CBT

Mon LayNovember 7, 20193min2910

ဟိုတလောက တွံတေး ပို့စ်တင်ပြီးတော့ CBT အကြောင်းလေး ဆက်ရေးပေးမယ်လု့ိပြောခဲ့လို့ အခုပြန်ပြီး ဖောက်သည်ချပေးမယ်နော်

CBT ရဲ ့အဓိပ္ပါယ်

CBT ရဲ ့အရှည်က Community Based Tourismပါ။ မြန်မာလိုဘာသာပြန်ရင် လူထုအ‌ေ ခြပြု ခရီးသွားလုပ် ငန်းပေါ့။ စီးပွားရေး လုပ်ငန်း ရှင်တေ ွက လုပ်တာမဟုတ်ဘဲ ‌ဒေသခံတေ ွက တစ်နိုင်တစ်ပိုင်နဲ့ ခရီးသွား လုပ်ငန်း လုပ်ကြတဲ့အဖွဲ့လေးကို CBT လို့ခေါ်ပါတယ်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာတန်ဘိုး၊ အမွေအနှစ်နဲ ့သဘာဝအရင်းအမြစ်တွေကို အကာအကွယ်ပေးခြင်း စတာတွေကို ကူညီဆောင်ရွက်ပေးရင်း ဒေသခံတွေရ ဲ့လူနေမှုဘဝ သာယာဝပြောရေးကို အကျိုးပြုနိုင်တဲ့ရပ်ရွာအဆင့်မှာ တည်ထောင်ထားရှိတဲ့ ကိုယ်တိုင်လည်ပတ်၊ စီမံ၊ ဆွေးနွေးပါဝင်နိုင်တဲ့ ခရီးသွားလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

တွံ့တေးမှာလည်း အဲ့ရပ်ရွာလူထု အ‌ေ ခြပြု ခရီးသွားလုပ် ငန်း ဖော်ဆောင်ထားတဲ့ ကျိုက်သလဲ ကျေးရွာကိုလည်း သွား ရောက်လေ့ လာခဲ့ပါတယ်။

သွားမယ်ဆို

တွံ့တေးတံတားကြိီးကိုကျော်လာ၊ ဘယ်ချိုး၊ ကံဘဲ့ကျေးရွာသို့ လို့ဆိုင်းဘုတ်မြင်ရင် ညာပြန်ချိုးပြီး ရှေ့ဆက်လာပါ။ ကျိုက်သလဲကျေးရွာသို့လို့ဆိုင်းဘုတ်တွေ့ရင် နည်းနည်းပဲဆက်လာရင် ညာဘက်မှာ “ကျိုက်သလဲကျေးရွာ (အလယ်ပိုင်း) CBT Mingalar Biogarden” ဆိုပြီးဆိုုင်းဘုတ်တွေ့ရင် ဝါးရုံတောထဲကိုဆက်ဝင်လာပါ။ ဘယ်ဘက်မှာ နောက်ထပ်ဆိုင်းဘုတ်တစ်ခု တွေ့ရင် ရောက်ပါပြီ။ ဝင်ဝင်ချင်းလေးမှာ သစ်သားတံတားလေးရှိတယ်။ ပတ်ဝ◌န်းကျင်ဆိုတာ အပင်တေ ွနဲ့ စိမ်းစိုနေတာ။ ဓနိမိုးထရံကာ အိမ်လေးတွေကနေ စိမ်းစိုနေတဲ့ သီးနှံစိုက်ခင်းတွေကို မျက်စိတဆုံးကြည့်ရှုခံစားနိုင်တယ်။ ပြီးတော့ ရိုးရားအစား အစာတေ ွက တကယ့် အော်ဂဲနစ်တွေဆိုတော့ စားသုံးရတာလည်းသန့်တယ်။ လတ်ဆတ်တယ်လို့ခံစားမိတယ်။

စားပြီးရင်လည်း စိုက်ခင်းတွေကြားထဲ လမ်းလျှောက်ရင်း သဘာဝလေနုအေးကို ရှူရှိုက်ကာ သစ်ရိပ်ဝါးရိပ် အောက်မှာထိုင်လို့ရတယ်။ ပြီးတော့ သဘာဝရှုခင်းတွေကို စက်ဘီးကလေးစီးပြီးလျှောက်ကြည့်လို့လည်းရတယ်။

ဘယ်လိုလဲ တစ်ခါလောက်သွားကြည့်ချင်နေပြီဟုတ်?

