ပေ၂၃၀ဝ ကျော်အမြင့်ကနေ ရှုစားခြင်း

Mon LayOctober 9, 20192min1210

မွန်လေးတို့ နိုင်ငံမှာ မြေပြင်ရဲ ့အလှအပကို အပေါ်စီးကနေ ခံစားချင်တယ်ဆိုရင် ပုဂံတို့၊ အင်းလေးတို့၊ မန္တလေးတို့ နဲ့ငပလီတို့မှာမိုးပျံပူဖောင်း စီးလို့ရပါတယ်။ မိုးပျံပူဖောင်းစီးလိုက်ရင်ဖြင့် မြင်သမျှမြင်ကွင်းတွေက အသဲတယားယားနဲ့ ရင်အေးဖို့ကောင်းတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို အပေါ်စီးကနေ အကုန်ကြည့်လို့ရတယ်။ ပုဂံမှာဆို နေထွက်ချိန်ကိုစီးရင်သိပ်လှတာပဲတဲ့။ ဈေးက မြောက်တော့ တစ်ခါမှတော့ မစီးဖူးသေးပါ။ အဲ့တာနဲ့ လာအိုမှာ ပူဖောင်းစီးတာတွေ ရှိတယ် ကြားတော့ မွန်လေးတို့သယ်ရင်းတွေ လာအိုကိုသွားပြီး ပူဖောင်းစီးခဲ့တာလေးကို ပြန်ရှယ်ပေးချင်ပါတယ်။

လာအိုမှာပူဖောင်းစီးမယ်ဆို

Vang Vieng လို့ခေါ်တဲ့မြို့လေးကိုသွားရပါမယ်။ အဲ့မှာ ပူဖောင်းစီးမယ်ဆို တိုးတွေမှအားကြီးပဲ။ ကိုယ်အဆင်ပြေရာတိုးကိုသွားပြီးပိုက်ဆံရှင်းပြီး ဝယ်ရုံပဲ။ သူတို့က မနက်ဘက်ရယ် ညနေရယ် စီးလို့ရတယ်။ တစ်ခါစီး ဒေါ်လာ ၈ရတဲ့။

မွန်လေးတုို့စီးတုန်းကတော့ မနက်ဘက်မှာ မိုးရွာသလိုလိုဖြစ်နေတာနဲ့ ညနေဘက်ပဲစီးခဲ့တယ်။ ကားကဟိုတယ်ကိုလာခေါ် ပေးတယ်။ ပြီးရင် ပူဖောင်းစီးမယ့်နေရာကို နာရီဝက်လောက်ထပ်သွားရတယ်။ စီးမယ့်နေရာရောက်တော့ ပူဖောင်းကို ဂက်စ်နဲ့ လေဝအောင်လုပ်ရတယ်။ ဘာညာပေါ့။ လေဦးတည်ကိုကြည့်ရတယ် ပြောတယ်။ ဒါတော့မွန်လေးလည်းသေချာမသိဘူး။ မြင်တာကတော့ ပူဖောင်းကိုဂက်စ်နဲ့ မှိုင်းတိုက်တယ်။ ပူဖောင်းကလေဝပြီး အမိုးကအဖောင်းလေးဖြစ်သွားတော့မှ လှဲထားတဲ့ ခြင်းကိုလူ(၇)ယောက်နဲ့ထောင်ပြီး စီးမယ့်သူတွေကို ဝင်ခိုင်းတယ်။ အထဲမှာအကန့်လေးတွေနဲ့။ ကံကောင်းတာက ကိုယ်တွေစီးတဲ့ ခြင်းထဲမှာ လူကနည်းနည်းလေးပဲပါတယ်။ ရှေ့ပူဖောင်းစီးတဲ့ခြင်းထဲဆို လူတွေအများကြီး။

ကြာချိန်

ပူဖောင်းစီးတာ ၄၅မိနစ်လောက်ပဲကြာတယ်။

အတက်အဆင်း ညင်သာပါတယ်.။ ပူဖောင်းက မြို့ လေးအပေါ်နားပဲ ဖြတ်ပျံပေးလို့ရတယ်တဲ့ တောင်တွေနားက လေငြိမ်မငြိမ်မသေချာတာရယ် အန္တရာယ်ရှိလို မြို့လေးပေါ်ကိုပဲ မီတာ ၇၀ဝ ( ပေ၂၃၀ဝ ကျော်) လောက်မြင့်ပြီးပျံပေးခဲ့တယ်။ အဲ့တာတစ်ခုတော့ ပုဂံထက် ပိုမြင့်ပါတယ်။မြန်မာပြည်က ပိုစနစ်ကျ၊ သေချာပြောပြပေးတယ်လို့ထင်ပါတယ်..ပြီးတော့ မြန်မာက certificate တွေ လက်ဆောင်တွေ ပေးတယ်။.ပူဖောင်း အရောင်စုံတွေကြောင့်ရယ် သူတို့ဆီမှာ ပိုလှတယ်ထင်ရတော့ ဓါတ်ဖမ်းလို့လည်းကောင်းတာပေါ့။

ခံစားချက်

အပေါ်စီးရှုခင်းတွေက အရမ်းမိုက်ပါတယ်။ စိမ်းစိုသာယာတဲ့တောတောာင်တွေရယ်၊ တသွင်သွင်စီးနေတဲ့စမ်းချောင်းလေးတွေ၊မြစ်ချောင်းလေးတွေ၊ လယ်ကွင်းတွေကတမျှော်တခေါ် ကြားထဲမှာ နေလုံးကြီးဝင်သွားတာမျိုးတွေ..တိမ်တွေကလည်းကိုယ့်ဘေးမှာ ဖြတ်သွားတာမျိုးတွေ ..အိုး..မိုင်..ဂေါ့။ ရောင်စုံနဲ့သိပ်လှတဲ့ balloon ကြီးက ကိုယ့်ကိုတခဏတာဘဝအမောတွေပြေပျောက်သွားစေနို်င်တယ်လို့ကိုယ်ပြောရင် မင်းရဲရဲကြီးလက်ခံလိုက်စမ်းပါ။

#travel #laos #trip #vangvieng #hotairballoon #review