သရဲ အော့်ဖ် စင်ကာပူ-Ghost of Singapore

အာဂSeptember 7, 20101min793

ကျောင်းဟောင်း- စင်ကာပူမှာရှိတဲ့ ၁၉၀ဝ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ကျောင်းတစ်ကျောင်း  (မူရင်းရေးသူမှ အမည်ဖော်ပြထားခြင်းမရှိပါ) မှာ သရဲခြောက်တယ်လို့ ဆိုပါတယ်။

ကျောင်းသားဟောင်းတွေဟာ ချောက်ခြားစရာအသံတွေကြားခဲ့ရတယ်လို့ သတင်းပို့ကြပြီး ဖြတ်သွားဖြတ်လာတွေကလည်း ညအခါမှာ အလင်းရောင်တွေ
ဖြာနေတာမြင်ရကြောင်းပြောကြပါတယ်။ ကောလဟာလတွေထဲမှာ ပိတ်ထားရတဲ့အိမ်သာအကြောင်း လဲပါဝင်ပါတယ်။  အဲဒီအိမ်သာရဲ့ကြမ်းပြင်မှာ ဖျက်မရတဲ့
သွေးကွက်တွေရှိတယ်လို့ဆိုကြပါတယ်။ တစ်ချို့လူတွေကတော့ ညတိုင်း အဖြူရောင်မိန်းမတစ်ယောက်အိမ်သာထဲမှာငိုနေတာကို  ကြားရမြင်ကြရတယ်ပြောပါတယ်။ အခုတလောမှာတော့အဲဒီအဆောက်အအုံကို ဖြိုချလိုက်ပြီးပြီ ဖြစ်ပါတယ်။

Bedok က အိမ်ခန်းတွေ– Bedok Reservoir

မှာရှိတဲ့တိုက်ခန်းတွဲတွေဟာ လူမနေတော့ပေမယ့် ခုထိရှိနေတုန်းပါ။

(လေ့လာချင်သော်ရ၏)  အခန်းတစ်ခုမှာ တစ်အိမ်သားလုံးသတ်သေသွားကြတာရှိပြီး နောက်လူတစ်ယောက်ဟာလည်း ဓါတ်လှေကားထဲမှာ သရဲကြောင့်
အသက်ဆုံးရှုံးသွားတာရှိပါတယ်လို့ ပြောကြပါတယ်။ အခုအချိန်အထိ အဲဒီနားကလူတွေဟာ ညဘက်မှာ လူမနေတဲ့အခန်းတွေဆီက အလင်းရောင်တွေကိုတွေ့ရတယ်လို့
ဆိုကြပါတယ်။

သချီုင်း- စင်ကာပူမှာရှိတဲ့သချိုင်းတစ်ခုမှာထူးဆန်းအံ့ဩဖွယ်တွေကြုံကြရပါတယ်။  ဖြတ်သန်းသွားသူအချို့ဟာသချိုင်းကနေ
ခေါ်သံတွေကြားကြရပါတယ်။ တစ်ချို့တွေကတော့ သချိုင်းမှာ တဝဲလည်လည် သွားနေတဲ့ သရဲတွေကိုမြင်ရကြောင်းသတင်းပို့ကြပါတယ်။  ကန်တော့ထားတဲ့
မုန့်တွေစားစရာတွေမှာ သွားရာတွေတွေ့ရလေ့ရှိပါတယ်။ လူအချို့ကတော့ ခေါက်သံတွေကိုကြားရပါတယ်။ ကြောင်တွေခွေးတွေကလည်း
သချိုင်းကုန်းဘက်ကိုလှည့်ပြီး ဟောင်တာ အော်ကြတာတွေတွေ့ကြရပါတယ်။ အဲဒီအဖြစ်အပျက်တွေကို အခုအချိန်အထိကြုံရတုန်းပဲ ဆိုပဲ။

ချန်ဂီ beach

အဲဒီမှာကတော့ ဂျပန်ခေတ်ကသတ်ခံရတဲ့ တရုတ်သရဲတွေခြောက်လေ့ရှိပါတယ်တဲ့။ ဖြတ်သွားဖြတ်လာတွေဟာ ငိုသံနဲ့အော်သံတွေကြား ရကြောင်း ပြောကြပါတယ်။
ခေါင်းပြတ်တွေဟာ ရွေ့လျားသွားလာနေကြောင်း ခေါင်းမပါတဲ့ ကိုယ်ခန္ဓာတွေဟာကမ်းခြေတစ်လျှောက ်လျှောက်သွားနေကြတာကို  မြင်ရတယ်လို့လဲ ပြောကြပါတယ်။
ကေ့စ်တွေထဲမှာ သတ်ဖြတ်ခြင်းကြောင့်ကျန်ခဲ့တဲ့သွေးကွက်တွေကို မြင်တဲ့သူတစ်ယောက်လည်း ပါဝင်ပါသေးတယ်။

ချန်ဂီင်္က beach houses တွေ

မိသားစုတွေဟာ သူတို့အားလပ်ရက်တွေမှာ ကမ်းခြေကို လာပြီး နေထိုင်ဖို့ ငှားရမ်းလေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့ တွေကတော့ ကံဆိုးသူတွေပါ။

