မင်္ဂလာပါ….မွန်လေး ခရီးကပြန်ရောက်ပါပြီ။ ဒါပေမဲ့ မနားတော့ဘဲ BIG BAD WOLF ရဲ့ စာအုပ်စေ◌ျးပွဲတော် လေးရှိတယ်ပြောလို့.. ချစ်တို့အတွက် သတင်းထူးလေးပေးချင်လို့ ဒီနေ့အပြေးကလေး Fortune Plaza ကို သွားလိုက်ပါတယ်။

သူကတခြားစာအုပ်စေ◌ျးရောင်းပွဲတော်တွေလိုမဟုတ်ဘဲ UK နဲ့ US ရဲ့စာအုပ်တိုက်တွေက ပိုနေတဲ့စာအုပ်တွေကို ဈေးပေါပေါနဲ့ ပြန်ဝယ်ပြီး လူတိုင်း အဆင်ပြေစေမယ့်ဈေးနှုန်းနဲ့ original စာအုပ်အသစ်တွေ ပုံမှန် ၆၀၀၀၀ ကျော် ၇၀၀၀၀ ရှိတဲ့စာအုပ်တွေကို (၁၀၀၀၀) ဝန်းကျင်နဲ့ ရတာမို့ စာအုပ်ဖတ်ရတာ စာအုပ်စု ရတာဝါသနာပါတဲ့ မွန်လေးလို လူတွေအတွက် မဖြစ်မနေ သွားသင့်တဲ့ ပွဲပဲဖြစ်ပါတယ်။

ဘယ်လိုစာအုပ်တွေရှိလဲ

တကယ့်နိုင်ငံတကာက နာမည်ကျော်ကြားတဲ့စာအုပ်တွေ၊ celebrity တွေအကြောင်းတွေ၊ ဟင်းချက်စားမလား၊မုန့်ဖုတ်မလား၊ အလှအပရေးရာကို ဘယ်လိုအခြေခံက အစလေ့လာလို့ရမှာတွေ၊ သမိုင်းကြောင်းပဲဖတ်မလား၊ ၀တ္တုတို၊ ၀◌တ္ထုရှည် အများကြီးမှ အများကြီးရယ်။ လူကြီးတွေအတွက်သာမက ကလေးတွေအတွက်လည်းရှိတယ်။ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော စာအုပ်တွေရှိပေမဲ့..အင်္ဂလိပ်စာအုပ်တွေတော့ပိုများတယ်။

တခြားနိုင်ငံ (၁၀)နိုင်ငံမှာ အောင်မြင်မှုအသီးသီး ရရှိခဲ့သလို အခုလည်း မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလို့လာတာပါတဲ့။

စာအုပ်တွေ ရွေးပြီး ဗိုက်ဆာလာရင်လည်း  hall အနောက်ဖက်မှာ မုန့်တန်းလေးလဲရှိသေးတော့ အိုကေမှာစိုပြေပေါ့။

စေ◌ျးတွေကလည်းရှယ်တန်ဆိုတာမှ 50% – 90% DISCOUNTတောင်

ရက်ကလည်း 10 – 20 JANUARY 2020 အထိ

အချိန်ကလည်း 9AM – 12 MIDNIGHT ဆိုတော့

wow အရမ်းမိုက်တယ်။ ရက်အကြာကြီးနဲ့အချိန်အကြာကြီးပေးထားတာဆိုတော့ ဂွတ်ရှယ်နေပြီ။

အလှအတွက်မှန်ကြည့်သလို..ဘ၀အတွက်လည်း စာကြည့်ကြဖို့ တစ်ရက်လောက် Fortune Plaza မှာလုပ်တဲ့ BIG BAD WOLF စာအုပ်စေ◌ျးပွဲတော်ကို သွားကြပါစို့၊

Shar Thet Man

About Shar Thet Man

Shar Thet Man has written 360 post in this Website..

   Send article as PDF