ခရီးသွားရင်း ပစ္စည်းပျောက်တဲ့အခါ

Mon LayJuly 30, 20191min1600

ချစ်တို့ ရေ..ဒီစာလေးမ ရေးခင်မှာ မေးစရာလေးရှိလို့ပါ။ ခရီးကတော့ ပြည်တွင်းကော ပြည်ပပါသွားဖူးကြမယ်ထင်ပါတယ်နော်။ အဲတော့ အဲလိုသွားရင်းနဲ့ ပစ္စည်းပျောက်တာမျိုးကြုံဖူးပါလား။ သေချာပြန်စဥ်းစားပေးပါနော်။ ပြီးတော့ အဲလိုပျောက်တဲ့အခါဘယ်လိုမျိုးဖြေရှင်းခဲ့ပါလဲ။

မွန်လေးတို့စင်ကာပူကအပြန် ပစ္စည်းပျောက်လို့ ပြန်ရအောင်လုပ်ခဲ့ပုံလေးကိုဒီပို့စ်နဲ့ပြန်ရှယ်ပေးချင်ပါတယ်။ တကယ်တန်း ပျောက်တဲ့အခါ ဒီပို့စ်လေးဖတ်ထားမိရင် အသုံးဝင်ကောင်းဝင်နိုင်အောင်လို့ပါ။

မွန်လေးတို့စပျောက်တယ်လို့သိလိုက်တဲ့အချိန်က ရန်ကုန်ပြန်ရောက်တဲ့အချိန် လေယာဉ်ပျံပေါ်မှာပေါ့။ လေယာဉ်ကကွင်းထဲကိုဆိုက်နေပြီ။ ထိုင်ခုံပေါ်က အထုပ်ကိုယူမယ်အလုပ်မှာ အိတ်ကမရှိတော့ဘူး။ဒီတော့

  • ပစ္စည်းပျောက်တယ်လို့စသိလိုက်တာနဲ့ လေယာဉ်ထဲကထွက်ဖို့ပြင်ပါ။
  • ဧည့်သည်တွေ ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ တစ်ယောက်ချင်းကိုလိုက်စစ်နိုင်ဖို့ တာဝန်ရှိသူတွေကိုအ ကြောင်းကြားပါ။
  • Immigration officer ကိုအကျိုးအကြောင်းပြောပြီး passport ထားခဲ့ပြီး baggage claim နေရာမှာ ဧည့်သည်တွေကို တစ်ယောက်ချင်းစီစစ်ပါ။
  • ပစ္စည်းပျောက် lost & found ဌာနဘယ်မှာလဲမေးပြီး တိုင်ပါ။
  • အဲ့မှာ ကိုယ်ပျောက်တဲ့အိတ်ပုံစံရယ်၊ ဓါတ်ပုံရိုက်ထားရင်လည်းပုံ၊ အထဲမှာပါတဲ့ပစ္စည်းတွေ..စတဲ့ information အကုန်ပြောပြပါ။
  • ပူပန်နေတဲ့စိတ်ကိုလျှော့ပါ။
  • ပြီးတော့ ကိုယ့်ကိုပြန်ဆက်သွယ်လို့ရမယ့်ဖုန်းပါထားခဲ့ပေးပါ။

မွန်လေးတို့တုန်းက Silk Air စီးပြီးပြန်ခဲ့တာဆိုတော့ Silk Air ကအကုန်တာဝန်ယူပေးပါတယ်။ နောက်ဆုံး အိတ်ပြန်ရတဲ့အထိ အကုန်လုံးတာဝန်ယူပေးလို့ Silk Air ကိုလည်းကျေးဇူးတင်ပါတယ်လို့။ လေဆိပ်က အရာရှိကြီးများနဲ့ မိုးဟိန်းရုံးအဖွဲ့များကိုလည်း အထူးကျေးဇူးပါလို့။