စိတ်သွားတိုင်းကိုယ်ပါချင်ရင်

Mon LayAugust 22, 20191min31450

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့။ တကယ်ကိုမှန်တဲ့စကားပါ။ ခုဆို ပတ်ဝန်းကျင်မှာ ဆင်တုပ်ကွေးဖြစ်နေကြတဲ့သူတွေ၊ သွေးလွန်တုပ်ကွေးဖြစ်နေကြသူတွေမှ အားကြီးပဲ။ ပြန်လည်းဖြစ်ကြတယ်ဆိုပဲ။ ကို်ယ်လည်း မဖျားအောင် အမြဲဂရုစိုက်နေရတယ်။ အလုပ်လုပ်နေရတော့ ဖျားလို့မဖြစ်ဘူးလေနော်။ ဖျားတယ်ဆိုတာက ခုခံအားကျဆင်းလို့ဖြစ်တာတဲ့။ ကိုယ်ခံအားနည်းလို့ပေါ့နော်။ ပြင်ပက ရောဂါတွေ၊ virus တွေမဝင်လာအောင် ကိုယ်ခံအားကောင်းနေမှဖြစ်ပါမယ်။ ဒီတော့ မွန်လေးမဖျားအောင်..အမြဲခေါင်းကြည်ပြီးလန်းဆန်းနေအောင် နေ့တိုင်းသောက်တဲ့ အားဆေးတစ်ခုကို ပြန်ရှယ်ပေးချင်ပါတယ်။ ခုမှသောက်တဲ့အားဆေးမဟုတ်ပါဘူး။ ဆယ်တန်းလောက်ကတည်းက အဖွားက စာကျက်ရ ကောင်းအောင်၊ မှတ်မိအောင်၊ ဉာဏ်ကောင်းအောင်သောက်ခိုင်းခဲ့တာဆိုတော့ ခုထိဆက်သောက်နေခဲ့တာဆိုတော့ တော်တေ်ာကြာပါပြီ။ အဲ့ဆေးကို မေ့လို့ ၃-၄ရက်လောက်မသောက်မိရင် လူဆိုတာနှုံးချိပြီး အဖျားဝင်လာရော။ ဖျားပြီဆိုရင် ငါအဲ့ဆေးသောက်မိလား..မသောက်မိလားပြန်တွေးရင် အာ..ငါမသောက်မိပါလားဆိုပြီးဖြစ်ရော။ အရမ်းကိုသိသာတယ်။

လူတစ်ယောက်က ဗီတာမင်ကိုတစ်နေ့ထဲပြည့်ဝစွာ စားဖို့လိုပါတယ်။ အဲလိုပြည့်ဝအောင် တစ်နေ့ထဲစားဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ခု #Centrum အားဆေးတစ်ထောင့်ထဲက multivitamin တွေအပြည့်အဝပါတဲ့အတွက်ကြောင့် သောက်သုံးသင့်ပါတယ်။

Made in USA ဆေးလည်းဖြစ် ပြီးတော့ ကလေးကနေ လူကြီးပိုင်းတွေအထိပါသောက်သုံးလို့ရပါတယ်။

လူကြီးတွေဆိုတာအသက်‌အရွယ်‌ကြီးလာတာနဲ့အမျှ စားသုံးတဲ့ အစာအဟာရ‌တွေကို ကိုယ်‌တွင်‌းက စုပ်‌ယူနိုင်‌အားနည်‌းသွားတာမို့ အဟာရဓာတ်‌ချို့တဲ့ကြပါတယ်‌။ လိုအပ်တဲ့‌ဗီတာမင်‌‌တွေ တစ်‌မျိုးစီ မ‌သောက်ဖြစ်‌ရင်‌‌တောင်‌ Multivitamin ‌အစုံတွေ ပါဝင်‌တဲ့ အား‌ဆေး‌ တစ်‌လုံးလောက်‌‌တော့ ‌နေ့တိုင်‌းပုံမှန်‌‌သောက်‌မယ်‌ဆို အားအင်‌ပြည်‌့ပြီး စိတ်‌လဲကြည်‌ စားဝင်အိပ်‌‌ပျော်‌ဖြစ်‌မှာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတေ အတွက် အကောင်းဆုံး အာဟာရ ပေးတဲ့ အားဆေးဆိုလည်း မမှားပါဘူး

အမျိုးသမီးငယ်တွေသောက်သုံးမယ်ဆို woman ပုံလေးနဲ့ ၊ အမျိုးသားအတွက်ဆိုလည်း man ပုံလေးနဲ့ ၊ အမျိုးသမီးကြီးတွေ နဲ့ အမျိုးသားကြီးတွေအတွက်ဆို (adult + )၊ ကလေးငယ်လေးတွေအတွက်ဆို kids ဆိုပြီးရှိပါတယ်။

သောက်သုံးနည်း
တ‌စ်နေကုန်‌ အဟာရအပြည်‌့ဝဆုံးစားတဲ့ တစ်နပ်‌အပြီးမှာ ‌သောက်‌သင်‌့ပါတယ်‌။

အထူးသတိပြုချက်။ ။ ဆရာဝန်နဲ့တော့ တိုင်ပင်ပြီးမှ သောက်ပါ။ လူခန္ဓာကိုယ်က တစ်ယောက်နဲ့တစ်ယောက်ဖွဲ့စည်းပုံချင်းမတူတော့လေနေ်ာ။ ပြီးတော့ အတုအပကင်းအောင် American store တွေဝယ်ပါ။ တချို့နာမည်ကြီးဆေးဆိုင်တွေမှာလည်း ဆေးအစစ်တွေရပါတယ်။ တစ်ဘူးကို (၃၀၀၀၀)ကျော်တော့ရှိပါတယ်။

ကျန်းမာလှပနုပျိုပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ။

#beauty#medicine#centrum#multivitamin#becompleteyou