စလုံးမှာရှိတဲ့ Universal Studio ကစားကွင်းကို ခြေရာပြန်ကောက်ခြင်း

Mon LaySeptember 19, 20193min3290

စင်ကာပူကနာမည်ကြီးကစားကွင်းဖြစ်တဲ့ Universal Studio ကို ခရီးသွားတဲ့သူတိုင်းသိကြမယ်လို့ထင်ပါတယ်။ အာရှမှာ ဂျပန်နဲ့ စင်ကာပူကလွဲရင် ကျန်တဲ့နေရာမှာ Universal Studio မရှိပါဘူး။ ကလေးရော လူကြီးရော ကြိုက်ကြမယ့် ကစားကွင်းအကြီးကြီးပါ။ သူ့မှာ ကစားကွင်းအပြင် show ပွဲတွေလည်းရှိလို့ အရမ်းကိုမိုက်တယ်။ သူ့ကိုသွားမယ်ဆိုရင်တော့ တစ်ရက်လောက်တော့ အချိန်ပေးရတယ်။ အရမ်းလည်းတန်းစီရသလို စီးစရာတွေရော ကြည့်စရာ show တွေရော အများကြီးရှိနေတာပါ။ ဒီတော့အထဲမှာပျော်စရာကောင်းတဲ့ ride တွေ၊ show ပွဲတွေရှိတယ်တာ မရောက်ဖူးသေးတဲ့သူများ ရောက်ဖူးသွားအောင် မွန်လေးက စာရေးရင်းခေါ်သွားပေးမယ်နော်။

လက်မှတ်ဝယ်မယ်ဆို

အရင်ဆုံး USS ကိုသွားမယ်ဆို ဝင်ကြေးရှိလို့လက်မှတ်ဝယ်ရပါမယ်။ မွန်လေးတို့သွားတုန်းကတော့ သယ်ရင်းကကြိုဝယ်ပေးထားလို့။ ရန်ကုန်ကနေ တိုးတွေဆီကဝယ်သွားလို့ရသလို ဒီလင့် https://www.rwsentosa.com/en/attractions/universal-studios-singapore/tickets မှာလည်း ဝယ်လို့ရပါတယ်။ တစ်ရက်ထဲပဲသွားမယ်ဆိုရင်တော့ တန်းမစီရအောင် Express ticket ဝယ်စေချင်တယ်။ rides တွေကအရမ်းတန်းစီရတယ်။ ၂-၃ရက်ဆက်သွားမယ်ဆိုရင်တော့ ရိုးရိုးticket ပဲဝယ်ပါ။

တည်နေရာ

8 Sentosa Gateway, Sentosa Island မှာပါ။

အချိန်

ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ညနေ(၆)နာရီအထိပါ။

ဘယ်လိုသွားရလဲ

မြို့ထဲကနေလာပြီး vivo city shopping mall ထဲကိုဝင်ရပါမယ်။ ဘာလို့ဆို Vivo city shopping mall ထဲကနေ သုံးထပ်ထိတက်ပြီးရင် sentosa ကျွန်းသွားတဲ့sky train လေးစီးသွားရင်ရောက်တာကိုး။ ပြီးရင် waterfront station မှာဆင်းပါ။ လက်မှတ်ကလည်း အသွားအပြန်မှ စလုံးဒေါ်လာ 4ကျပ်ထဲရယ်။ မြို ့ထဲကနေကားနဲ့သွားမယ်ဆိုရင်လည်းရတာပဲ။

ရထားပေါ်ကဆင်းပြီးတာနဲ့ မြင်ရတဲ့အရာရာက အရမ်းကို..ဘယ်လိုပြောရမလဲ။ ကစားကွင်းတောင်မှ တော်တေ်ာလေးလန်းတဲ့ကစားကွင်းလေး။ USS ကိုရောက်ဖို့ ရထားကနေဆင်းပြီးလမ်း၄မိနစ်လောက်လျှောက်ရတယ်။ မသွားတတ်ရင် လမ်းညွှန်ဆိုင်းဘုတ်တွေရှိတယ်။ ကြည့်ပြီး ဘယ်ချိုးဆိုဘယ်ချိုးပေါ့။ ညာချိုးဆိုညာချိုးပေါ့။

အဝင်ဝမှာ USS အထင်ကရ ကမ္ဘာလုံးရှိတယ်။ အငွေံတွေက တထောင်းထောငးထနေပြီး ကမ္ဘာလုံးကလည်နေတယ်။ USS ရောက် I’m here ဆိုပြီး အရှေ ့မှာ ဓါတ်ဖမ်းပြီး ဖေ့ဘွတ်ပေါ်တင်လိုက်ပေါ့။ ပြီးတာနဲ့ လက်မှတ်ကိုအဝင်ဝမှာ scan ဖတ်ပြီး အထုပ်တွေပါလာရင် locker ငှားပေါ့။ အထဲမှာ လော်ကာ အကြီးအသေးငှားလို့ရတယ်။ ပိုက်ဆံထည့်ပြီး ကိုယ့်ဖာသာလုပ်ရင်ပဲ။ လူကိုမလိုတာ သူတို့လုပ်ထားတဲ့ စနစ်လေးအရမ်းကြိုက်တယ်။ ကိုယ့်မွေးနေ့ရယ်၊ ကိုယ်ကြိုက်တဲ့အရောင်ရယ် register လုပ်ပြီး ပို်က်ဆံထည့်လိုက်ရင် လော်ကာပွင့်သွားရော။ ပြန်ဖွင့်ချင်ရင်လည်း password ပြန်ထည့်ပြီး အလိုအလျောက်ပွင့်သွားရော။ အင်္ဂလိပ်စာတတ်ဖို့တော့လိုပါတယ်။

