ဟိုတစ်ပတ်က ထိုင်ဝမ်နိုင်ငံဟာ လည်လို့ပတ်လို့ကောင်းတဲ့နိုင်ငံဖြစ်ကြောင်းပြောပြပေးပြီးပြီဆိုတော့ ဒီတစ်ပတ်မှာတော့ အက်မင်က ထိုင်ဝမ်မှာဈေးဝယ်လို့ကောင်းမယ့်နေရာများကိုပြောပြပေးသွားပါမယ်။

Shilin Night Market

shilin ညဈေးဟာ တိုင်ပေမှာနာမည်အကြီးဆုံး ညဈေးတစ်ခုဖြစ်ပါတယ်။ ဈေးဆိုင်ငယ်လေးတွေ အများကြီးနဲ့ လမ်းဘေးစားသောက်ဆိုင်တွေလည်းရှိတာမို့လို့ အရမ်းကိုစည်ကားလို့နေတာပေါ့။ အက်မင်တို့ ကြိုက်တဲ့ပစ္စည်း၊ လိုချင်တဲ့ပစ္စည်းတွေကို တစ်နေရာထဲတောင်ရနိုင်တဲ့နေရာမျိုးပါ။

သွားမယ်ဆိုရင် – No. 101, Jihe Rd, Shilin District, Taipei City, Taiwan 111
နီးစပ်ရာ ရထားဘူတာ – Jiantan MRT Station

ဆိုင်တွေဖွင့်ချိန် – ညနေ (၄)နာရီလောက်ဆို ဆိုင်တွေစဖွင့်ပေမယ့် စသွားလို့ကောင်းတဲ့အချိန်ကတော့ ည(၉)နာရီပါ။

Wu Fen Pu

ဘန်ကောက်က Platinum shopping mall ကိုကြားဖူးမယ်ထင်ပါတယ်နော်။ ခု တိုင်ပေမှာရှိတဲ့ Wu Fen Pu ကလည်း ဘန်ကောက်က Platinum shopping mall လိုပါပဲ..လက်ကားဈေးတွေလည်းရပြီး ပစ္စည်းတွေလည်းအရမ်းကိုဈေးသက်သာပါတယ်။ အကယ်လို့များတိုင်ပေရောက်လို့ ဒီဈေးကိုသွားမယ်ဆိုရင်တော့ အင်္ဂါနေ့ကတော့ အကောင်းဆုံးပါပဲ။ ဆိုင်ပိုင်ရှင်တွေအလုပ်များတဲ့ တနင်္လာနေ့တော့ ရှောင်ပြီးသွားစေချင်ပါတယ်။

သွားမယ်ဆိုရင် – Yongji Street, Xinyi District, Taipei City, Taiwan 110 နီးစပ်ရာ ရထားဘူတာ – Song Shan MRT Station

Ximending

နောက်ဆုံးပေါ်ဒီဇိုင်းတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ Ximending ကိုသွားစေချင်ပါတယ်။ Local Brand တွေအပြင် နိုင်ငံခြားက Uniqlo လို brand တွေရဲ့ နောက်ဆုံးပေါ်ဒီဇိုင်းတွေလည်းအစုံအလင်ရှိပါတယ်။ ရှော့ပင်ထွက်ရတာမကြိုက်တဲ့ foodie လေးတွေအတွက်ဆိုရင်လည်း အဲ့နေရာမှာ ဘားဆိုင်တွေ၊ ဒေသခံစားသောက်ဆိုင်တွေပါအစုံအလင်ရှိသေးပါတယ်။ အဲလိုစုံလင်တဲ့နေရာကို

သွားမယ်ဆိုရင် – Shi-men Ting, Taipei City, Taiwan 108 နီးစပ်ရာ ရထားဘူတာ – Xi Men MRT Station

Eslite Xin Yi

ဒီနေရာလေးကတော့ စာဂျပိုး (သို့) စာဖတ်ရတာကြိုက်တဲ့သူတွေအတွက် တကယ့်ကို နိဗ္ဗာန်ဘုံပါပဲ။ ၂၄နာရီဖွင့်တဲ့ စာအုပ်ဆိုင်ကတော့ တိုင်ပေမှာ အကြီးဆုံးစာအုပ်ဆိုင်ဖြစ်ပြီး တိုင်ပေ 101 တာဝါနားမှာရှိပါတယ်။ ဒါ့အပြင် အရသာရှိရှိရောင်းချတဲ့စားသောက်ဆိုင်များလည်းရှိသေးတာမို့ ၀င်ရောက်လည်ပတ်သင့်တဲ့ mall လည်းဖြစ်ပါတယ်။

သွားမယ်ဆိုရင် – No. 11, Songgao Rd, Xinyi District, Taipei City, Taiwan 110 နီးစပ်ရာ ရထားဘူတာ – Zhongxiao Dunhua MRT Station

Taipei 101

ဒီတာဝါကိုမြင်လိုက်တာနဲ့ တိုင်ပေကမှန်းဆိုတာ လူတိုင်းနီးပါးသိကြမယ်ထင်ပါတယ်နော်။ တိုင်ပေမှာနာမည်အကြီးဆုံးတာဝါဖြစ်ပြီး အရှည်ဆုံးတာဝါလည်းဖြစ်ပါတယ်။ တကယ့်ကို brand တွေပြည့်နေတဲ့ shopping mall လည်းရှိတာမို့ brand ကြိုက်တဲ့သူတွေသွားသင့်တဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့တာဝါကနေလည်း တိုင်ပေမြို့ တစ်မြို့ လုံးကိုမြင်တွေ့နိုင်ပါတယ်။

သွားမယ်ဆိုရင် – No. 7, Section 5, Xinyi Rd, Taipei City, Taiwan 110 နီးစပ်ရာ ရထားဘူတာ – Taipei 101 MRT Station

👠

Shar Thet Man

About Shar Thet Man

Shar Thet Man has written 350 post in this Website..