Unicode အကြောင်း နားလည်မိသမျှ

ယူနီကုတ်ဆိုတာ data တွေကို စနစ်တကျ သိမ်းဆည်းနိုင်တဲ့ စာရေးသားနည်းစနစ်ပါ။

ဒီနေရာမှာ အင်္ဂလိပ်စာက ရှင်းပါတယ်။ သူ့ရဲ့ စာတွေအကုန်လုံးကို A to Z အက္ခရာ 26 လုံးနဲ့ပဲ ရေးသားထားတယ်။ ဒါကြောင့် အင်္ဂလိပ်စကားလုံးတွေအတွက် ရေးသားနည်း သီးသန့်မလိုဘူး။ သိမ်းထားပြီး ပြန်ရှာဖို့လည်း လွယ်ကူတယ်။

မြန်မာစာမှာကျ ကကြီး ကနေ အထိ အက္ခရာ ၃၃ လုံးအပြင် ပင့်၊ ရစ်၊ ဆွဲ၊ ထိုး တွေ၊ သရသံတွေ အများကြီး ထပ်ပါလာရော။ အဲဒီတော့ ဒါတွေအကုန်လုံးကို လူတိုင်းက ရေးသားနည်းတစ်မျိုးတည်းနဲ့ ရေးထားမှသာလျှင် စနစ်တကျသိမ်းထားနိုင်မယ်။ ပြန်ရှာလို့လည်း လွယ်ကူမယ်။

ဇော်ဂျီနဲ့ ယူနီကုတ် ကွာသွားတာ အဲဒီနေရာပဲ။ ယူနီကုတ်မှာ ရေးသားနည်း တစ်မျိုးပဲရှိတယ်။ သူသတ်မှတ်ထားတဲ့ ရေးသားနည်းမဟုတ်ရင် အမှားပြတယ်။ ဇော်ဂျီမှာက ရေးသားနည်းသတ်မှတ်ချက်မရှိဘူး။ ဘယ်လိုရေးရေး ကြိုက်သလို ရေးလို့ရတယ်။

ဥပမာတစ်ခု ပြောပြမယ်။ ကျွန်မ website တစ်ခုထဲမှာ စာတွေရေးတင်တယ်။ ကျွန်မလိုပဲ အခြားရေးတင်တဲ့သူ‌ေတွလည်း အများကြီးပဲ။ တစ်ရက်တော့ ကျွန်မ အဲဒီ website ထဲမှာ “စုံမြိုင်ဂနိုင်” ဆိုတဲ့စာလေး သွားရှာတယ်။ ကျွန်မ မှတ်မိသလောက် ဒီအကြောင်း ရေးထားတာ ၃ ယောက်လောက်ရှိတယ်။

ဒါနဲ့ ကျွန်မ search box မှာ စုံမြိုင်ဂနိုင် လို့ ရိုက်ချလိုက်တယ်။ your search is not found တဲ့။ ကျွန်မ မအံ့ဩပါဘူး။ ဇော်ဂျီမှာ ဒါမျိုးတွေက ကြုံနေကျကိုး။

စုံမြိုင်ဂနိုင် လို့ ရိုက်ဖို့ စလုံး၊ သေ‌းသေးတင်၊ တစ်ချောင်းငင်၊ မ၊ ရရစ်၊ လုံးကြီးတင်၊ င၊ ငသတ်၊ ဂငယ်၊ နငယ် တို့ လိုအပ်တယ်။

ဇော်ဂျီမှာ-
တစ်ချောင်းငင် အတိုအရှည် ၂ မျိုးရှိတယ်။
ရရစ် ၆ မျိုးရှိတယ်။
နငယ် အတိုအရှည် ၂ မျိုးရှိတယ်။

စာရိုက်တဲ့သူတွေက ကိုယ်ကြိုက်သလို ရေးတင်လို့ရတယ်။ သတ်မှတ်ချက်အတိအကျမရှိဘူး။ မှားရေးရင်လည်း ခွင့်ပြုတယ်။

ဒီတော့ ကျွန်မက စုံမြိုင်ဂနိုင် ဆိုတဲ့ စာလုံး ၄ လုံးမှာပါတဲ့ အပေါ်က မတူညီတဲ့ option တွေကိုသုံးပြီး အမျိုးမျိုးရိုက်ရှာရတယ်။ ဒါဆို ကျွန်မ ဘယ်နှစ်ခါလောက် ရိုက်ရှာရမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။