နေ့ချင်းပြန်အလည်အပတ်ခရီး အတွက် လူကြီးတစ်ဦးကို 7000ကျပ် နှင့် ကလေးတစ်ဦးကို 5000ကျပ်ပါ။ နေ့လည်စာနဲ့စက်ဘီးစီးတာအပါ။ ညအိပ်တည်းမယ်ဆိုလည်းရပါတယ်။ ဆက်သွယ်စုံစမ်းဖို့ကိုပုံထဲမှာဖော်ပြပေးထားပါတယ်။

တချို့CBT တွေဆို နွားလှည်းစီးတာတွေရော၊ အကတွေနဲ့ ကပြဖျော်ဖြေတာတွေရော သူတို့လုပ်ငန်းတွေမှာပါ ဝင်ကူလုပ်လို့ရတာတွေပါရှိတတ်ပါတယ်။

မြန်မာနိုင်ငံမှာ CBT အြခေပြုလုပ်ငန်းတွေခုဆိုတော်တော်လေးများလာတာကိုတွေ့နေရပါတယ်။ လေ့လာတွေ့ရှိသလောက်လေးပြန်ရှယ်ပေးပါမယ်။

  1. CBT in Kayah State by ITC – လွိုင်ကော်
  2. CBT in Magway – မကျီးကန်ကျေးရွာ – ချောက်မြို့နယ်၊ မြိုင်မြို့နယ် – ထန်းပင်ကုန်းကျေးရွ
  3. CBT at Inle Lake – လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့၊ ကက္ကူ ၊ ပင်စိမ်းပင်ရွာနှင့် စီးကျအင်းရွ ၊  ညောင်ရွှေမြို့နယ်ရှိ လွယ်နွဲ့ဘုရားတောင်ရေဆိပ်ကျေးရွာ ၊ စံကားရွာ၊ လွယ်ပန်းစုံ – ဖယ်ခုံမြို့နယ်၊  တောင်မြင့်ရွာ နှင့် ရာဇကြီး ရွ
  4. CBT at NgapaliBeach – ဂျိတ်တော တံငါရွာ
  5. CBT at Kyeintali – ရခိုင်
  6. CBT at Inndawgyi Lake – ကချင်ပြည်နယ် – လုံးတုံး၊ဟိုင်းပု၊ နတ်မီးလောင်ဟီး၊ ညောင်ပင်နတ် 
  7. CBT at Sagaing – စစ်ကိုင်းတိုင်း – ဧရာဝတီလင်းပိုင်
  8. CBT at Sagaing – စစ်ကိုင်းတိုင်း – ရွှေဘိုမြို့နယ်၊ နွယ်ငြိမ်းရွာ
  9. CBT at Sagaing – စစ်ကိုင်းတိုင်း – ကသာမြို့၊ ဇလုံတောင်
  10. CBT at Chin – ကန်ပက်လက် – ဆော်လောင်းရွ၊ ဖလမ်း – တာရွှန်းရွာ၊
  11. CBT at Mandalay – ဆီသည်ကျေးရွာနှင့် မြစ်ကမ်းကြီးကျေးရွာ ၊ မင်းကွန်းနှင့်ကျောက်မြောင်းရွာ
  12. CBT at Dawei – ထားဝယ်မြို့ရှိ၊ စမ်းလှမ်းကျေးရွာ
  13. CBT at Tanintharyi – ဒုန်ညောင်မှိုင်းရွာ – မြိတ်၊ မကြုံကလပ်ရွာာ – ကော့သောင်း
  14. CBT at Kayin – သံတောင်ကြီး – ကရင်ပြည်နယ်

ဒါလေးကတော့ မွန်လေးရှာဖွေတွေ့ရှိထားတာလေးတွေပေါ့နော်။ ထပ်ရှိသေးရင်လည်း ကော်မန် ့မှာပြောပေးသွားပါဦး။

နောက်ထပ်လည်း ခရီးတွေသွားပြီး ထပ်ရှယ်ပေးပါဦးမယ်။