ခရီးတစ်ခုသွားမယ်ဆို..မပါမဖြစ်နဲ့.. သယ်ရအခက်ဆုံးအရာ

Mon LaySeptember 4, 20195min3630

ဟိုတလောက မွန်လေးရဲ ့post အောက်မှာ ခရီးသွားရင် အရင်ဦးဆုံးခေါင်းစားရတာ အဝတ်အစားထည့်တာပဲတဲ့။ အမရောခရီးသွားရင်ဘယ်လိုထည့်လဲတဲ့..အမဝတ်တာလေးတွေက နေရာဒေသနဲ့လိုက်တယ်တဲ့။ သူတို့ခရီးသွားရင် အဆင်မပြေဘူးတဲ့။ အကြံဉာဏ်လေးပေးပါဆိုလို့..အများသူငါလည်းသိလို့ရအောင်ပြန်ရှယ်ပေးလိုက်ပါတယ်။ လူတိုင်းကတော့ ကိုယ့်စတိုင်နဲ့ကိုယ်..ဝတ်ကြတာပဲပေါ့နော်။ အဓိကက သက်တောင့်သက်သာဖြစ်ဖို့ရယ်၊ ဘယ်နေရာလေးဆို ဘယ်လိုလေးဝတ်လိုက်ပါလားလို့်ပဲမွန်လေးကတော့ အကြံပေးချင်ပါတယ်။ ဒီနေရာမှာ ဒါဝတ်မှဝတ်ရမယ်လို့ မပြောချင်ပါဘူး။ တော်ကြာ ခရီးစရိတ်ကနည်းနည်းပဲကုန်ပြီး အဝတ်အစားဖိုးကပိုကုန်နေဦးမယ်။ ရှိတာလေးနဲ့လှအောင်ဝတ်ရင်လည်း ရပါတယ်လို့။ ဒီတော့ ပထမဦးဆုံးက

#နေရာဒေသ ☘️

ကိုယ်သွားမယ့်နေရာနဲ့လိုက်ပြီး အဝတ်အစားရွေးချယ်ပါ .. ဥပမာ စိမ်းစိုနေတဲ့တောင်တန်းတွေဆီသွားမယ်ဆိုရင် ကိုယ့်ကိုပေါ်လွင် အနီရောင်၊အဝါရောင်၊အပြာရောင်တောက်တောက် တို့ကိုရွေးကြည့်သင့်တယ် ..

ပုဂံလို၊နယ်ဘက်တွေ လိမ္မော်ညစ်ရောင်ရှိတဲ့ temple တွေ၊ နေရာတွေသွားမယ်ဆို အဖြူရောင်၊ အနီရောင်နဲ့ အဝါရောင် တွေကို ဝတ်ကြည့်ပါ၊ဘုရားဆိုတော့ မြန်မာဆန်ဆန်လေးဝတ်ရင်လည်း ကြည့်ကောင်းပါတယ်။

ကမ်းခြေလိုနေရာမျိုးဆိုရင်တော့ အပြာရောင် နဲ့ အဖြူရောင် ကိုရွေးကြည့်ပါ။ swim suit (or) 2 pieces လှလှလေးတွေဝတ်ပါ။ ဖိနပ်ဆိုလည်းရေစိုခံဖိနပ်စီးပါ။ ပြီးတော့ Swim Suit ပေါ်မှာ အဖြူရောင်အပါးကုတ် (or) အနီရောင် အပါးကုတ်အကျႌထပ်ဝတ်လိုက်ရင် ရိုင်းရာလည်းကျမှာ မဟုတ်တော့ပါဘူး။ ဦးထုပ်အကားလေး နဲ့ မျက်မှန်ကိုတော့ မမေ့နဲ့ပေါ့.။

