ဘန်ကောက်ဆိုတာ ထိုင်းနိုင်ငံရဲ့ မြို့တော် ပါ။ မြို့တော်ဘန်ကောက်မှာ အဓိက လေဆိပ်ကြီး (၂) ခု ရှိပါတယ်။ သုဝဏ္ဏဘူမိ (Suvarnabhumi Airport – BKK) နဲ့ ဒွန်မောင်း (Don Mueang Airport – DMK) လေဆိပ်တို့ ဖြစ်ပါတယ်။ ဒီလေဆိပ် (၂) ခုရဲ့ ကွာခြားချက်က… သုဝဏ္ဏဘူမိေလဆိပ္ကိုဆင်းတဲ့ လေယာဉ်တွေက စျေးကြီးပြီး 5 star အဲလိုင်းတွေဖြစ်ပြီး၊ ဒွန်မောင်းလေဆိပ်ကို ဆင်းတဲ့ လေယာဉ်တွေက စျေးနှုန်း သက်သာၿပီ ဘတ် ဂျတ်အဲလိုင်းတွေပါ။

သုဝဏၰဘူမိကို မြန်မာနိုင်ငံကထွက်ခွာတဲ့ အဲလိုင်းတွေကတော့ Myanmar National Airline(MNA), Myanmar Airways International(MAI), Bangkok Airways(PG), Thai Airways(TG) တို့ဖြစ်ပြီး  ဒွန်မောင်းလေဆိပ်ကိုတော့ Air Asia(FD), Nok Air (DD), Thai Lion (SL) တို့ပဲဖြစ်ပါတယ်။

ဒီတော့လေယာဉ်လက်မှတ်ဝယ်တဲ့အခါ ကိုယ်ကဘယ်လေဆိပ်ကိုဆင်းမယ်ဆိုတာ သေချာလေးပြောပြဖို့လိုပါတယ်။

သုဝဏ္ဏဘူမိ လေဆိပ်ကေန ဘန်ကောက်မြို့ထဲကို သွားမယ်ဆိုရင်လည်း ရထား၊ ဘတ်စ်ကား နဲ့ Grab taxi တို့ရှိပါတယ်

#ရထားစီးသွားဆိုရင် ဖရာထိုင်း(PhayaThai) ဘူတာအထိ စီးလို့ရပါတယ်။ ပြီးမှ နီးစပ်ရာဟိုတယ်ကိုဆက်သွားပေါ့။

#ဘတ်စ်ကားနဲ့ဆို လဆေိပျကနေ ခေါက်ဆန်လမ်း (Khaosan Road) အထိစီးလို့ရပါတယ်။ ဘတ္စ္ကားတွေကလေဆိပ်ရဲ့ Gate 7 မှ စတင် ထွက်ခွာပါတယ်။

#GRABစီးမယ္ဆို ရန္ကုန္မွာထဲက application down သြားပါ။ ငှားခ ကေတာ့ ဘတ်(400) လောက် ကျပါလိမ့်မယ်။

=========

ဒွန်မောင်းလဆေိပျကနေလည်း  ဘန်ကောက်မြို့ထဲကို သွားမယ်ဆိုရင် ရထား(တိုက်ရိုက်မရှိ) ၊ ဘတ်စ်ကား နဲ့ Grab taxi တို့ရှိပါတယ်

#ရထားစီးသွားမယ်ဆိုရင် ဒွန်မောင်းလေဆိပ် မှာ ရထားဘူတာ မရှိပါဘူး။  အနီးဆုံး ဘူတာဖြစ်တဲ့ Mo Chit Station ဆီကို Taxi (or) Bus စီးသွားဖို့ လိုပါတယ်။ ရထားဘူတာ သွားဖို့အတွက် လိုင်းကား စီးမယ်ဆိုရင် လေဆိပ် အပြင်ဘက်မှာ A1 Bus တွေ ရှိပါတယ်။ နံနက် (၇း၃၀) နာရီမှ ည (၁၁း၃၀) နာရီအထိ (၁၅) မိနစ် တစ်ကြိမ် ထွက်ခွာပေးပါတယ်။ Mo Chit Station ဆီကို ရောက်ရင်တော့ သွားလိုတဲ့ ဘူတာဆီကို စီးသွားလိုက်ရုံပါပဲ။

#GRABစီးမယ္ဆို ရန္ကုန္မွာထဲက application down သြားပါ။ ငှားခ ကေတာ့ ဘတ်(400) လောက် ကျပါလိမ့်မယ်။

#ဘတ်စ်ကားလည်းရှိပေမဲ့ မွန်လေးကတော့ recommend မပေးချင်ပါဘူး။ နဲနဲရှုပ်တယ်။

အထူးသတိထားရမှာကတော့ Taxi စီးတဲ့အခါ Meter Taxi ကို သတိထားစေချင်ပါတယ်။ အရမ်းရိတ်တတ်ပြီး နိုင်ငံခြားသားဆိုရင် ပိုတောင်းတတ်လို့ပါပဲ။ (အဲ့အကြောင်းကို မွန်လေးနောက်မှ သေချာရေးပေးမယ်နော်။ ကိုယ်တွေသွားတုန်းကလျင်လို့သာပေါ့။)

ဒီစာလေးဖတ်ပြီးရင်တော့ အထုပ်ဆွဲပြီးသာ ဘန်ကောက်သွားဖို့ပြင်ပါတော့။

#bangkok

#airport

#Suvarnabhumi Airport

#DonMueang Airport

#Myanmar_National_Airline(MNA)

#Myanmar_Airways_International(MAI)

#Bangkok_Airways(PG)

#Thai_Airways(TG) 

#Air_Asia(FD)

#Nok_Air (DD)

#Thai_Lion (SL)

Shar Thet Man

About Shar Thet Man

Shar Thet Man has written 350 post in this Website..