လော်ကာမလိုတဲ့သူတွေကတော့ စကဲပေတော့။ အရင်ဆုံးရောက်မှာက Hollywood။ အမေရိကားက Hollywood theme ကိုယူထားတာ။ဈေးဆိုင်တွေ၊ ကာတွန်းအရုုပ်ဆိုင်တွေရှိတယ်။ ဓါတ်ဖမ်းတာကြိုက်တဲ့သူတွေဖမ်းစမ်းပါ။ ရှေ ့ဆက်လျှောက်ရင် ကန်ရေပြင်နဲ့ ဘယ်ဘက်ကိုသွားမယ်ဆိုရင် Madagascar နဲ့ ညာဘက်ဆို New York ဆိုပြီးရှိပါတယ်။ မွန်လေးတို့ကတော့ Madagascar ကိုအရင်သွားလိုက်တယ်။

#Madagascar

သင်္ဘောပုံစံဆောက်ထားတာကတော့ Madagascar ရဲ ့ကာတွန်းထဲမှာပါတဲ့ဇာတ်ကောင်လေးတွေ ရှိနေတာပါ။ အဲ့ထဲကိုမွန်လေးတို့ လှေနဲ့ သွားပြီး ဇာတ်ကောင်လေးတွေကပြတာတွေ၊ဖေေျာ်ဖြေတာကိုကြည့်လို့ရတယ်။

#Far_Far_Away

Cinderella Castle ထဲမှာ Sherk 4-D Adventure ရှိတယ်။ မကြိုက်လု့ိမြန်မြန်ပြန်ထွက်ခဲ့တယ်။ ပြီးတော့ roller coaster လိုလို အသေးစားလေး Enchanted Airways လေးစီးကောင်းတယ်။

#The_Lost_World

Jurassic Park က ဘန်ကောက်မှာလည်းရှိတယ်။ စမ်းချောင်းထဲမှာ အဝိုင်းပုံစံ ယာဉ်ကြီးစီးသွးတာပါ။ ဘေးမှာ ဂေါ်ဇီလာအရုပ်တွေရှိတယ်။ ဘန်ကောက်ထက်တော့မိုက်တယ်။ Show တွေအများကြီးထဲကမှ သရုပ်ဆောင်ချက်တွေတော်တော်မိုက်တဲ့ Water World လည်းရှိတယ်။

#Ancient_Egypt

Revenge of the Mummy လေးစီးကောင်းတယ်။ အထဲကိုအိတ်တွေသယ်သွားလို့မရလို့ အပြင်မှာ လော်ကာနဲ့ထားခဲ့ရတယ်။ ၁နာရီခွဲတော့ ဖရီးထားခွင့်ပေးတယ်။ ၁နာရီကျော်ရင်တော့ charges ရှိတယ်။ Treasure Hunters လည်းရှိတယ်။ လူများလို့ မစီးခဲ့လိုက်ဘူး။

#Sci-Fi_City

Transformer Rideရှိတယ်။ စက်ရုပ်တွေနဲ့ချတာကို indoor roller coaster စီးသလိုစီးရတာပါ။ နည်းနည်းတော့ခေါင်းမူးတယ်။ လှုပ်နေတာများလို့။ Roller Coaster 2မျိုးရှိတယ်။ သိပ်ကြောက်ဖို့မကောင်းတာကိုရွေးစီးပေါ့။

#New_York

လမ်းတွေကတော့ ကတ္တရာလမ်းမကြီးအတိုင်းပဲလုပ်ထားတာ။ အဲ့ထဲမှာ အခန်းတွေထဲလျှောက်ဝင်ရင်း show လိုလိုပြတဲ့ အခန်းရှိတယ်။ ကိုယ့်ဘေးမှာတကယ်ကို မိုးတွေရွာ၊ မိုးတွေချိန်း၊ နောက်ဆုံး သင်္ဘောကြီးလာဆို်က်တာအဆုံးအရမ်းကိုကြည့်ကောင်းတယ်။ အခန်းတော့မမှတ်မိပေမဲ့ လမ်းနာမည်တော့မှတ်မိတယ်။ 5th Avenue ဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်ရှိတဲ့တိုင်နားမှာရှိတဲ့အခန်းပါ။

အရမ်းကိုပျော်ခဲ့ပါတယ်။ ပြန်တော့လည်း လာတဲ့အတိုင်း sky train လေးစီးပြီးပြန်ရုံပဲ။ နောက်လည်းစာတွေထပ်တင်ပေးပါဦးမယ်နော်။

#singapore #universalstudio #amusement #happy