ဗီယက်နမ်ကချစ်စဖွယ် ပွဲတော်များအကြောင်း

Mon LayDecember 17, 20192min3850

Hue ပွဲတော်

Hue မြို့မှာကျင်းပတာဖြစ်လို့ Hue ပွဲတော်လို့ခေါ်တွင်ပြီး သူ့ကို နှစ်နှစ်တစ်ခါကျင်းပလေ့ရှိပါတယ်။ ကျင်းပတဲ့အချိန်ကျတော့လည်း တစ်ပတ်ထပ်မကကျင်းပပြီး ရိုးရာယဉ်ကျေးမှုနဲ့သက်ဆုင်တဲ့ပွဲတွေ၊ အားကစားနည်းတွေနဲ့ အကအခုန်တွေပါပါတဲ့ ပွဲတွေပါ တင်ဆက်လေ့ရှိပါတယ်။ ဒီပွဲတော်ကို (၂၀၀၀)ပြည့်နှစ်လောက်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Nguyen Dynasty ထဲကကျင့်သုံးလာခဲ့တဲ့ရိုးရာယဉ်ကျေးမှုတွေမပျောက်ပျက်အောင် ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။

Mid-Autumn ပွဲတော်

Mid-Autumn ပွဲတော်ကို ကောက်ရိတ်သိမ်းပွဲတော်လို့လည်းခေါ်ကြပြီး ဟွေ့အမ်းမြို့မှာကျင်းပတာပဲဖြစ်ပါတယ်။ ထိုပွဲတော်နေ့မှာ အိမ်တိုင်းနီးပါး ညဘက်ဆို သစ်သီးဝလံများနဲ့ လပြည့်ညကိုပူဇော်ရင်း၊ လမ်းမပေါ်မှာလည်း ကလေးတွေဟာ စက္ကူနဲ့လုပ်ထားတဲ့ မီးပုံးလေးများကိုလမ်းတစ်လျှောက် ဆွွဲသွားရင်း၊ ဈေးရောင်းတဲ့သူကလည်း ရောင်းရင်း၊ ခြင်္သေအကများဖြင့်လည်းဖျော်ဖြေရင်း ပွဲတော်ကို ဆင်နွှဲကြပါတယ်။ မြို့တစ်မြို့လုံးကလည်းမီးပုံးလေးတွေနဲ့လှလို့နေတာပေါ့။

Hoi An Hoi An Lantern ပွဲတော်

Hoi An Lantern ပွဲတော်ဟာ တစ်လတစ်ကြိမ်ကျင်းပတဲ့ တစ်မူထူးခြားတဲ့ပွဲတော်တစ်ခုပါ။ လတစ်လရဲ့ (၁၄)ရက်မြောက်နေ့မှာ ထိုပွဲတော်ကိုကျင်းပပြီး ဆိုင်တို်င်းလိုလို လျှပ်စစ်မီးမထွန်းဘဲ ဖယောင်းတိုင်နဲ့ မီးပုံးလေးများကိုသာ ချိတ်ဆွဲပြီး မီးအဖြစ်အသုံးပြုကြပါတယ်။ Thu Bon မြစ်ထဲသို့လည်း မီးပုံးလေးများကိုမျှောပြီး ပွဲတော်ကို ဆင်နွှဲကြသည်။

Wandering Souls Day

ဒီနေ့ဟာ ဗီယက်နမ်လူမျိုးများအတွက် အရေးပါသောနေ့တစ်နေ့ဖြစ်ပြီး Hungry Ghost Festival အဖြစ်ကျင်းပကြပါတယ်။ ထိုနေ့တွင် သေဆုံးပြီးသော ဘိုးဘွားများက ကျန်ရစ်ခဲ့သော မျိုးဆက်များသို့ ကောင်းချီးပေးရန်လာသည့်သဘောရှိသောကြောင့် ကျန်ရစ်သူများက ပန်းများ၊ မုန့်များဆက်ကပ်ပြီး စက္ကူပိုက်ဆံများ နှင့် အင်္ကျီများကိုလောင်ကျွမ်းစေခြင်းဖြင့်ရိုးရာမပျက်ပွဲတော်ကိုကျင်းပကြပါတယ်။

Hung King Temple Festival

Hung King Temple ပွဲတော်ဟာ ဗီယက်နမ်အခါကြီးရက်ကြီးပိတ်ရက်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီး BC2879 ခေတ်တုန်းကနန်းတက်ခဲ့သော ဗီယက်နမ်နိုင်ငံရဲ ့ပထမဆုံးသော ဘုရင် Kinh Duong Vuong ကိုဂုဏ်ပြုတဲ့ပွဲဖြစ်ပါတယ်။ ထိုပွဲကို Nghia Linh တောင်ခြေမှစလုပ်တာဖြစ်ပြီး ဗီယက်နမ်စစ်သားများက အလံနှင့် လွမ်းသူ့ပန်းခွေကို်င်ကာ စီတန်းပြီးတောင်ပေါ်သို့တက်ခြင်းဖြင့်ပွဲတော်ကိုကျင်းပကြပါတယ်။

Da Lat Flower Festival 

Da Lat ပန်းပွဲတော်ဟာဆိုရင် ရိုမန်တစ်ဆန်တဲ့ Da Lat တောင်ပေါ်မှာနှစ်နှစ်တစ်ခါဒီဇင်ဘာလမှ၅ရက်ကြာကျင်းပတာပဲဖြစ်ပါတယ်။ ပွဲတော်နေ့တွင် ပန်းများ၊ ဟင်းသီးဟင်းရွက်များ နှင့် အလှဆင်ထားတဲ့ပန်းများက ပွဲလာသူဧည့်ပရိသတ်အပေါင်းကိုဆွဲဆောင်လို့နေပါတယ်။ အက်မင်တို့နိုင်ငံကပြင်ဦးလွင်ပန်းပွဲတော်လို ပန်းတွေကို အိမ်ပုံစံတွေ၊ ကားပုံစံတွေနဲ့ချစ်စရာကောင်းအောင်ဖန်တီးထားတာဖြစ်ပါတယ်။