ဘီလူးပြုံးတဲ့ဖန်ခါးမြေကလေး

Mon LayNovember 25, 20193min2330

ဘီလူးတောင်ပြုံးတယ်ဆိုတော့ ဘယ်လောက်တောင်သာယာလိုက်သလဲ..အစအဆုံးဖတ်ကြည့်ပေးနော်။

ပြီးခဲ့တဲ့တန်ဆောင်တိုင်ပိတ်ရက်က မြန်မာပြည်အထက်ပိုင်းရဲ ့နေရာလေးတစ်ခုကို မမျှော်လင့်ဘဲ ရောက်ခဲ့ပါတယ်။ အမှန်ဆိုအဲ့နေရာကို သွားဖြစ်ချင်မှသွားဖြစ်မှာ။ ရန်ကုန်ကစထွက်ကတည်းက သွားမယ်လို့တောင် စိတ်ကူးမထားခဲ့ဘူး။ ဒါပေမဲ့ နယ်မြို့လေးတွေဆိုတာ တစ်မြို့နဲ့တစ်မြို့ကူးရတာအချိန်တိုပြီး လွယ်လည်းလွယ်ကူလို့ ရောက်လက်စနဲ ့ရောက်လာခဲ့တာပေ့ါနော်။

အဲ့မြို့လေးကတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မကွေးမြို့လေးပေ့ါ။

မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာ အခုလို ဆောင်းအဝင်ကာလမှာ ခရီးထွက်လို့ အရမ်းကောင်းတယ်ဆိိုတာ ကိုယ်ကိုယ်တိုင်သွားမှပဲသိခဲ့ရပါတယ်။ ဖုန်လည်းသိပ်မထူသေးသလို မိုးလည်းမသည်းတော့ဘူးလေ။

#ဘယ်လိုသွားလို့ရလဲ
သွားမယ်ဆိုရင် မကွေးက ရန်ကုန်မြို့ကနေ မိုင် ၃၃ဝ ကွာဝေးပြီး အဝေးပြေးကွင်းကားတွေအရမ်းပေါတယ်။ #ရွှေမန်းသူ – 10000ks #ရွှေမန္တလေး-11500ks #Elite – 17000ks # #ခိုင်မန္တလေး – 12500ks #အောင်ကျော်မိုး – 10000ks #ရေ#မန္တလာမင်း – 12000ks လက်လှမ်းမှီသလောက်လေးပေါ့နော်။ ကျန်ဦးမယ်ဆို comment မှာ မန့်သွားပေးပါဦး။

ရထားနဲ့သွားမယ်ဆိုရင်တော့ ရန်ကုန်ကနေ တောင်တွင်းကြီးအထိရထားစီး၊ ပြီးရင် မကွေးကိုဆက်သွားမယ့် အောင်ကမ္ဘာကားတို့ကိုတဆင့်ထပ်စီးလို့ရပါတယ်။

လေယာဉ်နဲ့သွားမယ်ဆိုရင်လည်း မြန်မာ့လေကြောင်းလိုင်းက တစ်ပတ်ကို ၂ရက်ဆွဲပါတယ်။

#သမိုင်းကြောင်း
ဧရာဝတီမြစ်အကွေ့တွင် ရှိလို့ ရှေးက မြစ်ကွေ့မြို့လို့ခေါ်ရာကနေ ကနေ့လို မကွေးမြို့လို့ အမည်ဖြစ်လာတာတဲ့။ မကွေးမြို့ဟာ တိုင်း၊ ခရိုင်တို့ရဲ ့ရုံးစိုက်မြို့ဖြစ်ပြီး မကွေးမြို့မှာတင် အစိုးရရုံးကြီးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ဈေး၊ ဆေးရုံ၊ စည်ပင်သာယာ ရုံး စသည်တို့အပြင်၊ ၁၉၅၅ ခုနှစ်ကမှ မန္တလေး တက္ကသိုလ်မှာ ဖွဲ့စည်းပါဝင်ခဲ့တဲ့ မကွေးတက္ကသိုလ်လည်း ရှိလို့နေပါပြီ။ ဆီစက်၊ သစ်စက်နဲ့ တခြား စက်မှုလက်မှု လုပ်ငန်တွေး စုဝေးရာနေရာဖြစ်ပြီး မကွေးမှာကွမ်းညှပ်၊ ဓား၊ ဖန်ခါးသီးတို့မှာလည်း နာမည်ကြီးပါတယ်။