ယူနီကုတ်မှာက တစ်မျိုးပဲရှိတယ်။ ရရစ်တစ်မျိုးပဲရှိတယ်။ ယပင့်တစ်မျိုးပဲရှိတယ်။ တစ်ချောင်းငင်တစ်မျိုးပဲရှိတယ်။ နှစ်ချောင်းငင်တစ်မျိုးပဲရှိတယ်။ အောက်ကမြင့်တစ်မျိုးပဲရှိတယ်။ ဒါ့အပြင် ရေးသားနည်းမှားသွားရင်လည်း မှားနေကြောင်း ပြပေးတယ်။

ဒါကြောင့် data တွေကို ပုံသေစနစ်တစ်မျိုးတည်းနဲ့ သိမ်းဆည်းထားတယ်။ ပြန်ရှာရင်လည်း တစ်မျိုးပဲရှာရသလို တစ်ခါရှာတာနဲ့ ရှိသမျှ data အကုန် ပြန်ထွက်လာတယ်။

ဒီလို data သိမ်းဆည်းနည်းစနစ် (database system) ဟာ တစ်ကိုယ်ရည်ပုဂ္ဂလိကအတွက်ကစလို့ အဖွဲ့အစည်း၊ လုပ်ငန်း၊ နောက်ဆုံး နိုင်ငံ၊ ကမ္ဘာနဲ့ချီပြီးတော့အထိ အရမ်းအရေးပါပါတယ်။ Database ထဲက Data တွေကို Search လုပ်ရုံတင်မကပဲ Customizing လုပ်ထားတဲ့ Software တွေ၊ Application တွေနဲ့ အမျိုးမျိုး တွက်ချက် ထုတ်ယူ သုံးစွဲပြီး သက်ဆိုင်ရာနယ်ပယ် အရပ်ရပ်မှာ အသုံးချ/အသုံးပြုလို့
ရပါတယ်။ ဒီလို database စနစ်ရဲ့ အရေးပါပုံကို လူတိုင်းသိရှိအောင် လုပ်ပေးဖို့လည်း လိုပါတယ်။

Database ဆိုတာ ငါ့အတွက်တော့ စားဝတ်နေရေးလောက် အရေးမကြီးပါဘူးကွာ ဆိုရင်လည်း ဒါ ကိုယ့်လွတ်လပ်ခွင့်ပါ။ Database အရေးပါမှန်းသိလို့ ကိုယ့်စာတွေအပေါ်မှာ တာဝန်ယူရမှာစိုးလို့ ပြောင်းမသုံးဘူးကွာ ဆိုရင်လည်း ဒါ ကိုယ့်လွတ်လပ်ခွင့်ပါ။

အနှစ်ချုပ်ရရင်တော့ ယူနီကုတ်ဆိုတာ အချက်အလက်တွေကို စနစ်တကျသိမ်းဆည်းပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာသုံးစနစ်တွေကို မြန်မာလိုသုံးစွဲမယ်ဆို မြန်မာလိုရေးထားသမျှ အရာအားလုံး တစ်စုတစ်စည်းတည်း မြင်ရဖို့အတွက် ယူနီကုတ်ကပဲ လုပ်ပေးနိုင်ပါတယ်။ ကိုရီးယားကားတွေထဲမှာ ကွန်ပျူတာကို ကိုရီးယားစာနဲ့ သုံးနေတာ၊ အင်တာနက်မှာ ကိုရီးယားလိုရိုက်ရှာရင် ကိုရီးယားလိုတွေ ထွက်လာတာကို အားကျတယ်ဆိုရင် အားလုံးအတူတူ ယူနီကုတ်ကို ပြောင်းသုံးပြီး အင်တာနက်စာမျက်နှာတွေနဲ့ နည်းပညာပစ္စည်းတွေ အားလုံးမှာ မြန်မာဘာသာနဲ့ သုံးနိုင်ဖို့ ဒီအရွေ့ကို အတူတူ ဝိုင်းတွန်းကြရအောင်။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 167 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010