သရဲအခြောက်ခံရလို့ဖြစ်ပါတယ်။ လူအတော်များများကတော့ သူတို့ကို တစ်စုံတယောက်ကစောင့်ကြည့်နေတယ်လို့ ခံစားကြရပါတယ်။ တစ်ချို့ကတော့ ရေချိုးနေရင်း

မမြင်ရပဲပါးရိုက်ခံရပါတယ်။ :Dလူအချို့ကတော့ မိန်းမတေစ်ယောက်ရဲ့ငိုသံကို ကြားကြရပါတယ်။ မျက်မြင်သက်သေတွေအဆိုအရတော့တံခါးတွေဟာ မရပ်မနား

ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာပါပဲ။ သရဲပူးခံရခြင်းနဲ့သရဲကိုမြင်ရခြင်းတွေလည်းပါဝင်ပါတယ်။ဖြေရှင်းနိုင်စွမ်းမရှိသေးတဲ့အဲဒီကိစ္စတွေဟာ ဒီနေ့အထိ ဖြစ်နေဆဲပါ။

East Coast ကမ်းခြေ
အဲဒီကမ်းခြေမှာကတော့ လှည့်လည်သွားလာနေတဲ့ သရဲတွေခြောက်လေ့ရှိပါတယ်။ကမ်းခြေမှာလမ်းလျှောက်နေတဲ့လူတွေဟာ တစ်ခါတရံမှာ အဖြူရောင်
အဆင်းရှိတဲ့မိန်းမတစ်ယောက်ကိုမြင်ကြရပါတယ်။ ထူးဆန်းတဲ့အသံဗလံတွေကြားရကြောင်းလဲ သတင်းပို့ကြပါတယ်။ အဲဒီပင်လယ်မှာ
လူအတော်များများ ရေနစ်သေဆုံးဖူးပါတယ်။ ဒါကြောင့် ညအခါ ရေကူးခြင်းကမ်းခြေတစ်လျှောက်လျှောက်သွားခြင်းတို့ပြုမယ်ဆိုရင် သတိထားသင့်ပါကြောင်း။ :P

MRT ဘူတာရုံများ– တစ်ချို့ stations

တွေဟာ သရဲခြောက်တယ်လို့ ယုံကြည်ကြပါတယ်။ နောက်ဆုံးရထားမှာစီးနင်းတဲ့လူအချို့ဟာ အဲဒီ stations တွေမှာ ခေါင်းမပါတဲ့လူတွေ

လမ်းလျှောက်နေတာ ကိုမြင်ကြရတယ်လိုကြပါတယ်။ ရယ်သံတွေနဲ့အသံတွေကိုကြားရကြောင်းလည်း သတင်းပို့ကြပါတယ်။ သရဲခြောက်တယ်လို့

နာမည်ကြီးတဲ့ station တွေကတော့ Bishan, Braddell, Newton, Novena, ToaPayoh, Tanjong Pager နဲ့ Jurong East တို့ဖြစ်ကြပါတယ်။

ကဲ စလုံးက ဘော်ဘော်တွေရေ သတိထား
ဝန်ခံချက် FWD Mail မှဖြစ်ပါသည်။ ပေးပို့သူကတော့ 

Nay Myo Lin

ဖြစ်ပါသည်။

3 comments

  • chitsayar

    September 8, 2010 at 2:45 am

    နို ့
    ပို ့တင်တဲ့သူ ကိုယ်တိုင်ရော
    အခြောက်ခံဘူးလား?
    အခြာက်ခံခြင်ကြပါသလား?
    နတ်ဩဇာများပါ အလကားစားရပါမည်
    ဆက်သွယ်ပါ
    ပုံ
    တောင်ပြုံန်းကုမ်ပဏီလီမီတက်

  • ဆူး

    September 8, 2010 at 6:06 am

    မမြင်ရတဲ့ သတ္တဝါတွေကတော့ နေရာတိုင်းမှာ ရှိစမြဲပါ။ သရဲကတော့ ရောက်ရာ အရပ်မှာ ကိုယ်မမြင်နိုင်ပေမဲ့ သူတို့က ကိုယ်ကို မြင်နေတယ်လို့သာ သဘောထားပြီးနေလိုက်.. တခါတလေ သူမခြောက်ရင် ကိုယ်ကသာ အရင် ဦးအောင် ခြောက်လိုက်.. နောက်များကြုံမှ သရဲ အကြောင်းလေးတွေ စဉ်းစားပြီး ရေး တင်ပေးမယ် အခုတော့ ရေးရမှာ ပျင်းလို့

  • Gong Zhu

    September 14, 2010 at 10:05 pm

    ကြောက်တယ် . . . ဖတ်ရင်းနဲ့တောင်ကြောက်ကြောက်လာတယ် . . . ဖတ်ရဲတော့ဘူး . . . ဒါပေမယ့် စပ်စုကြည့်ချင်သေးတယ်လေ ဟီးဟီး
    ကြောက်စရာကြီးနော် . . . သရဲသာတစ်ကယ်ခြောက်ခံရရင်ဘယ်လိုဖြစ်သွားမှာလဲ အသိဘူး

Leave a Reply