Learning to write in English (12)- Myo Kyaw Myint

kaiNovember 26, 20192min1670

အက်ဆေးတစ်ပုဒ်ကောင်းကောင်း ရေးတတ်ဖို့ဆိုတာ မလွယ်လှပါ။ Essay တပုဒ်ကောင်းကောင်းရေးနိုင်လျှင် အင်္ဂလိပ်စာ အတော်အသင့် တတ်ကျွမ်းသူတစ်ယောက် သတ်မှတ်လု့ိရပါတယ်။ ဒါကြောင့်လည်း US မှာ University ကောင်းကောင်းတစ်ခုကို ဝင်ရောက်လိုလျှင် essay ရေးပြခိုင်းလေ့ ရှိပါသည်။ essay ကောင်းကောင်းမရေးတတ်လျှင် နံမည်ရှိတဲ့ University တခုကို တက်ရောက်ခွင့်ရဖို့ မလွယ်ပါ။ ဒါကြောင့် အရင်လတွေက ပြောခဲ့တဲ့အတိုင်း ပဲ US မှာ ပညာသင်ကြားလိုသူ မြန်မာလူမျိုးများအတွက် Essay လေးမျာကို များများမြင်ဘူးထားလေ၊ များများကိုယ်တိုင်ရေးထားလျှင် အကောင်းဆုံး ဖြစ် ပါသည်။
ယခုလမှာ လေ့လာသူများအတွက် အကျိုးရှိမဲ့ အင်္ဂလိပ် စာအုပ်လေးတွေအကြောင်း ၊အထူးသဖြင့် essay ရေးသားလိုသူများလက်ဝယ် ရှိကိုရှိထား သင့်တဲ့ စာအုပ်လေးများကို ဖော်ပြပေးပါမယ်။ အခွင့်ကြုံရင်ကြုံသလို စာရေးသူဟာ နမူနာ essay လေးတွေ paragraph လေးတွေ ဖော်ပြပေးခဲ့တာ အားလုံး အသိပါ။ နောင်လည်းဆက်လက် ဖော်ပြပေးဦးမှာပါ။ ဒါပေမဲ့ စာအုပ်ဝယ်ဖတ်နိုင်ရင်တော့ essay တပုဒ်နှစ်ပုဒ်မဟုတ်ဘူး ။ အနည်းဆုံး နမူနာ essay ၁ဝပုဒ် ၁၂ပုဒ်လောက် လေ့လာလို့ရမှာပါ။ လေ့လာလိုသူ မြန်မာများကို အထူးအားပေးတဲ့ အနေနဲ့ စာရေးသူရဲ့ ဖော်ပြပါ e-mail address Myo.myint@missioncollege.edu ကို အရင်ဆုံးရေးသားလာသူ ၃ဦးကို စာရေးသူမှာရှိတဲ့ စာအုပ်တစ်အုပ်ကို အခမဲ့ ပို့ပေးပါ့မယ်။ အမည် နဲ့ နေရပ်လိပ်စာ ဖော်ပြထားဖို့ဘဲ လိုပါတယ်။ စာအုပ်ရဲ့ တန်ဖိုးရော ပို့ခကိုပါ စာရေးသူက ခံမှာပါ။ စာဖတ်သူများက ကြိုးစားဖို့သာလိုပါတယ်။
Essay ရေးနည်းအကြောင်း ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကိုဝယ်ယူဖတ် ရှုဖို့လိုသော်လည်း ဦးစွာပထမ grammar စာအုပ်တစ်အုပ်လောက်တော့ လက်ပိုင်ရှိသင့်ပါတယ်။ မည်သူမဆို စားရေးတော့မယ်ဆိုရင် paragraph ဘဲရေးရေး essay ဘဲရေးရေး reference အနေနဲ့ grammar စာအုပ်တစ်အုပ်တော့ ဆောင်ထားသင့်ပါတယ်။ ဒါကြောင့် ဆောင်ထားသင့်တဲ့ grammar စာအုပ်လေးနှစ် အုပ်ကို ဖော်ပြလိုပါတယ်။
