(10) most instagrammable places in Bali

Mon LayDecember 18, 20194min2020

Handara Golf Course Gate

ထူးခြားပြောင်မြောက်တဲ့လက်ရာရှိတဲ့ ဒီ Handara Golf Course Gate ဟာဆိုရင် Instagram မှာ photo spot အနေနဲ့ ယခုအခါနာမည်ကြီးလို့နေပါတယ်။ အမှန်က ဒီဂိတ်ဟာ Golf resort ကိုဝင်တဲ့ဂိတ်ပါ။ သူ့ရဲ ့အစိမ်းရောင်နောက်ခံ တောင်တန်းတွေရယ်၊ ဝင်ပေါက်နားက မြက်ခင်းစိမ်းစိမ်းတွေရဲ့ ငြိမ်းချမ်းရေးသွင်ပြင်က ခရီးသွားဖော်တွေကို မသွားမဖြစ်တစ်နေရာအဖြစ် ဆွဲဆောင်လို့နေတာပေါ့။ ဝင်ကြေးရှိပြီး ဓါတ်ပုံကိုုလုရိုက်ရတာဖြစ်လို့ အမြန်ကလေး အိုက်တင်ကောင်းကောင်းတော့ထုတ်တတ်ဖို့တော့လိုမယ်နော်။

Kelingking Beach Nusa Penida

Nusa Lambogan, Nusa Ceningan, Nusa Penida ဆိုပြီး ကျွန်း ၃ခုရှိတဲ့အထဲကမှ Nusa Penida ကတော့ အကြီးဆုံးပဲ။ ဒီကျွန်းလည်း Instagram ကနေစပြီးနာမည်ကြီးလာတာ ၄နှစ်လောက်ပဲရှိသေးတယ်။ ချောက်ကမ်းပါးအောက်မှာ မြစိမ်းရောင်ပင်လယ်လှိုင်းတွေက တဝုန်းဝုန်းလာတိုက်ချိန် အပေါ်ကနေ ထိုင်ပြီး view ကြည့်ရတဲ့ဖီလင်က နှိုင်းယှဉ်ဖို့စကားလုံးတောင်မရှိလောက်အောင်လှလွန်းနေတာပေါ့။ အဲ့ကျွန်းကိုသွားမယ်ဆို ၁ ရက်တော့ အချိန်ကုန်နိုင်ပါတယ်။

Ulun Danu Temple

ဘာလီရဲ ့အလှဆုံး Temple တွေထဲကတစ်ခုဖြစ်ပြီး floating temple အဖြစ်လည်းနာမည်ကြီးပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၂၀၀)အထက်မှာ ရှိတဲ့ ဒီTemple ဟာ Lake Bratan နဲ့ ရေကန်တွင်ဘာလီရိုးရာယဉ်ကျေးမှုအရ ရေစောင့်နတ်သမီးကို ပူဇော်ပသ တဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့ထဲမှာ ရွှေငါးလေးတွေနဲ့ ကြာပန်းတွေလည်းအများကြီးရှိပြီး ဘာလီရဲ့ Landmark လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။

Tanah Lot temple

ပင်လယ်ကမ်းစပ်နားမှာ တည်ဆောက်ထားတဲ့ ငှက်သိုက်ပုံစံရှိတဲ့ကျောက်ဆောင်ပေါ်မှာတည်ထားတဲ့ temple ပါ။ ညနေဆည်းဆာလာကြည့်ကြတဲ့ Tourist attraction တစ်ခုအဖြစ် နာမည်ကြီးပါတယ်။ ဘာလီလူမျိုးတွေရဲ ့အငွေ့အသက်ကိုရှုမြင်ခံစားချင်ရင်တော့ ဒီ Temple ကိုသွားပါလို့အကြံပေးချင်ပါတယ်။

The Bali Swing

ဘာလီ Swing ဆိုတာ ဘာလီရောက်ရင် မလုပ်မဖြစ် စီးသင့်တဲ့ Activity တစ်ခုပါ။ အရှေ့မှာ ရှိတဲ့ အုန်းတောတွေနဲ့ အောက်မှာတသွင်သွင်စီးနေတဲ့ချောင်းတို့က ပနံသင့်တာမို့ စီးတဲ့ခရီးသွားတွေနဲ့ စည်ကားလို့နေတာပေ့ါ။ ကြောက်စရာမရှိဘဲ အနှေးလိုရင်အနှေးလွှဲပေးသလို အမြန်လိုရင်အမြန်လွှဲပေးတာမို့ အသဲတအေးအေးနဲ့ စီးခဲ့ပါလို့တိုက်တွန်းလိုက်ပါတယ်။

