GST ရဲ့အရှည်ကောက်က Goods and Service Tax ပါ။ နိုင်ငံခြားကိုခရီးထွက်ဖူးပြီး ဈေးဝယ်ထွက်ဖူးရင်တော့ GST refund ဆိုတာကို ကြားဖူးမယ်ထင်ပါတယ်နော်။ ဒါပေမဲ့ မြန်မာလူမျိုးတော်တော်များများက ဘယ်လို GST refund ရအောင် ဘယ်လိုလုပ်မရလဲ၊ ဘယ်လိုပြန်ထုတ်မလဲဆိုတာတွေကို ကောင်းကောင်းမသိကြဘူး။ လုပ်လည်းမလုပ်တတ်ဘူး။ အမှန်က ကိုယ်တွေက ဒေါ်လာ(၁၀၀)ကျော်ဖိုးတောင်ဝယ်ထားရတာလေ။ tax တွေအပါ။ အဲဒါကို နိုင်ငံခြားအစိုးရက ပြန်ပြီးအမ်းတာကို မယူလို့မဖြစ်ဘူးနော်။ တချို့ ဆိုင်တွေက သူတို့ရဲ့ service tax ပါပေးရတာကို မကြိုက်တော့ မွန်လေးတို့က နိုင်ငံခြားသားမှန်းသိပေမဲ့ မသိချင်ယောင်ဆောင်တဲ့ ဆိုင်တွေရှိတတ်ပါတယ။် အဲ့ခါကျ မွန်လေးတို့က ဒေါ်လာ(၁၀၀)ကျော်ဖိုးဝယ်ပြီးတာနဲ့ GST Refund ဆိုပြီး ပြောနိုင်အောင် မွန်လေးက ရှင်းပြပေးသွားပါမယ်နော်။

အဲလို GST refund ရချင်တယ်ဆိုရင်

  • ဒေါ်လာ(၁၀၀)အထက် ၁ဆိုင်တည်းမှာဝယ်ရင် GST Refund လျောက်လို့ရပါတယ်။
  • ဆိုင်ကမသိချင်ယောင်ဆောင်နေရင်လည်း ပြောပါ။
  • passport original ပြရပါတယ်။ အဲတော့ ဈေးဝယ်မယ်ဆိုတာနဲ့ passport ဆောင်သွားပါ။
  • ဈေးဝယ်တဲ့အချိန်မှာ အသက် (၁၆)နှစ်နဲ့ အထက်ဖြစ်ရပါမယ်။
  • shopping mall တွေပဲရမယ်နော်။
  • ၀ယ်လာခဲ့တဲ့ ပစ္စည်းတွေရဲ့ ဘောက်ချာကို သိမ်းထားပါ။

ပြန်ထုတ်မယ်ဆိုရင်

  • လေဆိပ်ကိုပုံမှန် (၂)နာရီသွားတာထက်စောသွားပါ။
  • လေဆိပ်မှာ GST Refund ကောင်တာကိုရှာပါ။
  • ကောင်တာမှာ GST Refund claim လုပ်မယ်ဆိုပြီးပြောပါ။

မွန်လေးဆိုလည်းအမှန်ကမသိဘူး။ စင်ကာပူသွားတော့မှ Robinson မှာ ရေမွှေးဝယ်တာ ဒေါ်လာ(၁၀၀)ကျော်သွားတော့ ကောင်တာကကောင်မလေးက အမတို့ကနိုင်ငံခြားသားလား၊ အာ့ဆို GST Refund ရတယ်ဆိုပြီး ပြောတော့မှ လုပ်ရကောင်းမှန်းသိခဲ့တာ။ ဒါတောင် တချို့ကုန်တိုက်တွေက မွန်လေးတို့ကိုမပြောခဲ့လို့ နှမြောခဲ့ရတာတွေရှိတယ်။ သိမှမသိခဲ့ပဲ။ ကိုယ်တွေလို မသိတဲ့သူတွေလည်းရှိချင်ရှိမှာပေါ့ဆိုပြီး ဒီပို့စ်ကိုရေးပေးလိုက်ပါတယ်။

အားလုံးဈေးဝယ်ရာမှာအဆင်ပြေကြပါစေ။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 350 post in this Website..