စာရေးသူ အနှစ်သက်ဆုံးကတော့ Focus on Grammar 5 ပါဘဲ။ ဒီစာအုပ်က Grammar structure တွေ တော်တော်လေး ပြည့် ပြည့်စုံစုံပါတဲ့အပြင် explanations တွေက တော်တော့ကို ရှင်းလင်းပြတ်သားတဲ့အတွက် စာရေးသူအတော်နှစ်သက်ပါတယ်။ Grammar ကို မကျွမ်းကျင်လှ သူတွေ structures နဲ့ ပတ်သတ်လို့ practice လုပ်လိုသူများနဲ့ အထူးအဆင်ပြေတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ကို e-bay မှာဘဲဖြစ်ဖြစ် Amazon မှာဘဲဖြစ်ဖြစ် အလွယ်တကူမှာယူလို့ ရပါတယ်။ မှာယူလိုသူများ မှာယူနိုင်စေရန် information တိတိကျကျ ဖော်ပြပေးထားပါတယ်။
– Focus on Grammar 5 by Jay Maurer
– Pearson Publishing ISBN-13:978-0134583310
နောက် grammar စာအုပ်တစ်အုပ်ကတော့ Grammar Express ပါ။ ဒီစာအုပ်လည်း ရှိသင့်ပါတယ်။ စာရေးတော့မယ်ဆိုရင် ဒီလို FOG 5 စာအုပ်ကို စားပွဲပေါ် မှာအဆင်သင့်ထားဖို့လိုပါတယ်။ ဒါမှ လိုအပ်ရင်အလွယ်တကူပဲ refer လုပ်လို့ရမှာပါ။ ဒီ FOG 5 ရော Grammar Express exercises တို့ပါ Structure များအ ပြင် answer key ပါ ဖော်ပြထားတဲ့ အတွက် ဆရာတောင်မလိုတော့ပါ။
ကဲ reference အနေနဲ့ grammar စာအုပ်ကောင်းကောင်းရှိနေပြီဆိုရင် Essay ရေးနည်း ကို စနစ်တကျဖော်ပြပေးထားတဲ့ စာအုပ်မျိုး လိုလာပြီနော်။ ဒီလို Essay ရေးနည်းကို စနစ်တကျ သင်ကြားပေးတဲ့ စာအုပ်မျိုး နှစ်မျိုး ရှိနေပါတယ်။ ပထမတစ်မျိုး ကတော့ ယခုမြန်မာလူငယ်လေးများလို non-native speakers များအတွက် ရည်ရွယ်ထားတဲ့ စာအုပ်မျိုးပါ။ ဒီစာအုပ်မျိုးများစွာရှိတဲ့အနက် National Geographic ကထုတ်ဝေတဲ့ Great Writing 4 ကို အတော်လေး နှစ်သက်ပါတယ်။ စာရေးသူတစ်ယောက်ဖြစ်တဲ့ Keith Folse ဆိုသူဟာ ESL/EFL လောကမှာတော့ နာမည် ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အောက်ပါ essay ငါးမျိုးကို နမူနာနှင့် တကွ လှလှပပလေး ဖော်ပြထားပါတယ်။
Cause-Effect Essay, Comparison Essay, Argument Essay, Problem-Solution Essay, Reaction Essay
ဒီစာအုပ်လေးကို မှာယူလိုပါက ဖော်ပြပါ ISBN နံပါတ်လေးများကို သုံးပြီးမှာ ယူနိုင်ပါတယ်။
– Great Writing 4 by Keith Folse, April Muchmore-Vokoun, Elena Vestri
– National Geographic_ISBN-978-0-357-02085-2
