မြန်မာ ပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ရဲ့ အောင်ပွဲ နိဒါန်းကို စတင်လိုက်ပါပြီ။ လူအမြောက်အများ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးရှေ့ ကို သွားနေကြပါတယ်။  အစည်းဝေး ကို နေလည် တနာရီမှာ စတင်မှာ
ဖြစ်ပါတယ်။  ဗဟိုကော်မတီဝင်အစုံအလင် သွားနေကြပါတယ်။ လူများက ခရမ်းချဉ်သီးများ ဘူးသီးများကိုလည်း ယူဆောင်လာကြပါတယ်။ ဗဟိုကော်မတီတွေက မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ပေါက်ရန်လို့ သိရပါတယ်။  ဒါပေမဲ့  အဖွဲ့ ချုပ်ဥက္ကဌ ဦးအောင်ရွှေ က ဖင်မှာသွေးစု နာပေါက်လို့ 
အစည်းဝေး မတက်နိင်ကြောင်းခွင့်တိုင်ထားတဲ့အတွက်  ပွဲမစခင်ကတည်း က မှတ်ပုံတင်ရေးဖက်က တပ်ပျက်နေသလောက်တော့ ဖြစ်သွားပါတယ်။  သူက မလာနိင်ပေမဲ့  သ၀ဏ်လွှာ ကို ပေးပို့ ထားတယ်။
သ၀ဏ်လွှာမှာတော့ အများစုဆုံးဖြတ်တာကို သူထောက်ခံပါကြောင်းပြောထားပါတယ်။
ဗဟို ဦးစီးအဖွဲ့ အစည်းဝေးက အမြင့်ဆုံးအာဏာပိုင်အစည်းဝေး ဖြစ်တဲ့အတွက် သူဟာ လိုက်နာရမှာပေါ့လို့   လူငယ်တဦး ကဆိုပါတယ်။  ထူးခြားတာကတော့ ဒါဟာ ၂၁ နစ်အတွင်းမှာ ပထမဆုံး ဗဟိုဦးစီးအစည်းဝေးဖြစ် နေခြင်းဖြစ်ပါတယ်။
လာရောက်အားပေးတဲ့ လူတချို့ က ပါးပါးလီးထားသောရှောက်သီးများကို ဆားနှင့်ငရုပ်နယ်များ ထုတ်ပြီးအားပါးတရ စားနေတာကိုလည်းတွေ့ နေရပါတယ်။ ရှောက်သီး ကတော့ သန်းရွှေကို ကက်ကင်းရိုက်နေတာဗျ လို့  အားပါးတရ စားရင်းသူတို့ က ဆိုပါတယ်။  အစည်းဝေးလာတက်တဲ့
လုံထိမ်းတွေ မကြား တကြား လှမ်းပြော တာကိုလည်းကြားနေရပါတယ်။
လင့်လမ်း မှာရှိတဲ့ အလက ကျောင်းဝင်းနဲ့  ကျောက်ဆည်ဓမ္မာရုံ ထဲမှာတော့ လုံထိန်းကားများကို ချထားပါတယ်။ လာရောက်တဲ့ လူထု ကလည်း ဒီထက်ကို ပိုများနေတာက
အားရစရာ အလွန်းကောင်းလှပါတယ်။ တယောက်နဲ့ တယောက် လက်မ ထောင်ပြခြင်း၊ လက်သီးဆုတ်ပြခြင်း စတဲ့ အောင်အတိတ် တွေ ပြ ရင်း တည်တည်ငြိမ်ငြိမ် အားပေးနေကြပါတယ်။
လူအများက ကြောက်ရွံ့ မှုမရှိပဲ ဆုံးဖြတ်ချက် အပေါ်မှာ အခိုင်အမာ သံဓိဌာန် ချမှတ်ထားကြပုံရတယ်။  ဇူလှိုင် ၂၃ ရက်နေ့  ၁၉၈၈ ခုနစ် နေ့ က ဦးနေ၀င်း ရဲ့ မိန့် ခွန်းပြောအပြီးမှာ  လူထုလှုပ်ရှားမှုကြီးနဲ့ တုန့် ပြန် လို က်တဲ့ နေနဲ့ အလားသဏန် တူနေတယ်လို့  ၈၈ မျိုးဆက်ဟောင်းတဦးက ဆိုပါတယ်။ ဒီတခါတော့ နောက်ဆုံး တိုက်ပွဲ မြန်မာ ပြည် ပြောင်းလဲ ရပြီပေါ့ဗျာလို့  ကျောင်းဆရာ တဦးက ကြုံးဝါးသွားပါတယ်။