#ညအိပ်တည်းမယ်ဆိုရင်

ဖန်ခါးမြေဟိုတယ် – 063 23 604 ၊ မကှေး ဟိုတယ် – 09 790 709903 ၊ ထိန်ထိန်သာ ဟိုတယ်(၁)၊ (၂) – 063 25 110 ၊ My River View Hotel – 09 255 459 978၊ Three Star Hotel – 09 42079 8811၊ ကောင်းဆန်းသန့်မိုတယ် – 063 202 3887၊ ပသာဒ ဟိုတယ် – 063 202 7139၊ သုခစံ မိုတယျ – 063 28 204 (တိုက်ရိုက်ဆက်သွယ်ပြီးတည်းမယ်ဆိုရင်တော့ ဈေးပိုမှာပေါ့)

#လည်ကြမယ်ဆိုရင်

#မြသလွန်စေတီတော်

မကွေးမြို့ဟာ မြသလွန်ဘုရားကြောင့် ထင်ရှားပါတယ်။ ဧရာဝတီမြစ်ကမ်း နဂုတ္တမ တောင်ကုန်းပေါ်မှာတည်ရှိပြီး မကွေးမြသလွန် မလွန်မြသပိတ် လို့ ဆိုရိုးရှိတဲ့ အတိုင်း မြန်မာနိုင်ငံ တန်ခိုးကြီးဘုရားများထဲမှာ မြသလွန် ဘုရားလည်း အပါအဝင်ဖြစ်ပါတယ်။ လုံးတော်ပြည့် ရွှေချထားတဲ့ ဘုရားတစ်ဆူဖြစ်ပြီး စုစုပေါင်း အချပ်ရေမှာ “ဒွေးအစ်အဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး” ဟု ဆိုစကားရှိပါတယ်။ သမိုင်းအဆိုအရ မြသလွန်ဘုရားဟာ ကဿပဘုရားရဲ ့ ရွှေသလွန်တော်နဲ့ဂေါတမမြတ်စွာဘုရားရဲ ့ မြသလွန်တော်တို့ကို ဌာပနာတည်ထားတယ်လို့သိရပါတယ်။ ဘောသော၊ ဘောကျော်၊ ဘောသူရာ၊ ဘောရသ ဘီလူး လေးကောင်တို့ဟာ ဘုရားထံမှရတဲ့ မြသပိတ်နဲ့ မြသလွန်ဘုရား ဗျာဒိတ်ပေးတဲ့ နေရာမှာ မတည်ဘဲ ဘုရားပြို အရပ်မှာ တည်တာကို သိကြားမင်း သိတဲ့အခါ ဝရဇိန်လက်နက်နဲ့ ဖြိုခွင်းပြီး မြသလွန်နဲ့ မြသပိတ်ကိုယူပါတယ်။ ပြီးတော့ ဘု ရား သုံးဆူတောင်က ရသေ့ညီနောင် သုံးပါး ထံ အပ် ပါတယ်။ ဘီလူးဘောကျော် လူဝင်စားဖြစ်မှ ဘုရား တည်ခွင့်ပေးဖို့ မှာကြားပါတယ်။ ဘီလူးဘဝက စုတေကြပြီး ဘောကျော်လူ ဝင် စားဖြစ်လာတဲ့အချိန် မဂ္ဂရမြို့(မြစ်ကွေးမြို့မှ နောက် ကြာလာတော့ မကွေးမြို့ ဖြစ်)မှာ ကုန် သည်အဖြစ်နဲ့ ရောက်ရှိတယ်။ မကွေးမြို့ သူဌေး ကြီး ဦးဘောဂရဲ့ သမီး ပု∞ဝတီ မင်းသမီးလေးနဲ့ လက်ထပ်ယူပြီး ရှေ့ထုံးကံ  ပါရမီကြောင့် ရသေ့ ညီ နောင်သုံးပါးထံ ရောက်ရှိသွာပါးတယ်။ ရသေ့ ညီနောင် သုံးပါးကလည်း ဒိဗ္ဗစက္ကုဉာဏ်နဲ့ ကြည့် ရှု တဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်း သိခဲ့ပါ တယ်။ သိကြားမင်းမှာကြားခဲ့တဲ့အတိုင်း  ဘော ကျော် လူဝင်စားကိုမြသလွန်နဲ့မြသပိတ်  ပြန်လည် ပေးအပ်လိုက်ပြီး    နာဂုတ္တမတောင်ပေါ်မှာ ကျောက် ဖြာ သုံးချပ်အုပ် ဌာပနာပြီး    ဘုရားပြန် တည်ခွင့်ပေးလိုက်ပါတယ်။ အဲတော့ စေတီတော်မှာ     ဘီလူးရုပ်တွေ   ထွင်းထုပါ ဝင် နေတာပေါ့။ စေတီတော်ကြီးရဲ့    အလယ်ဖောင်း ရစ် နေရာမှာ    ဘီလူးခေါင်း  ၂၁  ခေါင်း  ထည့်သွင်း   ထု လုပ်စေတဲ့အခါ   သောကြာနဲ့   တနင်္ဂနွေထောင့် ကြားမှာရှိတဲ့    ဘီလူးခေါင်းက     ပြုံးနေတဲ့ပုံ ဖြစ် တယ်လို့  သိရပါတယ်။ ဘီလူးရယ်နေတဲ့ပုံရဲ့ သမိုင်းကြောင်း ကတော့ ဘီလူး က ၆ကောင်ပါ။ ဘီလူးမနှစ်ကောင် ကိုချန်လှပ်ထား ပါတယ်။ ဘုရားတည်နေစဉ်အချိန်အတွင်းမှာဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီး တည်ပေးကြတယ်။ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဒါကြည်နူး ပီတိထောပနာဖြစ်ပြီး သောပန်တည်သွားခဲ့တယ်။သောတပန်ပြီးနောက် ရ ဘဝမြောက်ရင် အမှန်ဧကန် နိဗ္ဗာန်စံဝင်ရမယ် ဆိုတာကို သိရှိသွားပြီး ဝမ်းသာ လွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်။ထိုသို့ပြုံးရယ်ခြင်းသည် မြသလွန် စေတီတော်ကြီး၏အလယ် ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း၂၁ ခေါင်းထည့်သွင်းထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတာပေ့ါ။ ပန်းရံဆရာတွေ အကြိမ်ကြိမ်ပြုပြင်ခဲ့ပေမယ့်လည်း ဘယ်လိုမှပြင်လို့မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။ ဒါကြောင့် နိဗ္ဗာန်ဝင်ရမယ့် ဘီလူးပြုံးရယ်နေပုံဖြစ်နေတာပါတဲ့။

#မကွေး နှီးဘုရား

မြသလွန်ဘုရားကနေမှတဆင့် သွားရောက်ဖူးမြော်လို့ရပါတယ်။

#မကွေး ပန်းရစ်တောင်ဘုရား

မြသလွန်ဘုရားသွားတဲ့လမ်းမှာရှိပါတယ်။

#မကွေး ကံ့ကော်တစ်ထောင်ဘုရား

ဘုရားလမ်းနဲ့ မကွေးမြို့ရှောင်လမ်းကြားမှာရှိပါတယ်။

#ဧရာဝတီတံတား (မကွေး)