ဒီ Great Writing 4 ကိုနှစ်သက်ရင် သူ့လိုဘဲ အသုံးတည့်တဲ့ Great Writing 3 ကိုပါ မှာယူသင့်ပါတယ်။ ဒီစာအုပ်ကတော့ စာရေးသူအရင်လဖော်ပြခဲ့သလို paragraph မှ essay သို့ပြောင်းရွှေ့ပြီး ရေးတတ်အောင် နမူနာလေးတွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ ဒီစာအုပ်မှာဆိုရင် paragraph အမျိုးမျိုးအပြင် essay လေးမျိုးကို ရေးတတ်လာအောင် လှလှပပလေး ဖော်ပြထားပါတယ်။ အဓိက clarification essay,cause-effect essay,comparison essay,problem solution essay တို့ကို သပ်သပ်ရပ်ရပ်လေး ဖော်ပြ ပေးထားပါတယ်။ မိမိနှင့် သင့်တော်မယ်ထင်ရင် အောက်ပါ Information ကို အသုံးဲပြုပြီး မှာယူဖတ်ရှုသင့် ပါတယ်။
– Great Writing 3 by Keith Folse, Elena Vestri, David Clabeaux
– National Geographic ISBN-978-0-357-02084-5
စာရေးသူအနှစ်သက်ဆုံး Essay ရေးနည်းစာအုပ်ကတော့ Longman Academic Writing 4 စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ထူးခြားချက်ကတော့ Paragraph ကနေ essay အဖြစ်ကူးပြောင်းရေးသားနိုင်ရန် သင်ပေးရုံမကဘဲ Essay ရေးသူများ မှားလေ့မှားထရှိတဲ့ Structure လေးတွေကိုပါ အသင့်ဖော်ပြပေးပြီး ရှင်းလင်း တင်ပြထားပါတယ်။ essay ရေးခါစ လူငယ်များအတွက် အထူးအသုံးဝင်ပါတယ်။ စာရေးသူနှစ်သက်တဲ့ structure လေးတွေကတော့ types of sentence, parallelism, Noun clauses, adverb clauses, adjective clauses, participles စသည်တို့ဖြစ်ပါတယ်။ ဒီ Structure လေးတွေကို ဖော်ပြထားတဲ့နရာမှာ grammarစာအုပ်တွေကို grammar ကို အသားပေးပြီးဖော်ပြတာ မဟုတ်ဘဲ လက်တွေ့ essay မှာ paragraph မှာ သုံးတတ်လာအောင် ဖော်ပြထားတာ ဖြစ်သည့် အတွက် အထူးကို အသုံးတည့်ပါတယ်။ ဒီစာအုပ်လေးတို့မှာယူ ဝယ်ထားလိုပါက ဖော်ပြအပါ Information လေးကို သုံပြီး ဝယ်ယူနိုင်ပါတယ်။
– Longman Academic Writing Series 4 -by Oshima and Hogue
– Pearson-ISBN-978-0-13-466331-9
အရှေ့ဘက်မှာလောပြီး Grammar Express စာအုပ်လေးရဲ့ information တွေကို မဖေါ်ပြမိပါ။ ဒီတော့ အောက်မှာ ဖော်ပြလိုက်ပါရစေ။
– Grammar Express -by Marjorie Fuchs and Margaret Bonner
– Pearson_ISBN 978013327437
စာရေးသူချစ်ခင်လေးစားတဲ့ မုဒိတာ ရွှေကျောင်းဆရာတော်လေး တချိန်က ပြောဘူးသလိုပါဘဲ-စာအုပ်တွေဘယ်လောက်ပြည့်စုံပါစေ၊ဘယ်လောက်များနေပါ စေ၊မဖတ်ရင် ၊မရေးရင် အလကားပါပဲတဲ့။ ဒီတော့ စာရေးသူရဲ့ စကားကို မနာခံလိုတောင် ဆရာတော်ရဲ့ စကားကို နာခံတဲ့အနေနဲ့ ရေးဖို့ဖတ်ဖို့တိုက်တွန်းရင်း နိဂုံး ချုပ်ပါတယ်။