တိုင်းနဲ့ပြည်နယ် ရဲ့ စီစီအဖွဲ့ဝင်အများစုက မှတ်ပုံမတင်ရေးဘက်ကို ၀ိုင်းထောက်ခံနေကြတော့ ဦးအောင်ရွှေနဲ့ တချို ခေါင်းဆောင်အနည်းစုက မဲမခွဲရဲတော့ပဲ မန်းဒိတ်တွေ သုံးမယ် လုပ်နေပါတယ် ။ ဒါကြောင့် အမတ်တွေက သူတို့ပေးထားတဲ့ မန်းဒိတ်တွေကို ပြန်ရုပ်သိမ်းကြတယ်။ မှတ်ပုံတင်ရေးမှာ သူတို့  တင်ရေးမှာသူတို့ မန်းဒိတ်ကို သုံးခွင့်မပေးနိင်တော့ဘူးလို့ သိရပါတယ်။
တကယ်လို့  မှတ်ပုံမတင်ရေးဖက်ကနိင်လာတယ်ဆိုရင်တော့ နောက်တနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကို
လွတ်မြောက်ရေး လှုပ်ရှားမှု ကြီးကို တဆက်ထည်း ဆက်လည် ဆင်နွဲရပါ လိမ့်မယ်။ ၂၀၀၈ အတုယောင်အခြေခံဥပဒေကို ပြင်ဆင်ဖို့  လှုပ်ရှားမှုကိုလည်း ဆက်လက်တိုက်ပွဲ ၀င်ရပါလိမ့်မယ်။
လူစုမကွဲခင်မှာ အထွေထွေသပိတ်ကို ခေါ်ဖို့ လိုလာပါလိမ့်မယ်။  ဒီတခါ လှုပ်ရှားမှုဖြစ်လာရင် နယ်စပ်ကို လုံးဝ ထွက်မလာကြဘူးလို့ လည်း ဆုံးဖြတ်ထားကြောင်းသိရပါတယ်။
———————————နောက်ဆက်တွဲသတင်းများ —————————————
၁- အစည်းဝေးကို နေ့ လည် ၁၂ နာရီမှာ စတင်လိုက်ပြီဖြစ်ပါတယ်။  ဦးအောင်ရွှေ မတက်ပါ။
ဦးဝင်တင်က အမှာ စကားပြောပါတယ်။  သူက  ”   အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့   ဒီနေ့ ကာလာမှာ  ခြေပြတ်နိင်တယ်၊ လက်ပြတ်နိင်တယ်။ မှတ်ပုံတင်လိုက်ရင်တော့ ခေါင်းပါပြတ်သွားမယ်
လို့ ဆိုပါတယ်။ ခြေပြတ်ရင်၊ လက်ပြတ်ရင်၊ ခြေတုလက်တုလုပ်နိင်တယ်။ ခေါင်းပြတ်ရင်တော့ ခေါင်းတုကို
လုပ်နိင်မှာ မဟုတ်ဘူး  ”   လို့ ဆိုပါတယ်။
၂- ကြပ်ပြေး တွင် ဗိုလ်ချုပ်ကြီးသန်းရွှေ အိမ်တွင် နအဖ လူကြီးများပါ ဒီချုပ်အစည်းဝေး ဆုံးဖြတ်ချက်ကို
ဖင်တကြွကြွဖြင့် စိတ်လှုပ်ရှားစွာ စောင့် နားထောင်လျှက်ရှိနေကြကြောင်းသိရပါတယ်။
၃-  ဒီချုပ်က မှတ်ပုံမတင်ဖို့ အနေထားများလာတဲ့အတွက် ဦးသုဝေမှ စိတ်ပျက်လျက်ရှိကြောင်းသိရပါတယ်။
ခုချိန်စင်ထိုးတရားဟောရင်တောင်နားထောင်မဲ့သူရှိမှမဟုတ်ဘူးလို့ သူက ငြီးတွားနေတယ်လို့ သိရတယ်။
Source : http://www.komoethee.blogspot.com/
About Bayote
Bayote has written 395 post in this Website..