မာစတာ Key (သော့ဝိဇ္ဖာ)

အာဂSeptember 7, 20101min732

ဘီယာ စကားဝိုင်း တစ်ခုမှာ အမျိူးသမီး တစ်ယောက်က ပြောတယ် .. .. ….ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ ပြောတတ်လိုက်ကြတာ …

***ယောက်ျားကောင်းတော့မောင်းမတစ်ထောင်****တဲ့။
မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့မကောင်းတဲ့မိန်းမ။ ကြေးစားမတဲ့။ ပက်ပက်စက်စက်ပြောလိုက်ကြတာ။ အတော်လည်းမတရားတဲ့ယောကျာ်းတွေ။ မိန်းမတွေဆိုရင် နှိမ်ချင်ကြတယ်။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ခဲ့ရင် .. … …**“*မာစတာကီး*”*
”သော့ဝိဇ္ဖာ” လို့ ခေါ်ကြပါတယ်။
အဲ ဒါပေမဲ့ သော့ခလောက်တစ်ခုကို ဘယ်သော့တံနဲ့မဆို ဖွင့်နိုင်ပြီ/ဖွင့်လို့ရပြီဆိုရင်တော့ .. .. အဲဒီသော့ခလောက်ကသုံးစားလို့မရတဲ့သော့ခလောက် ဖြစ်သွားမှာပေါ့….အစ်မရဲ.—
ကျွန်တော်တို့က အစ်မတို့မိန်းခလေးတွေရဲ့ သော့ခလောက်ကို တန်ဖိုးထားလို့ပါ .. .. အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ မာစတာကီးလေးကိုလည်းတန်ဖိုးထားသင့်တာပေါ့နော် ..
ဟဲဟဲဟဲ—

(တကယ်တော့အပြစ်တင်ချင်ရင် ဘုရားသခင်ကိုတင်ပေါ့ …. ဘာလို့ကျွန်မတို့ကို သော့ခလောက်ပေးပြီး သူတို့ကို သော့ဝိဇ္ဖာပေးလိုက်လဲလို့လေနော .. ဟဟဟ)

2 comments

  • chitsayar

    September 8, 2010 at 2:36 am

    ဟေ့ဟေ့
    ဘာသာရေးကို ထိပြီးမပြောနဲ ့
    ကိုယ်ဖြစ်ကိုယ်ခံ
    ဘုရားသခင်က ငချဉ်မဟုတ်ဘူးကွ

  • angwei

    September 9, 2010 at 11:14 am

    ဟာသကို ဟာသလို့ပဲ မြင်စေချင်ပါတယ်။ ဘုရားသခင်ဆိုတာ..ဘယ်ဘာသာရဲ့ ဘုရားသခင်လို့ မသုံးနှုန်းထားပါဘူး..။ ခင်ဗျား မြင်တဲ့ အတိုင်း ဘယ် ဘုရားသခင်ကိုမှ ငချဉ်လို့ မမြင်မိပါကြောင်း

Leave a Reply