ဓါတ်ဖမ်းလို့အရမ်းလှတယ်။ ပြီးတော့မြန်မာနိုင်ငံရဲ့အလယ်ပိုင်း အချက်အခြာဖြစ်တဲ့
မကွေး တိုင်းဒေသကြီးမှာရှိတဲ့ ဒီတံတား ဟာဆိုရင် အရှည် – ၈၉၈၉ ပေ ရှိပါတယ်။ ယာဉ်သွားလမ်းအကျယ်က ၂၈ ပေ ရှိပြီး လူသွားလမ်းအကျယ်က တဘက် ၆ ပေ စီရှိနေပါတယ်။ အဲ့တံတားကနေ တစ်ဖက်ကမ်း မင်းဘူးကိုုသွားလည်လို့ရပြီး ညနေဘက်ဆို တံတားကြီးရဲ့ အလှဟာပို လှပလို့ လာရောက်လည်ပတ်သူများပြားပါတယ်။ မနက်စောစောနဲ့ညနေခင်းလောက်တွေမှာ ဘေးနဖက်ရဲ့လျှောက်လမ်းတွေက အဆင်ပြေလို့ ကိုယ်ကာယလေ့ကျင့်မှုလုပ်တဲ့လူတွေနဲ့လည်း များပြားလျက်ရှိပါတယ်။

#ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ပန်းခြံ

မကွေးမြို့က ဗိုလ်ချုပ်ကြေးရုပ် ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြင်းစီးဗိုလ်ချုပ်ကြေးရုပ်ဖြစ်ပါတယ်။ ပန်းပုဆရာ ဦးစိုးတင့်( အနုပညာ မဟာဝိဇာ၊ ဂျာမဏီ) နဲ့အဖွဲ၊ ရန်ကုန် မြို့ဆင်မလိုက်သင်္ဘောကျင်းတွင် ကြေးသွန်းလောင်း၊ရန်ကုန် စက်မှုတက္ကသိုလ် ဗိသုကာဦးဆန်းနှင့်အဖွဲ့မှ မွန်းမံမှု ပုံစံ ထုတ်လုပ်ခဲ့ပါတယ်။

#I❤️️ Magway

ဒီနေရာကတော့ ကမ်းနားလမ်းမှာရှိပြီး အဲ့နေရာကနေ ဧရာဝတီတံတားအလှကိုခံစားနိုင်ပါတယ်။

အဲလိုလည်ကြမယ်ဆိုရင် စိတ်ရှည်ပြီး ဓါတ်ဖမ်းပေးတတ်တဲ့ သုံးဘီးဆရာကိုယဉ်ထွေးကိုတော့ ညွှန်းချင်ပါတယ်။ သုံးဘီးလေးကလည်းသန့်နေတာပဲ။ မကွေးရောက်လို့လျှောက်လည်မယ်ဆို သူပို့ပေးပါလိမ့်မယ်။ ဖုန်း – 09440227530.

#ဈေးဝယ်ကြမယ်ဆိုရင်

မြို့မဈေး၊ Magway shopping mall၊ ကောင်းမွန်စင်တာ တို့ရှိပါတယ်။

#အပြန်လက်ဆောင်ဝယ်ကြမယ်ဆိုရင်
ဖန်ခါးသီးနဲ့ ကောင်းမွန်ပဲယို၊နှမ်းယိုမုန့်ကိုအိမ်အပြန်လက်ဆောင်အတွက်ဝယ်သွားလ်ို့ရပါတယ်။

#စားကြမယ်ဆိုရင်

အချစ်ရွာစားသောက်ဆိုင် – သူက ကံ့ကော်တစ်ထောင်ဘုရားသွားတဲ့လမ်းမှာရှိပါတယ်။ လမ်းမတော်စားသောက်ဆိုင်၊ စိန်ရတုစားသောက်ဆိုင်၊ ရသာရံစားသောက်ဆိုင်၊ ရွှေရုပ်ဟော့ပေါ့ဆိုင်၊ ကြယ်စင်သစ်မြန်မာစားသောက်ဆိုင်၊ စင်ထရယ်စားသောက်ဆိုင်၊ ရွှေပိတောက်စားသောက်ဆိုင် တို့ရှိပါတယ်။

ဒီတော့ကာ မရောက်ဖူးသေးတဲ့ မြန်မာပြည်တွင်းကနေရာဒေသတွေကိုသွားရင်း စာတွေထပ်ရေးပါဦးမယ်လို့။

#travel #magway