ခရီးသွားမက်တဲ့ ကောင်မလေးကို ချစ်မိသောအခါ

Mon LayAugust 15, 20191min1560

ခရီးချည်းပဲသွားချင်နေတဲ့စော်လေးများ သင်တို့ဆီမှာရှိပါလား။ ပြီးတော့ ခရီးပဲသွားနေလို့ ကိုယ်နဲ့ တွေ့ချိန်နည်းတာမျိုးတို့ ဒါမှမဟုတ် ခရီးသွားဖေ်ာအဖြစ်နဲ့ လိုက်ပေးရတာတို့ဆို ငွေခဏခဏကုန်တာပဲဆိုပြီး တွေးနေတယ်မှတ်လား။

အဲလိုအဆိုးမြင်တဲ့အပိုင်းက မတွေးဘဲ..အကောင်းဘက်ကဖြစ်လာတယ်လို့တွေးလိုက်ရင် ကိုယ့်ချစ်သူကို ပိုလို့တောင်ချစ်သွားနိုင်တယ်နော်။ ဒီတော့ မွန်လေးက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးမယ်နော်

✔️ သူအလုပ်ကိုကြိုးစားလုပ်၊ငွေစုပြီး ခရီးသွားတဲ့အတွက်ကြောင့် အလုပ်ကြိုးစားချင်စိတ်ရှိတယ်ဆိုပြီး ပီတဖြစ်နိုင်ပါတယ်။

✔️ ခရီးသွားလို့ ဒေသန္တယ ဗဟုသုတ ကြွယ်ဝတယ်ဆိုပြီးလည်း အထင်ကြီးနိုင်ပါတယ်။
✔️ ပြန်ရှယ်ပေးတတ်တဲ့ စိတ်ကလေးကြောင့်လည်း စိတ်ထားကောင်းတဲ့ကောင်မလေးအဖြစ်အသိအမှတ်ပြုနိုင်ပါတယ်။
✔️ ခရီးသွားတဲ့မိန်းကလေးတွေဟာ အများအားဖြင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့အတွက်ကြောင့် ပျော့ညံ့တဲ့သူမဟုတ်ကြောင်းကို ဂုဏ်ယူနိုင်ပါတယ်။
✔️ သူမကို မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ ဝယ်ပေးရတာထက် သူကြိုက်တဲ့၊ သူ့ဆန္ဒကိုဖြည့်ဆည်းပေးရတာလောက် စိတ်ချမ်းသာစရာကောင်းတာ မရှိပါဘူး။
✔️ သူမဘာလိုချင်တယ်ဆိုတာကို သူမဖာသာသိတဲ့အတွက်ကြောင့် ရည်မှန်းချက်ကြီးတဲ့ကောင်မလေးအဖြစ်လည်း လေးစားနိုင်ပါတယ်။

✔️ စာဖတ်အားသန်တဲ့အတွက်ကြောင့်လည်း စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ကောင်မေးလလို့ မှတ်ယူနိုင်ပါတယ်။

အကယ်လို့များ သင်ကိုယ်တိုင်လည်းကောင်မလေးနဲ့အတူခရီးသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက်လည်းပိုနားလည်လာနိုင်ပါတယ်။

ကဲ ဒီလိုဆို ခရီးသွားမက်တဲ့ကောင်မလေးကိုရထားတာ အရမ်းကိုကျေနပ်နေပြီ ဟုတ်? ရှိရင်လည်းmention ခေါ်ခေဲ့ပေးပါ။