N Seoul Tower

Mon LaySeptember 11, 20191min1900

N Seoul Tower ဆိုတာ ကိုရီးယားကားတွေကိုနှစ်သက်ခုံမင်စွာကြည့်ကြတဲ့ မြန်မာလူမျိုးတွေကတော့ ဘာလဲဆိုတာသိကြမယ်ထင်ပါတယ်နော်။ အဲ့ ဆိုးလ်မြို ့နမ်ဆန် တာဝါပေါ်မှာ စုံတွဲတွေကြားနာမည်ကြီးတဲ့ အချစ်သော့တွဲလေးတွေလည်းရှိပါတယ်။ ချစ်သူစုံတွဲတွေဟာ အမှတ်တရစာလေးတွေရေး၊ သော့ခလောက်လေးနဲ့တွဲပြီး သော့လေးကိုရေပြင်ထဲပြစ်ချလိုက်ရင် အချစ်တွေခိုင်မြဲပြီး ဆုတောင်းတွေပြည့်ကြမယ်လို့ ယုံကြည်တာမို့ ဒီတာဝါပေါ်မှာ သော့လေးတွေခတ်ခဲ့ကြပါတယ်။ အဲလို တမူထူးခြားတဲ့ နေရာလေးတွေရှိတဲ့ N Seoul tower အကြောင်းကို အက်မင်က ဒီတစ်ပတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။

#နေရာ

နမ်ဆန်တောင်ပေါ်မှာရှိပြီး နန်ဆမ်ပန်းခြံရဲ ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟစနစ်တစ်ခုထဲမှာလည်း အပါအဝင်ဖြစ်ပါတယ်။ 105, Namsangongwon-gil, Yongsan-gu, Seoul မှာပါ။

#ဖွင့်ချိန်

တစ်နှစ်ပတ်လုံးဖွင့်ပါတယ်။ ဒါပေမဲ့ ဖွင့်ချိန်ကတော့ ရာသီဥတုပေါ်မူတည်ပြီးဖွင့်တာပါ။

#ဘာတွေရှိလဲ

အထပ်ပေါင်း ရထပ်ရှိပြီး စားသောက်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေများစွာရှိပါတယ်။

N Seoul tower ကနေ ဆိုးလ်မြို ့တစ်ခုလုံးကို ရင်သပ်ရှုမောစွာမျက်စေ့တဆုံးကြည့်နိုင်ပါတယ်။ နေ့စဉ်ဖြတ်သန်းလှုပ်ရှားနေရတဲ့ လူမှုဘဝကနေ ခဏတာ ရုန်းထွက်ချင်ရင်တော့ ဒီတာဝါကိုလာပြီး view တွေကြည့်ပြီး အပန်းဖြေနိုင်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေ၊ တီဗွီအစီအစဉ်တွေ၊ ဆယ်လီတွေ၊ ခရီးသွားလမ်းညွှန်စာအုပ်တွေကြောင့် ဒီတာဝါဟာ ပိုပိုပြီးတော့ ခရီးသွားတွေအလာများခဲ့ပါတယ်။

ဒီတော့ ကိုရီးယား ဆိုးလ်မြို ့ကိုရောက်ခဲ့ရင် ဒီ N seoul tower (နမ်ဆန်တာဝါ)ကို လည်း မရောက်ရောက်အောင် သွားခဲ့ပါလို့ အက်မင်ကအကြံပြုချင်ပါတယ်။