“ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” (Winter Sonata – 2003) ဆိုတဲ့ ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲဟာ မြန်မာနိုင်ငံ သာမက နိုင်ငံတကာ အထိ ထိုးဖောက် အောင်မြင်ခဲ့တဲ့ နာမည်ကျော် အချစ် ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်။ “သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း နားနိုင်” ဆိုသလို … အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ရာ Nami Island ဆိုတဲ့ ချစ်စဖွယ် ကျွန်းငယ်လေးရဲ့ အလှအပ၊ ခရီးသွားကဏ္ဍ ဟာလည်း အောင်မြင်၊ ကျော်ကြားခဲ့ပါတယ်။ ဒီကျော်ကြားမှုနဲ့ အတူ Nami Island ရဲ့ အလှအပ ကို ကိုယ်တိုင် လာရောက် ကြည့်ရှုကြတဲ့ နိုင်ငံတကာ ခရီးသွား တွေလည်း အများအပြား ရောက်ရှိလို့ လာခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဆိုရင်လည်း Winter Sonata (ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်) ရဲ့ အငွေ့အသက် တစ်နည်းအားဖြင့် နာမည်ကျော် ကိုရီးယားမင်းသား Bae Yong Joon နဲ့ မင်းသမီး Choi Ji Woo တို့ရဲ့ ပုံရိပ်တွေကို တွေ့မြင် နိုင်မှာပဲ ဖြစ်ပါတယ်။

Nami Island အကြောင်း

ကိုရီးယား ဆိုးလ်မြို့တော် (Seoul) နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိပါတယ်။ Nami Island (သို့) Namiseom လို့လည်း ခေါ်ကြပါတယ်။ ရာသီအလိုက် ပြောင်းလဲနေတဲ့ သစ်ပင်တန်းတွေနဲ့ အင်မတန် လှပပြီး၊ ရိုမန်တစ် ဆန်တဲ့ ကျွန်းငယ်လေး ပါပဲ။ နွေဆိုလည်း နွေအလျောက်၊ ဆောင်း ဆိုလည်း ဆောင်းအလျောက် သူ့ရာသီနဲ့သူ တစ်မူထူးခြား အလှတရား များနဲ့ ပြည့်စုံနေတဲ့ ကျွန်းတစ်ကျွန်းလို့ ဆိုနိုင်ပါရဲ့။

Nami Island, Korea

ဒီကျွန်းငယ်လေးကို အပေါ်စီးက ကြည့်မယ်ဆိုရင် ရေပေါ်မှာ ပေါလော ပေါ်နေတဲ့ လကွေးကွေးနဲ့ ဆင်တူပါတယ်။ ဒါကြောင့်လည်း “လတစ်ခြမ်းကျွန်းလေး (Half Moon Island)” လို့လည်း ခေါ်ကြပါသေးတယ်။

သစ်ပင်တွေ စီတန်းပြီး ပေါက်နေတဲ့ ရိုဆန် လွန်းတဲ့ လမ်းများဟာ ဆိုရင် Nami Island ရဲ့ အမှတ်အသား လို့တောင် ဆိုနိုင်ပါရဲ့။ ဒါ့အပြင် ကျွန်းပေါ်မှာ ပြေးလွှားနေတဲ့ သဘာဝရဲ့ တိရစ္ဆာန် ငယ်လေးများလည်း ရှိပါသေးတယ်။ ကျန်တဲ့ သဘာဝ အလှတရား တွေကိုလည်း ကျွန်းပေါ်မှာ တွေ့မြင် ခံစားနိုင်ပါသေးတယ်။