Holy Spring Water Temple

ဘာလီရဲ ့ Cultural Heart နေရာတစ်ခုဖြစ်တဲ့ Holy Spring Water Temple ဟာ အင်ဒိုနီးရှားရဲ ့ပထမဆုံးသမ္မတဖြစ်ခဲ့သူ Soekarno က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ထဲကို ဝင်ဖို့ဆိုရင် အပြင်မှာ သူတို့ပေးတဲ့အဝတ် ပတ်ရ တယ်။ စိတ်အညစ်အကြေးကိုကင်းစင်စေတဲ့ ရေကန်ရှိပြီး အဲမှာရေချုိုးရင်ဆုတောင်းပြည့်တယ်လို့ အယုံအကြည်ရှိကြပါတယ်။

Uluwatu Temple

ပင်လယ်ရေမျက်နှာပြင် အမြင့်မီတာ(၇၀)အမြင့်မှာတည်ရှိတဲ့ Uluwatu temple ဟာ ညနေဆည်းဆာကြည့်

စရာနေရာအဖြစ် tourist တွေကြားမှာထင်ရှားပါတယ်။ ပြီးတော့ ဘာလီလူမျိုး တွေရဲ့ နာမည်ကြီးရိုးရာအက Kecak Fire အကကိုလည်း နေဝင်ဆည်းဆာအလှနဲ့ကြည့်လို့ရပါသေးတယ်။ ဘာလီရိုးရာယဉ်ကျေးမှု၊ ဗိသုကာ

လက်ရာများနဲ့ ရှေးဟောင်း ပန်းပုလက်ရာအများဆုံးတွေ့ရှိနိုင်တဲ့ Temple လည်းဖြစ်ပါတယ်။ အဲ့လိုအလှအပ များနဲ့ ရင်သပ်ရှုမောစရာကောင်းတဲ့ နေဝင်ဆည်းဆာအလှကိုသွားကြည့်မယ်ဆိုရင်တော့ ကင်မရာတစ်လုံးတော့ဆောင်သွားကြပါနော်။

Tegalalang Rice Terraces

ဘာလီရဲ့ နောက်ထပ် Instagrammable ဖြစ်တဲ့နေရာလို့ပြောပါရင် ဒီလှေကားထစ်စိုက်ခင်းရှိတဲ့ Unesco စာရင်းဝင် Tegalalang Rice Terraces ကိုလည်းမေ့ထားလို့မရပါဘူး။ မြင်မြင်သမျှ လှေကားထစ် စိုက်ခင်းတွေက ရင်သပ် ရှုမောစရာ၊ ဓါတ်ဖမ်းချင်စရာအတိ။ ဘာလီလယ်သမားတွေရဲ့ဘဝကို လည်း ကံကောင်းရင် မြင်တွေ့နိုင်ပါသေးတယ်။

GWK Cultural Park

ခမ်းနားတဲ့ ဗိသုကာ အနုပညာလက်ရာတွေနဲ့ ဘာလီရဲ့ ထည်ဝါမှု ကို ရည်ညွှန်းဖော်ဆောင်နေတဲ့ နေရာကိုသွားချင်ရင်တော့ GWK cultural Parkကိုသွားပါလို့ညွှန်းချင်ပါတယ်။ ကြီးးမားတဲ့ရုပ်ထုကြီးများရှိပြီး သမိုင်းဝင်နေရာတစ်ခုဖြစ်လို့ပါ။ ဘာလီလူမျိုး တွေရဲ့ နာမည်ကြီးရိုးရာအက Kecak Fire အကကိုလည်း ဒီမှာကြည့်လို့ရပါသေးတယ်။

Bali Twin Lakes View Point

Bali Twin Lakes View Point ဟာဆိုရင်ဖြင့် ဘာလီရဲ ့မြောက်ပိုင်းအလှများကို တစ်ဝကြီးကြည့်လို့ရတဲ့နေရာ ပါ။ အမြွှာရေကန်ဖြစ်တဲ့ Tamblingan Lake နဲ့ Buyan Lake ရှိပြီး တစ်ခါလောက်ရောက်ဖူးလိုက်တယ်ဆိုရင်ဖြင့် ဘဝအမောတွေကိုပြေပျောက်စေနိုင်မှာပါ။

ref: google.com