပေးလိုက်ပါမယ်နော်

#လက်ဆွဲ ခရီးဆောင်အိတ်ခပ်ကြီးကြီးယူပါ (ရကီလိုလောက်ပဲထင်ရတဲ့အိတ်) (သို့) hand carry သာသာရှိတဲ့ luggage အသေးယူပါ

ပုံထဲမှာတော့ မွန်လေးက လက်ဆွဲခရီးဆောင်အိတ်လေးပဲပြပေးထားပါတယ်။ အကြီးဆိုဒ်ထင်နေမှာစိုးလို့ပါ။ အဲ့အိတ်ထဲမှာ အဝတ်အစားတွေထည့်ပါ။ အဝတ်အစားထည့်တဲ့အခါမှာလည်း အရှည်လိုက်ကြီးမထည့်ပါနဲ့။ အလိပ်လိုက်ခေါက်ပြီးထည့်ပါ။ အတွင်းခံတွေကိုလည်း အဲ့အတိုင်းထည့်ပါ။ နေရာပိုချောင်သွားအောင်ပါ။

#အကြီးတွေကိုအသေးဖြစ်အောင်ုလပ်ပါ။

ပြောချင်တာက အလှပြင်ပစ္စည်းဘူးကြီးတွေကို အသေးလေးဖြစ်အောင် ဘူးသေးလေးတွေထဲထည့်ပြီးသယ်ပါ။ (ဒီစာကိုဖတ်တဲ့သူကမိန်းကလေးဆိုရင်ပေါ့နော်) ပုံထဲမှာလည်းပြထားပါတယ်။ အမျိုးသားတွေဆိုလည်း မျက်နှာသစ်ဆေးတု့ိကို အသေးဘူးလေးတွေနဲ့ပြောင်းထည့်ပါ။ ပြီးရင် ပလပ်စတစ်အိတ်နဲ့လုံအောင် ဒါမှမဟုတ် အပြင်မှာ အသင့်ရောင်းပေးနေတဲ့ ပလပ်စတစ်အိတ်တွေနဲ့ထည့်ယူပါ။ ပုံမှာပြထားပါတယ်။

#စလင်းဘတ်အိတ်အကြီးလည်းကို်င်ပါ

မယူချင်လည်းရပါတယ်။ ယူစေချင်တာကတော့ လက်ဆွဲအိတ်ထဲမဆန့်ရင် အဲ့စလင်းဘတ်အိတ်အကြီးထဲလည်းထည့်လိို့ရအောင်ပါ။

#Electronic device တွေကို Hand carry ထဲထည့်ပါ။

Luggage ကီလိုယူတဲ့သူတွေလည်း Electronic device တွေဖြစ်တဲ့ ဖုန်း၊ ipad၊ tablet၊ power bank၊ laptop တွေကို hand carry ထဲပဲယူဆောင်ပေးဖို့လိုပါတယ်။ hand carry ပဲယူတဲ့သူတွေကတော့ hand carry ထဲပဲထည့်ပေ့ါ။

#ဆေးဝါးတွေထည့်ပါ

ကိုယ်သောက်နေကျ ဆေးဝါးတွေ၊ အားဆေးတွေ ပြီးတော့ ခရီးသွားရင်း ဖျားမှာဆိုးရင်လည်း သောက်လို့ရအောင် ဆေးဝါးတွေကို ကြိုယူသွားပါ။

ဒီလောက်ဆိုရင်တော့ ရကီလိုပဲ သယ်ချင်တဲ့ ခရီးသွားဖော်တွေအတွက် အဆင်ပြေလောက်ပြီထင်ပါတယ်။