နာမီကျွန်းပေါ်က တိရစ္ဆာန်လေးတွေ

သဘာဝ အလှ၊ ရိုဆန်တဲ့ အလှတွေနဲ့ ပြည့်စုံနေတဲ့ ဒီကျွန်းလေး ဟာဆိုရင် ကိုရီးယား ဇာတ်ကားများစွာ၊ အထူးသဖြင့် ဒရာမာ ဇာတ်ကားများရဲ့ ရိုက်ကူးရေး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကား တွေထဲက “ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” ဆိုတဲ့ Winter Sonata ဇာတ်လမ်းတွဲ ဟာဆိုရင် အပေါ်မှာ ပြောခဲ့သလိုပဲ နိုင်ငံတကာအထိ ပေါက်ရောက်ခဲ့တဲ့ အတွက် Nami Island ဆီကို နိုင်ငံခြားသား ခရီးသွားများစွာ ရောက်ရှိအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

ဘယ်ချိန် သွားလည်သင့်တာလဲ …?

ကိုရီးယား မွာက Spring, Summer, Autumn, Winter (နွေဦးပေါက်၊ နွေ၊ ဆောင်းဦးပေါက်၊ ဆောင်း) ဆိုတဲ့ ရာသီ (၄) မျိုး ရှိတယ်ပေါ့။ မိုးရာသီ ရယ်လို့တော့ သီးသန့် ရှိမနေပါဘူး။ ဒီရာသီ (၄) ရာသီထဲမှာ ဆိုရင် …

Nami Island ကို ဘယ်အချိန် သွားလည်တာ အကောင်းဆုံး ဖြစ်မလဲ ဆိုရင်တော့ … ဘယ်အချိန် သွားသွား အဆင်ပြေစေမှာပါ လို့ပဲ အဖြေထွက်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူ့ရာသီနဲ့သူ မတူကွဲပြားတဲ့ သဘာဝ အလှတရားတွေကို ခံစားနိုင်လို့ပဲ ဖြစ်ပါတယ်။

နွေဦးကာလ – ချယ်ရီတွေ ဝေနေတဲ့ Nami Island ရဲ့ အလှတရားကို တွေ့မြင်၊ ခံစားနိုင်စေမှာပါ။ များသော အားဖြင့် ဧပြီလ အစောပိုင်းနဲ့ ဧပြီ လလယ်ပိုင်း တွေဟာ ဆိုရင် ချယ်ရီပန်းတွေရဲ့ ရာသီချိန်ပေါ့။

ေႏြ – နွေရာသီဟာ Nami Island ကို စိမ်းလန်းမှုတွေ ယူဆောင် လာပေးပါတယ်။ ဒီနွေမှာ ဆိုရင် ပူလည်း ပူသလို၊ စိုလည်း စိုစေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နွေရာသီမှာ မိုးလည်း ရွာတတ်လို့ပါပဲ။

ဆောင်းဦးပေါက် – စက်တင်ဘာ လလယ်ပိုင်း ကနေ နိုဝင်ဘာ အထိ ကတော့ Nami Island မှာ သစ်ရွက်တွေ ကြွေတဲ့ အချိန်တွေပေါ့။ ရိုဆန်တဲ့ သစ်ရွက် ခင်းသော လမ်းလေးကို ချစ်သောသူနဲ့ လျှောက်ချင်သပ ဆိုရင်တော့ ဆောင်းဦးပေါက် ကို ရွေးချယ်ကြပါလို့။

ဆောင်း – ကျွန်းလုံးအနှံ့ နှင်းခဲတွေနဲ့ အဖြူရောင် လွှမ်းနေတဲ့ ကာလပေါ့။ ကျွန်းမျက်နှာပြင် ပေါ်မှာ နှင်းလွှာတွေနဲ့ ဖုံးလွှမ်း ထားသလို၊ သစ်ရွက်တွေ ကင်းမဲ့နေတဲ့ ရိုးတံတွေ ကိုလည်း နှင်းစတွေနဲ့ အလှဆင်ထားတဲ့ ရာသီဥတု ပါပဲ။

ရိုမန်တစ်ဆန်ဆန် စက်ဘီးလေးတွေ စီးနိုင်တယ်

Shar Thet Man

About Shar Thet Man

Shar Thet Man has written 336 post in this Website..