ကိုရီးယားမှာဈေးဝယ်လို့ ကောင်းတဲ့နေရာများ

Mon LaySeptember 5, 20192min2190

တောင်ကိုရီးယားနိုင်ငံရဲ ့မြို ့တော်က ဆိုးလ်ပါ။ အဲ့ဆိုးလ်မြို ့ဆိုတာ..ရှော့ပင်ကြိုက်တဲ့သူတွေအတွက် နိဗ္ဗာန်ဘုံဆိုလည်းမမှားပါဘူး။ ပစ္စည်းတွေဆိုတာ ခေါင်းအစ ခြေအဆုံး အကုန်လုံးရတဲ့အပြင် လက်မှု အနုပညာပစ္စည်းတွေအထိ တစ်နေရာထဲမှာ ဝယ်ယူနို်င်တာမျိုးပါ။ ဈေးဝယ်စင်တာကြီးတွေ၊ ကုန်တိုက် တွေကနေ လမ်းဘေးဈေးဆိုင်ငယ်လေးတွေအထိ ဈေးအရမ်းဝယ်လို့ကောင်းတာပါ။

ဆိုးလ်မြို ့ရဲ ့လူသိများနာမည်ကျေ်ာတဲ့ ရပ်ကွက်တွေမှာဆို မိသားစုလိုက်အတူတကွ ပျော်ရွှင်နို်င်တဲ့ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းချီပြခန်းတွေ နဲ့ ကစားကွင်းတွေရှိလို့နေပါတယ်။ အဲ့နေရာတွေမှာ အက် မင်တို့ဟာ ဖက်ရှင်ရှိုးတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ဆိုင်တဲ့ ပွဲတွေ နဲ့ သံစုံတီးဝိုင်းပွဲကို ကြည့် လို့ ရတယ်။

ဒီတော့ အက်မင်က ဈေးဝယ်ရတာခုံမင်တဲ့ သူတွေအတွက် ဆိုးလ်မြို ့ရောက်ရင် ဝယ်လို့အကောင်းဆုံး နေရာများကိုဖော်ပြပေးသွားပါမယ်။

  1. Myeongdong Market (မြောင်ဒုံး)

မြောင်ဒုံးဈေးဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ ့ နာမည်အကြီးဆုံးဈေးတွေထဲကမှတစ်ခုဖြစ်ပြီး သူ့မှာ ဈေးဝယ်စင်တာတွေရော၊ ကုန်တိုက်တွေရော၊ လမ်းဘေးဆိုင်ငယ်လေးတွေနဲ့တအားကိုစည်ကား ပါတယ်။ သူ့မှာ ပြည်တွင်းထုတ် အကျီ၊ ဖိနပ်၊ လက်ဝတ်လက်စားတွေ၊ အလှပြင်ပစ္စည်းတွေ၊ အိတ်တွေအစ နိုင်ငံတကာထုတ်ပစ္စည်းတွေအထိရှိပါတယ်။ ပြီးတော့ လည်ပတ်ဖို့ Myeongdong Catholic Cathedral နဲ့ Myeongdong Nanta Theatre တို့လည်းရှိပါသေးတယ်။

သွားမယ်ဆို – 83-9 Myeong-dong, Jung-gu, Seoul, South Korea

ဆိုင်တွေဖွင့်ချိန် – နေ့စဉ် မနက် (၁၀)နာရီမှ ည (၁၀)နာရီခွဲထိ။

2. Dongdaemun Market (ဒုံးဒွယ်မန်)

ဒုံးဒွယ်မန်ဈေးဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ ့ လက်လီလက်ကားပါရတဲ့ဈေးတွေထဲက တစ်ခုပါ။ အဲနေရာတစ်ခုထဲမှာတင် ဈေးဝယ်စင်တာကြီး (၂၆)ခု၊ ဈေးဆိုင်ငယ်လေးတွေ (၃)သောင်းကျော်၊ ပရိဘောဂဆိုင်များ၊ အထည်အလိပ်ဆိုင်များ နှင့်တခြား အီလက်ထရောနစ်ဆိုင်များနဲ့ ပြည့်လျှံနေ ပါ တယ်။ ပြီးတော့ လမ်းသွားလမ်းလာ ရှော့ပင်ထွက်တဲ့သူတွေကိုလည်း ကိုးရီးယားလမ်းဘေး ပူပူနွေး နွေး အစားအသောက်များက တမျိုးတဖုံဆွဲဆောင်နေပါသေးတယ်။ ညဘက်ဆိုလျှင်လည်း ဖက်ရှင်ရှိုးတွေ၊ သံစုံတီးဝိုင်းတွေ တွေစည်ကားနေတတ်ပါတယ်။

