ဗီယက်နမ်နိုင်ငံက ဆွဲဆောင်မှုရှိသော Mall များ

Mon LayDecember 27, 20192min1340

Ben Thanh Market

Ben Thanh Market ဟာ ဟိုချီမင်းမြို့ရဲ ့အဓိကအချက်အချာကျတဲ့ မြို့လည်ခေါင်မှာတည်ရှိပြီး လူသုံးကုန်ပစ္စည်းများနဲ့အစားအသောက်တွေပါ ရလု့ိ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာပါ။ အက်မင်တို့နိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းဈေးလိုုပေါ့။ ညဘက်ဆိုရင်လည်း အဲ့ဈေးနားမှာ night market ကရှိနေလို့ နေ့ရောညပါအရမ်းကိုစည်ကားတာပေါ့။

Vincom Center

Vincom Center ဟာ ဟိုချီမင်းမြိုဲ့ရဲ ့luxury ဆန်သော ရှော့ပင်းမော်လ်တွေထဲကတစ်ခုဖြစ်ပြီး ဆိုင်ပေါင်း (၂၅၀) ကျော်ရှိတဲ့ မော်လ်တစ်ခုပါ။ Vincom Center A နဲ့ Bဆိုပြီး ၂ခုရှိပြီး Brand များစွာရှိတာမို့ ငွေကြေး အလုံအလောက်တော့ ထည့်သွား စေချင် ပါတယ်။   

Saigon Square

ဈေးပေါပေါနဲ့ outlet factory ကောင်းကောင်းတွေဝယ်ချင်ရင်တော Saigon Square ကိုသွားပါလို့ ပြော ချင်ပါတယ်။ မြို့လည်ခေါင်မှာလည်းတည်ရှိုတော့ သွားရလာရလွယ်ပြီး ခေါင်းအစခြေအဆုံး ပစ္စည်းအကုန်လုံးကိုစုံပလုံစိနေအောင်ဝယ်လို့ရလိုု့ သွားဖြစ်အောင်သွားပါလို့ပြောချင်ပါတယ်။

Hanoi Weekend Night Market

Weekend night market ဆိုတဲ့အတိုင်း သောကြာ၊ စနေ၊ တနင်္ဂနွေဆို Old Quarter မှာ အရမ်း ကို စည် ကား နေတတ်တဲ့ ညဈေးတစ်ခုပဲပေါ့။ ပေါပေါနဲ့များများဝယ်လို့တဲ့အပြင် Quality ကောင်းကောင်းတွေလည်းရတော့ ရှော့ပင်ထွက်တာကြိုက်တဲ့သူတွေအတွက် တကယ့်ကိုနိဗာန်ဘုံပါပဲ။ အစားအသောက်ကို ခုံမင်တဲ့သူတွေအတွက်လည်းသုခဘုံရောက်သလိုခံစားရမယ့်ညဈေးပါ။

Trang Tien Plaza

ဒီ Trang Tien Plaza ဟာလည်း မြို့လည်ခေါင်မှာတည်ရှိပြီး branded ပစ္စည်းတွေလည်း အစုံအလင်ရှိပါတယ်။ အထပ် (၅) ထပ်ရှိပြီး Brand ပစ္စည်းတွေရော၊ စားသောက်ဆို်င်တွေရော၊ လျှပ်စစ်ပစ္စည်းတွေရော အတွင်း ဒီဇို်င်းအလှဖန်တီးတာတွေရောက ဈေးဝယ်သူအပေါင်းကိုလှည့်စားနေမှာဖြစ်ပါတယ်။

 
Savico Megamall

ဒီ mall ဟာ ဗီယက်နမ်မှာ အကြီးဆုံး mall တွေထဲက တစ်ခုဖြစ်ပြီး ဈေးဝယ်သက်သက် mall မဟုတ်ဘဲ ဖျော်ဖြေရေးပွဲတွေပါ လုပ်လေ့ရှိတဲ့ mall ပါ။ အထပ်က (၃)ထပ်ပဲရှိပေမဲ့ နာမည်ကြီး brand တွေ၊ စားသောက် ဆိုင်တွေနဲ့ပြည့်နေတဲ့ ဒီ mall လေးကိုလည်း ရောက်ဖြစ်အောင်ရောက်အောင်သွားခဲ့ပါလို့။