#လေယာဉ်နဲ့သွားတဲ့ခရီးဆို

ဂျင်းဘောင်းဘီတို (or) အရှည်ရယ်၊ အပေါ်က blouse အကျီလေးရယ် ကုတ်လေးတစ်ထည်ရယ်ဆိုပြည့်စုံသွားပြီ။ အယ် နေကာမျက်မှန်လေးတော့ တပ်လိုက်ပါ။

#ကားနဲ့သွားတဲ့ခရီးဆို

ပုံမှန်လေးဝတ်လို့ရပါတယ်။ တစ်ခုပဲ ကားပေါ်မှာအေးတဲ့အတွက်ကြောင့် hoodie ခေါင်းစွပ်ပါတဲ့ အနွေးထည်လေးတော့ယူစေချင်ပါတယ်။ ပြီးတော့ စောင်ပါးပါးတစ်ထည်လည်းထည့်တော့ အအေးသက်သာတာပေါ့။

ကစားကွင်းတွေသွားမယ်ဆို

Fancy ဖြစ်တဲ့၊ ပေါ့ပေါ့ပါးပါးလည်းဖြစ်မယ့် အကျီတို့၊ဂါဝန်လေးတွေဝတ်ပါ။ ဖိနပ်ဆိုလည်း ရူးဖိနပ်အပါးတို့၊ ညှပ်ဖိနပ်လေးတွေစီးပေါ့။

ရှောပင်ထွက်မယ်ဆို

ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဂါဝန်လေးတို့၊ တီရှပ်တို့၊ ဘောင်းဘီတိုတို့ဝတ်ပါ။ အထုပ်တွေသယ်ရမှာဆိုတော့လေ။ ပြီးတော့ ဖိနပ်ကိုလည်း အပါးတို့ပဲစီးပါ။ ရူးဖိနပ်စီးရင်ကြာရင်ခြေထောက်ပေါက်နိုင်ပါတယ်။

☔️ မိုးရာသီမှာ ခရီးသွားမယ်ဆို

rain coat လေးရယ်၊ ထီးအကြည်ရယ်လေးတော့ဆောင်သွားပါ။ ထီးအကြည်လေးမရှိလည်း ထီးခေါက်ကြီးဖြစ်ဖြစ်၊ခေါက်ထီးလေးဖြစ်ဖြစ်ဆောင်သွားပါ။

တောင်တက်ခရီးတွေသွားမယ်ဆို

T Shirt နဲ့ ဂျင်းဘောင်းဘီ လေးဝတ်ပါ။ ဖိနပ်ဆို hiking တက်တဲ့ရူးရှိရင်ပိုကောင်းတယ်။ မရှိလည်း ရိုးရိုးရူးဆိုလည်းဖြစ်တာပါပဲ။ ပြီးတော့ကျောပိုးအိတ်။ အဲ့ကျောပိုးအိတ်ထဲကို ရေသန့်တစ်ဘူး၊ snow towel တို့၊ဆေးဝါးတို့ထည့်သွားပါ။ ဦးထုပ်လေးတော့ဆောင်းသွားပေါ့။

ဆောင်းတွင်းအေးတဲ့နေရာကိုခရီးသွားမယ်ဆို

အနွေးထည်လေးတွေ၊ long coat တွေ၊ မာဖလာပွသားမွေးဦးထုတ်ပွလေးတွေဝတ်ပါ။ ခေါင်းစွပ်အနွေးထည်လေးတွေကလည်းfashion ကျပါတယ်။ နောက်ထပ်ဖက်ရှင်ကျတာကတော့ အပေါ်မှာ ဦးထုပ်လေးရယ်၊ long coat ရယ် ဖိနပ်ကို Boot ရယ် စီးလိုက်ရင်ဖြင့်။

ဒီလောက်ရေးပေးရင်တော့စုံပြီထင်ပါတယ်နော်။ အားလုံးပဲ ခရီးတွေသွားနိုင်ကြပါစေ။

 #Travel #Fashion #Travel_Lifestyle #OutFit#travellingstyle