သွားမယ်ဆို – Euljiro 6(yuk)-ga, Jung-gu, Seoul, South Korea

3.    Hongdae (ဟုံးဒယ်)

ဟုံးဒယ်ဆိုတဲ့နေရာလေးကိုသွားမယ်ဆိုရင်တော့ လူငယ်တွေရဲ ့သဘာဝကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Hongik တက္ကသိုလ်လည်းရှိတော့ လူငယ်တွေအသွားအလာများပြီး ကော်ဖီဆိုင်တွေ၊ ဖက်ရှင်ဆိုင် တွေ၊ ဘားတွေ၊ ကလပ်တွေလည်းရှိလို့နေတာပေါ့။ Nightlife ကိုပြည့်ပြည့်ဝဝခံစားလို့ရတဲ့နေရာပါ။ သူ့ရဲ ့နာမည်ကြီးပြီး လူသိများတဲ့အချက်ကတော့ ရုံးပိတ်ရက်စနေနဲ့ တနင်္ဂနွေနေ့တွေဆို နေ့လည်(၁) နာရီကနေ ညနေ(၆)နာရီအထိ ဒေသခံ အနုပညာ လက်မှုတွေပြုလုပ်ဖန်တီးတဲ့သူတွေက သူတို့ရ ဲ့ လက်မှုပစ္စည်းတွေ၊ ပန်းချီကားတွေ၊ တစ်ပတ်ရစ် ပစ္စည်းတွေကိုခင်းကျင်းပြသခြင်းပဲဖြစ်ပါတယ။်

သွားမယ်ဆို – Hongdae, Mapo-gu, Seoul, South Korea

ဆိုင်တွေဖွင့်ချိန် – နေ့စဉ် မနက် (၉)နာရီမှ သန်းခေါင်ယံအချိန်ထိ။

4.    Apgujeong (အပ်ဘ်ဂူဂျွန်)

အပ်ဘ်ဂူဂျွန်ဆိုတဲ့နေရာဟာလည်း ဆိုးလ်မြို ့ရဲ ့နာမည်ကျော်ဒီဇိုင်နာဘရမ်းတွေ ပေါများတဲ့နေရာ လည်းဖြစ်ပါတယ်။ သူ့မှာလည်း အလှအပနဲ့ပက်သက်ပြီး ပြုပြင်လို့ရတဲ့ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆို်င်တွေ၊ ဈေးဝယ်ကုန်တိုက်တွေ၊ ဈေးဝယ်စင်တာ တွေလည်းများစွာ ရှိပါတယ်။ အဲထဲ ကမှ Galleria shopping mall ဆိုရင် အနောက်နိုင်ငံက နာမည်ကြီး brand များဖြစ်တဲ့ Goyard, Valentino and Saint Laurent တို့ရှိပါတယ်။

သွားမယ်ဆို – Apgujeong-dong, Gangnam-gu, Seoul, South Korea

ဆိုင်တွေဖွင့်ချိန် – နေ့စဉ် မနက်(၁၀)နာရီကနေ ည(၁၀)နာရီခွဲအထိ။

5.    Starfield COEX Mall

ခုနောက်ပိုင်း instagram နဲ့ cele တွေရိုက်တဲ့ပုံတွေနဲ့ နာမည်ကြီးလာတဲ့နေရာပေါ့။ အဓိကက ရှေုှာ့ပင် မောထက် အဲ့မှာရှိတဲ့ စာကြည့်တိုက်က ပိုပြီးနာမည်ကြီးလာတာပါ။ အဲ့မောလ်ထဲမှာနာမည်ကြီး brand ပေါင်း (၃၀၀)ကျော်၊ ဖက်ရှင်၊ အလှအပ နဲ့ အီလက်ထရှောနစ်ပစ္စည်းစုံလင်စွာလည်းရှိ ပါတယ်။ ကလေး တွေပါလာရင်လည်းဆော့ကစားဖို့ ကလေးကစားကွင်းငယ်လေးလည်းရှိပါသေး တယ်။