ကာကာဆိုင်တွေ အကုန်ဖျားသွားမယ့် Chinatown က ကာကာ 125

Mon LaySeptember 13, 20191min27580

ဒီဆိုင်လေးက review ရေးစရာမလိုအောင်ကို သူ့ဟာနဲ့သူနာမည်ကြီးပြီးသားပါ။ MTV တွေလာရိုက်ကြတယ်။ ဓါတ်တွေလာဖမ်းကြတယ်နဲ ့ခုဆိုတဖြည်းဖြည်းပေါက်လာပြီ။ လူငယ်လေးတွေတော်တော်လာကြတယ်။ မွန်လေးတို့ သွားတုန်းကလည်း ဓါတ်လာဖမ်းကြတာမှမနည်းဘူး။ ကိုယ်တွေနေဲနဲစောစောလေးရောက်သွားလို့သာပေ့ါ။ ဓါတ်ပုံလှလှလေးတွေထွက်လာတာ။ လူလည်းသိပ်မပါခဲ့ဘူး။ တစ်ခုကျေးဇူးတင်မိတာတော့ ကိုယ်တွေစရောက်တုန်းက အပေါ်ထပ်မှာ စားလို့မရဘူး။ ညနေမှ ဖွင့်မှာတဲ့။ အောက်မှာပဲထို်င်လို့ရမယ်ပေါ့နော်။ အပေါ်ထပ်မှာ ခုလောလောဆယ် ဓါတ်ဖမ်းလို့ပဲရတယ်တဲ့။ အဲဒါနဲ့ ကိုယ်တွေဓါတ်ဖမ်းဖို့ အပေါ်ထပ်ကိုတက်၊ ဓါတ်ဖမ်းနေချိန်မှာပဲ အပေါ်မှာပဲ စားပါတော့အစ်မဆိုပြီး ကိုယ်တွေကို အဆင်ပြေအောင်င်စီစဉ်ပေးခဲ့တာကိုတော့ ကျေးဇူးပါ။ အပေါ်ထပ်မှာဓါတ်ဖမ်း၊ ပြီးရင်အောက်ဆင်းစားနဲ့ အလုပ်ရှုပ်တာတော့ တော်တော်လေးသက်သာသွားခဲ့တယ်။

သူက တရုတ်ကော်ဖီဆိုင်အသေးစားလေးပေါ့နော်။ အပေါ်ထပ်ရယ်၊ အောက်ထပ်ရယ်ရှိတယ်။ ဝင်ဝင်ချင်းမှာ ဝါးထိုင်ခုံလေး၂ခုံနဲ့ စားပွဲလေးချပေးထားတယ်။ နေ့ခင်းဘက်ကျတော့ နေပူတော့ထိုင်လို့မကောင်းဘူး။ ဓါတ်ဖမ်းလို့တော့ အသေကောင်းတာ။ နေရောင်ခြည်ရဲ ့lighting ကအစ ဘာမှ retouch လုပ်စရာကိုမလိုဘူး။ အရမ်းအဆင်ပြေတယ်။ အထဲကျတော့လည်း အမှောင်၊ အမှောင်ကိုမှ တရုတ်တွေကြိုက်တဲ့ အနီကို အသားပေးပြီးအလှဆင်ထားတာဆိုတော့ အမှောင်နဲ့ အနီတွေ့တဲ့အချိန်မှာ ပုံထွက်တွေအရမ်းကောင်းတာကြောင့်လည်း ဘာမှကို retouch လုပ်စရာမလိုဘူး။ ကိုယ်တောင်တော်တော်လေး သဘောကျသွားတယ်။

အစားသောက်တွေလည်းအရသာမဆိုးဘူး။ ကို်ယ်တွေက တရုတ်စာစားနေကြပဲလေ။ ဘာလီရေနွေးကြမ်းတော့သိပ်မကြိုက်ဘူးရယ်။ Chicken ball ရယ်၊ လက်ဖက်ကြက်ဥရယ်၊ အမဲသားဟင်းရည်ရယ် ကတော့ ပြောစရာမလို။ အထုံကလည်း ပါတာမများတော့ တော်တော်လေးစားကောင်းခဲ့တယ်။

ဘာပဲပြောပြောပါ..ဓါတ်ဖမ်းရတာနဲ့တင် တန်ပါတယ်။ ပြီးတော့ သူက ဆိုင်ခွဲရှိသေးတယ်နော်။ အဲ့လမ်းထဲမှာပဲ။ နောက်သွားတော့မှပဲ..ထပ်ရေးပါတော့မယ်။

ဒီဆိုင်ကိုသွားချင်တဲ့သူတွေရှိရင် လိပ်စာကတော့ 19လမ်းအပေါ်ဘလောက်မှာပါ။ အချိန်ကတော့ မနက်(၉)နာရီကနေ ညဘက်(၁၀)နာရီထိဖွင့်ပါတယ်။

#food#chinatown125cafe#chinatown#cafe#review