Tour Leader အ​ရည်​အချင်​းများ

Mon LayAugust 20, 20191min1990

ခုနောက်ပိုင်း မြန်မာလူမျိုးတွေက နိုင်ငံရပ်ခြားကိုခရီးသွားတာအရမ်းများလာတယ်။ ပိတ်ရက်ရှိပြီဆိုတာနဲ့ oversea oversea ပဲသွားမယ်ဆိုတာချည်းပဲ။ ဒီတော့ တိုးလုပ်ငန်းတွေလည်း outbound ကိုပိုလုပ်လာကြတယ်။ အဲ့မှာ မြန်မာလူမျိုးတွေကို နို်င်ငံခြားထိဦးဆောင်ခေါ်သွားပေးမယ့် မြန်မာကတိုးလီဒါရဲ ့တာဝန်က အရမ်းကိုအရေးကြီးပါတယ်။ ဟိုဘက်ကဂိုက်ကဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ..ဒီဘက်ကမြန်မာဂိုက်ကကောင်းကောင်း handle လုပ်နိုင်ရင် ခရီးစဉ်အစအဆုံး အဆင်ပြေနိုင်ပါတယ်။ အဲ့လောက်ထိသူ့တာဝန်ကအရေးပါလို့ သူမှာရှိသင့်တဲ့ တာဝန်တွေကို ဖေ်ာပြပေးလိုက်ပါတယ်။

၁။ နိုင်ငံခြား ​ဘာသာစကား ကျွမ်​းကျင်​စွာ တတ်​ကျွမ်​းရမည်​။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့နော်။ အင်္ဂလိပ်စာကတော့ ကမ္ဘာသုံးကိုး။

၂။ ကို်ယ်သွားမယ့်နေရာတွေအကုန်လုံးရဲ ့အကြောင်းကိုသိထားရပါမယ်။ ဒါကလည်း google မှာရိုက်ရှာရင်အကုန်ရပါတယ်။ facebook တစ်ခုလုံးကို ဝင်မွှေလည်းရတယ်။

၃။ ဟိုရောက်ရင်လည်း အလျဉ်းသင့်သလို ဒါကတော့ ဘာ၊ ဟိုဟာကတော့ ဘာဆိုပြီး ပြောပြတတ်ရပါမယ်။

၄။ ဟာသဉာဏ်ကလေးရွှင်ရင် ပိုကောင်းပါတယ်။

၅။ ထမင်​းစားချိန်​ဆိုလည်း ခရီးသည်​များ ​တောင်​းဆိုသမျှ ကိစ္စများ ကို​ဖြေရှင်​းနိုင်ရပါမယ်။oversea သွားတာဖြစ်လို့ အနည်းနဲ့အများ ဧည့်သည်တွေက နိုင်ငံခြားအစားအစာကိုကြိုက်မှာမဟုတ်ပါဘူး။ ဒီတော့ရန်ကုန်ကနေတခါတည်း ခေါက်ဆွဲခြောက်၊ငါးပိကြော်တို့၊လက်ဖက်တို့ယူသွားပါ။

၆။ အချိန်တိကျမှုရှိရပါမယ်။

၇။ ဧည့်သည်တွေကို တချိန်လုံး ဂရုစိုက်ရပါမယ်။

၈။ ​ဧည့်သည်တွေဈေးဝယ်ရင် ဈေးလိုက်ဆစ်ပေးတတ်ရပါမယ်။

၉။ လူမှုဆက်ဆံရေးပြေပြစ်ရပါမယ်။

၁၀။ သွက်လက်တက်ကြွရပါမယ်။

၁၀။ ခရီးသွားတာလည်း ဝါသနာပါရပါမယ်။

၁၁။ ဓာတ်​ပုံရိုက်​ ကျွမ်​းကျင်​အဆင်​့ ရှိရမည်​။ (ချွင်းချက်ပါ)

တိုးလီဒါလုပ်ရလို့ နိုင်ငံခြားသွားရတာပဲ..ဆိုပြီး သိပ်ကောင်းတဲ့အလုပ်ဆိုပြီးလည်းအပျင်းထူနေလို့မရဘူးလေနော်။ အမြဲမပြတ်စာဖတ်ရပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုလည်း သိနေရပါမယ်။ အပေါ်က information တွေကနေ မွန်လေးတိုးလီဒါလုပ်တုန်းက အတွေ့အကြုံတွေနဲ့ပေါင်းပြီး ရေးထားတာပါ။ ထပ်မံဖြည့်စွက်ဖို့များ လိုအပ်ခဲ့ရင် comment မှာထပ်ရေးပေးသွးပါလို့။

#tourleader#travel#outbound#oversea#review