ဗိုလ်ချုပ် သန်းရွှေ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ

drwinthanSeptember 7, 20101min570
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဟူကျင်တောင်း ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ယနေ့နံနက် (၁၀) နာရီ (၁၅) မိနစ်က အထူး လေယာဉ်ဖြင့် နေပြည်တော် လေဆိပ်မှ ထွက်ခွားသွား ခဲ့သည် ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် ၊ နိုင်ငံတော် ကောင်စီဝင် ဦးတင်အေး ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများ မှ ပို့ဆောင် ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ နိုင်ငံတော် ကောင်စီဝင် ဦးသူရရွှေမန်း ၊ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၊ ဦးစိုးသာ ၊ ဦးတင်နိုင်သိန်း ၊ ဦးသောင်း ၊ ဦးဉာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးသိန်းဆွေ ၊ ဦးသိန်းဇော် ၊ ဦးလွန်းသီ ၊ ဒေါက်တာ ကျော်မြင့် ၊ ဗိုလ်ချုပ် သန်းအောင် ၊ ဒေါက်တာ ပိုင်စိုး တို့ လိုက်ပါ သွားကြပါသည်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ သည့် ရုပ်သံမှတ်တမ်း ကြည့်ရှုရန်


ရ . ၉ . ၂၀၁ဝ